မထသ ဖျက်သိမ်းတော့မည်ဟုဆို
#Zawgyi
__________________________________________________________________________
#Unicode
ယာဉ်လိုင်းပေါင်း ၃၅ဝ ကျော်ကို စီမံ ကွပ်ကဲနေသည့် ရန်ကုန်မြို့ပတ်ဝန်းကျင် အ များပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ် မှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရန်ကုန်မြို့ တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော် မတီ(မထသ)ကို သုံးလအတွင်း ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၁၉ ရက် တိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပခဲ့ သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မော်တော်ယာဉ်ပိုင်ရှင်များ၏ ခရီးသည်တင် ယာဉ်များဖြင့် ပိုမိုကောင်းမွန်သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ် လာရေး အလုပ်ရုံဆွေးနွေးပွဲတွင် အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
''လက်ရှိအချိန်မှာ မထသဟာ ဒီတာဝန် တွေကို ထိန်းသိမ်းခဲ့တယ်။ ဒါပေမဲ့ အာဏာ မရှိဘူး။ အစိုးရက အပ်နှင်းထားတဲ့ အာဏာ စက်ဥပဒေ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ ဒီ အခြေအနေတွေကို ပြင်မှရမယ်။ မထသအ နေနဲ့ ပြင်မယ်ဆိုရင် မထသအနေနဲ့ သွားလို့ မရပါဘူး။ ခိုင်မာတိကျတဲ့ ဗကအ့သမငအပ တစ်ခု လိုအပ်တယ်။ ဒါကြောင့် မထသ နေရာမှာ ဝင်လာမယ့် အာဏာပိုင်အဖွဲ့အစည်း ဖွဲ့စည်း မှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့၏ နေ့စဉ် ယာဉ် ကြောကျပ်တည်းမှုနှင့် ယာဉ်လိုင်းများ၏ စည်း ကမ်းမဲ့ မောင်းနှင်မှုများကြောင့် အများပြည် သူတို့၏ နေ့စဉ်ဘဝများကို များစွာ ထိခိုက် လျက်ရှိသည်။
#Credit YGN Media group