အမြန်လမ်းတွင် ဟိုက်ဂျက်ယာဉ်တစ်စီး ဘီးပေါက် တိမ်းမှောက်မှု ဖြစ်ပွားပြီး ကိုးဦး ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်က ခရီးသည် ၁၀ ဦး လိုက်ပါလာပြီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီး ရှေ့ဘီးပေါက် တိမ်းမှောက်ရာမှ ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။
“အကုန်လုံးဆိုရင် ဟိုက်ဂျက်ပေါ်မှာ ပါလာတာ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၅ ဦးဆိုတော့ ၁၀ ယောက်ပေါ့။ ၁၀ ယောက်ကို အမျိုးသမီးက ၅ ဦးလုံး ဒဏ်ရာရတယ်။ အမျိုးသားက ၄ ဦး ဒဏ်ရာရတယ်၊ အကုန်လုံး ၉ ယောက် ဒဏ်ရာရတာပေါ့။ ဒါပေမယ့် သာမာန်ဒဏ်ရာတွေ ချည်းပါပဲ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး၊ ဒါပေမယ့် ခေါင်းတွေဘာတွေ ထိတယ်။ ကျောတွေဘာတွေ အောင့်တယ်ဆိုတော့ ဓါတ်မှန်ရိုက်တာ ဘာညာနဲ့ အတွင်းလူနာ အနေနဲ့ ဆေးရုံတော့ တင်ထားရတာပေါ့။ သူတု့ကတော့ မစိုးရိမ်ရပါဘူး။ သူတို့ကိုတော့ ဖြူးဆေးရုံကို တပ်ဖွဲ့ပိုင်ယာဉ်ရယ် ကြက်ခြေနီကယာဉ်နဲ့ ပို့လိုက်ပါတယ်ခင်ဗျ” ဟု ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ဝင်းနိုင်က ပြောကြားသည်။
#Credit News Eleven