ကမ္ဘာတစ်ဝန်းမှာ ပရိသတ် သန်းပေါင်းများစွာ ရှိတဲ့ ဟောလီးဝုဒ်ဇာတ်ကားတွေထဲမှာ ချစ်ခန်းကြိုက်ခန်းတွေကို ပါဝင်အောင် ရိုက်ကူးလေ့ရှိတာ အစဉ်အလာဖြစ်ပါတယ်။ သရုပ်ဆောင်တယ် ဆိုတဲ့အတိုင်း ဘယ်ဇာတ်ဝင်ခန်းကိုပဲဖြစ်ဖြစ် ပရိသတ်ကြည့်တဲ့အခါ တကယ်ခံစားမိအောင် သရုပ်ဆောင်ကြရပါတယ်။
ခေတ်အဆက်ဆက် ရိုက်ကူးခဲ့ကြတဲ့ ဇာတ်ကားတွေထဲက ချစ်တင်းနှောခန်းကို ကင်မရာရှေ့မှာ တကယ်လုပ်ပြပြီး သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား၊ မင်းသမီးတွေရှိပါတယ်။ တကယ့်အပြင်က ချစ်တင်းနှောခန်းတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား (၈) ကားရှိပါတယ်။
၁။ Caligula
၁၉၇၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပါဝင်ခဲ့တဲ့ ချစ်ခန်းကြိုက်ခန်း အများစုဟာ ကင်မရာရှေ့မှာ တကယ်သရုပ်ဆောင်ပြခဲ့တာပါ။ ဒါပေမယ့် ပြင်းပြင်းထန်ထန် ဝေဖန်မှုခံရတာ မကြုံခဲ့ရပါဘူး။
၂။ All About Anna
လိင်အသားပေး အချစ်ဇာတ်ကားဖြစ်ပြီး အထူးသဖြင့် တစ်ကိုယ်ရေ အာသာဖြေတဲ့ ဇာတ်ဝင်ခန်းတွေက တကယ်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ ဒီအခန်းတွေသာ မပါရင် ဇာတ်လမ်းအရသာ ပျက်မှာသေချာတယ်လို့ ပြောထားပါတယ်။
၃။ The Brown Banny
မင်းသမီး ခလိုးဆဲဗင်းဂ်နီ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူမရဲ့ တွဲဖက်သရုပ်ဆောင်နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်တဲ့အခါ တကယ်ရိုက်ကူးခဲ့တာပါ။
၎။ Nymphomaniac
ဒီဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာ လာဗွန်ထရီယာက ဒါမျိုးဇာတ်လမ်းတွေရိုက်ရာမှာ နာမည်ကြီးပါတယ်။ နာမည်ကျော်မင်းသား ရှိုယာလာဘာ့ဖ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာလည်း ချစ်တင်းနှောခန်းတွေကို အမှန်အကန် ရိုက်ကူးခဲ့တာပါ။
၅။ Lie With Me
ဇာတ်လမ်းထဲက လော်ရန်လီးစမစ်သ်နဲ့ မင်းသား ဘယ်လ်ဖောတို့ ချစ်တင်းနှောခန်းဟာ အရမ်းအသက်ပါလွန်းတယ်လို့ ပရိသတ်တွေထင်ခဲ့ကြပါတယ်။ တကယ်တမ်းမှာလည်း ချစ်တင်းနှောခန်းကို တကယ်ရိုက်ကူးခဲ့တာပါ။
၆။ Baise-moi
ပြင်သစ် ရုပ်ရှင်တစ်ခုဖြစ်ပြီး ဇာတ်ကားနာမည်ကို ဘာသာပြန်ရင်တော့ f**k me လို့ အဓိပ္ပာယ်ရပါတယ်။ ဒီဇာတ်ကားက အပြာကားနဲ့တောင် တူနေတယ်လို့ ပရိသတ်တွေက ဝေဖန်ကြပါတယ်။
၇။ Little Ashes
နာမည်ကျော် မင်းသား ရောဘတ်ပတ်တင်ဆန် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရောဘတ်ပတ်တင်ဆန်ကိုယ်တိုင် တစ်ကိုယ်ရည်အာသာဖြေခန်းကို တကယ်လုပ်ပြခဲ့တာပါ။ တကယ်မလုပ်ဘဲ ဒီအခန်းကို သရုပ်ဆောင်တာက အလုပ်မဖြစ်တဲ့အတွက် တကယ်လုပ်ပြပြီး သရုပ်ဆောင်ခဲ့တာလို့ သူကိုယ်တိုင်ပြောပါတယ်။
၈။ 9 Songs
ဒီဇာတ်လမ်းရဲ့ အချိန်အတော်များများဟာ ကိုယ်လုံးတီးခန်းတွေနဲ့သာ ပြည့်နှက်နေခဲ့တာပါ။ ဒီဇာတ်လမ်းထဲက အိုဘရိုင်ယန်နဲ့ မာဂိုစတီလီတို့ ချစ်တင်းနှောခန်းကို အပြင်မှာ တကယ်စွမ်းဆောင်ခဲ့ကြတာပါ။
Duwun