Update News
recent

သန္ လ်င္ တံ တား တြင္ ယာဥ္ ေၾကာ က်ပ္ တည္း မႈ မ်ား ဆက္ လက္ ျဖစ္ ေပၚ ေန ပါ က တစ္လမ္းေမာင္း စနစ္ က်င္႕သံုးမည္


#Zawgyi
သန္လ်င္တံတားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈမ်ား ေျဖရွင္းႏိုင္ရန္ တစ္လမ္းေမာင္း စနစ္ က်င့္သံုးသြားမည္ ျဖစ္ေၾကာင္း အမွတ္(၂) ယာဥ္ထိန္းရဲတပ္ဖဲြ႕ခြဲမွဴး႐ံုးမွ သိရသည္။

သန္လ်င္တံတားေပၚသို႔ ၃၆ တန္ႏွင့္ အထက္ယာဥ္မ်ား မျဖတ္သန္းရဟု အမိန္႔ထုတ္ျပန္ ထားေသာ္ လည္း ေနာက္ထပ္ ယာဥ္ေၾကာ က်ပ္တည္းမႈမ်ား ထပ္မံျဖစ္ေပၚလာပါက နည္းလမ္း(၂)ျဖစ္သည့္ တစ္လမ္းေမာင္း စနစ္ က်င့္သံုးသြား မည္ ျဖစ္ေၾကာင္း အမွတ္(၂) ယာဥ္ထိန္းရဲ တပ္ဖဲြ႕ခြဲမွဴး႐ံုးမွ ဒုတိယရဲမွဴးႀကီး ေအာင္ကိုဦးကေျပာသည္။

''သန္လ်င္တံတားအဆင္းကေန သာေကတ အဝိုင္းဘက္သြားတဲ့ ရတနာလမ္း မီးပိြဳင့္အထိကို တစ္လမ္းေမာင္းအျဖစ္ သတ္မွတ္မယ္။ တံတားေပၚကို ျပန္တက္ခ်င္တယ္ ဆိုရင္ ရတနာလမ္းထဲကေန ႐ႈခင္းသာလမ္းကို ျပန္ဝင္ၿပီး တက္ရ မွာျဖစ္ပါတယ္'' ဟု ၎ကဆက္လက္ေျပာသည္။

ထိုသို႔ေဆာင္ရြက္ႏိုင္ရန္ ဆာေဗးျပဳလုပ္ထားၿပီး ျဖစ္ကာ သက္ဆိုင္ရာ လမ္း၊ တံတားႏွင့္ ျမန္မာ့မီးရထားတို႔ ပူးေပါင္း၍ ယာဥ္ထိန္းရဲတပ္ဖဲြ႕၏ ႀကီးၾကပ္မႈျဖင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

''မီးပိြဳင့္ေၾကာင့္ ယာဥ္ေၾကာပိတ္တယ္ ဆိုေပမယ့္ ဂိတ္ေတြေၾကာင့္ ပိတ္တာမျဖစ္ရေအာင္ လမ္းအသံုးျပဳခနဲ႔ ၿမိဳ႕ဝင္ေၾကး ေကာက္ခံေနတဲ့ ဂိတ္ေတြကို ေနရာေျပာင္းေရႊ႕ဖို႔ လုပ္ေနပါတယ္။ သူတို႔အတြက္ သင့္ေလ်ာ္တဲ့ ေနရာမ်ဳိးေတြ၊ သင့္ေလ်ာ္တဲ့ေျမေနရာေတြကို တိုင္းၿပီးေတာ့ ရန္ကုန္တိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးထံ တင္ျပရမွာျဖစ္ပါတယ္'' ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ရန္ကုန္-သန္လ်င္တံတား အဆင္းလမ္းကုိ အသံုးျပဳခ ေကာက္ခံေနသည့္ ဂိတ္ႏွင့္ တျခားအေဆာက္အအံုမ်ားကိုလည္း သင့္ေလ်ာ္သည့္ေနရာသို႔ ေျပာင္းေရႊ႕ေကာက္ခံရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
သန်လျင်တံတားတွင် ယာဉ်ကြောကျပ်တည်းမှုများ ဖြေရှင်းနိုင်ရန် တစ်လမ်းမောင်း စနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

သန်လျင်တံတားပေါ်သို့ ၃၆ တန်နှင့် အထက်ယာဉ်များ မဖြတ်သန်းရဟု အမိန့်ထုတ်ပြန် ထားသော် လည်း နောက်ထပ် ယာဉ်ကြော ကျပ်တည်းမှုများ ထပ်မံဖြစ်ပေါ်လာပါက နည်းလမ်း(၂)ဖြစ်သည့် တစ်လမ်းမောင်း စနစ် ကျင့်သုံးသွား မည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး အောင်ကိုဦးကပြောသည်။

''သန်လျင်တံတားအဆင်းကနေ သာကေတ အဝိုင်းဘက်သွားတဲ့ ရတနာလမ်း မီးပွိုင့်အထိကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်မယ်။ တံတားပေါ်ကို ပြန်တက်ချင်တယ် ဆိုရင် ရတနာလမ်းထဲကနေ ရှုခင်းသာလမ်းကို ပြန်ဝင်ပြီး တက်ရ မှာဖြစ်ပါတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် ဆာဗေးပြုလုပ်ထားပြီး ဖြစ်ကာ သက်ဆိုင်ရာ လမ်း၊ တံတားနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''မီးပွိုင့်ကြောင့် ယာဉ်ကြောပိတ်တယ် ဆိုပေမယ့် ဂိတ်တွေကြောင့် ပိတ်တာမဖြစ်ရအောင် လမ်းအသုံးပြုခနဲ့ မြို့ဝင်ကြေး ကောက်ခံနေတဲ့ ဂိတ်တွေကို နေရာပြောင်းရွှေ့ဖို့ လုပ်နေပါတယ်။ သူတို့အတွက် သင့်လျော်တဲ့ နေရာမျိုးတွေ၊ သင့်လျော်တဲ့မြေနေရာတွေကို တိုင်းပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံ တင်ပြရမှာဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရန်ကုန်-သန်လျင်တံတား အဆင်းလမ်းကို အသုံးပြုခ ကောက်ခံနေသည့် ဂိတ်နှင့် တခြားအဆောက်အအုံများကိုလည်း သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ကောက်ခံရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
#Credit YGN Media
aung  yein chan

aung yein chan

Powered by Blogger.