#Zawgyi
ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ဖားကန္႔တြင္ ေရာင္းခ်ရန္ သယ္ေဆာင္လာေသာ ကာလတန္ဖိုး က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ (၁၀၆၈၂၆၀၀၀၀) တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားအား ဖားကန္႔ၿမိဳ႕ ငွက္ေပ်ာေတာ ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ သိရသည္။
ဇူလိုင္ ၂၄ ရက္တြင္ တရားလို ဦးစီးအဖြဲ႕ႏွင့္ ရတစကခ (၇)မွ ဗက ေဇာ္ေဇာ္ေအာင္ ဦးစီး (၁) စိတ္ပူးေပါင္း အဖြဲ႕တို႔သည္ သက္ေသမ်ားႏွင့္ အတူ ဖားကန္႔ၿမိဳ႕ ငွက္ေပ်ာေတာရပ္ကြက္ စားေသာက္ဆိုင္မ်ား အနီးတြင္ မူးယစ္ေဆး၀ါး အေရာင္းအ၀ယ္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိသျဖင့္ လွ်ဳိ႕၀ွက္ေနရာယူ ေစာင့္ဆိုင္းေနစဥ္ YGN-4E/---- တိုယိုတာ ပ႐ိုေဘာက္ အမ်ဳိးအစား အျဖဴေရာင္ယာဥ္အား မသကၤာဖြယ္ ေတြ႕ရွိသျဖင့္ ေမာ္၀မ္း (မူးယစ္) ႐ံုးသို႔ ေခၚေဆာင္လာခဲ့ၿပီး ရွာေဖြစစ္ေဆးရာ ယာဥ္အေနာက္ ဘက္ခန္း ပစၥည္းတင္သည့္ ေနရာတြင္ Air Compressor အား ေတြ႕ရွိ၍ ဖြင့္ေဖာက္စစ္ေဆးရာ ၎ေလအိုးအတြင္းမွ ေရာင္စံုပလတ္စတစ္ ဆပ္ျပာခြက္မ်ားျဖင့္ ထည့္လ်က္ တစ္ခြက္လွ်င္ ဘိန္းျဖဴဟု ယူဆရေသာ အျဖဴမႈန္႔ အေလးခ်ိန္ ၁၂ ဂရမ္ခန္႔စီပါ ၂၄ ခြက္၊ ၁၁ ဂရမ္ခန္႔စီပါ ၂၀ ခြက္၊ စုစုေပါင္း ဘိန္းျဖဴ ဆပ္ျပာခြက္ ၄၄ ခြက္ ကာလတန္ဖိုးက်ပ္ ၄၈၂၆၀၀၀၀ ႏွင့္ အျပာေရာင္ ပလပ္စတစ္ အိတ္ငယ္မ်ားျဖင့္ ထည့္လ်က္ တစ္ထုပ္လွ်င္ 88/1 စာတန္းပါ ပန္းေရာင္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၀၀ ျပားစီပါ ၁၀၂၀ ထုပ္ ကာလတန္ဖိုး က်ပ္ ၁၀၂၀၀၀၀၀၀၀ တို႔အား သိမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆး၀ါးမ်ားမွာ ဇူလိုင္ ၂၂ ရက္က ရွမ္းျပည္နယ္ လား႐ႈိးၿမိဳ႕ရွိ က်န္႔ဖူရွင့္ဆိုသူက ဖားကန္႔ေဒသတြင္ ေရာင္းခ်ရန္ ဖားကန္႔ၿမိဳ႕ ကုေဋေမွာ္ ေက်းရြာေန အားယု (၂၄)ႏွစ္အား ေပးခဲ့ေသာ ပစၥည္းျဖစ္ေၾကာင္း၊ မူးယစ္ေဆး၀ါးမ်ား ပါရွိေသာ Air Compressor ေလအိုးအား အားေလႏွင့္ ေမာ္ရွီးတို႔ ႏွစ္ဦးက သယ္ေဆာင္ခ တစ္ဦးလွ်င္ က်ပ္ငါးသိန္းျဖင့္ မႏၲေလးမွ ဖားကန္႔အထိ သယ္ေဆာင္လာေၾကာင္း၊ မိုးေကာင္းၿမိဳ႕သို႔ အေရာက္တြင္ အဆိုပါ Air Compressor ေလအိုးအား သယ္ေဆာင္ရန္ ယာဥ္ေမာင္း စိုးေအာင္အား က်ပ္ ၈၅၀၀၀ ျဖင့္ ထပ္မံငွားရမ္းၿပီး ဖားကန္႔သို႔ သယ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တရားခံမ်ား ျဖစ္ၾကသည့္ အားယု၊ အားေလ၊ ေမာရွီး၊ စိုးေအာင္တို႔အား ရဲအုပ္ေဇာ္မ်ဳိး၀င္း၊ မယတပ္ဖြဲ႕စု(၃)၊ မိုးညႇင္းၿမိဳ႕မွ တရားလို ျပဳလုပ္ကာ မယ (ပ) ၁၄၅/ ၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ တို႔ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
__________________________________________________________________________
#Unicode
ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဖားကန့်တွင် ရောင်းချရန် သယ်ဆောင်လာသော ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းကျော် (၁၀၆၈၂၆၀၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇူလိုင် ၂၄ ရက်တွင် တရားလို ဦးစီးအဖွဲ့နှင့် ရတစကခ (၇)မှ ဗက ဇော်ဇော်အောင် ဦးစီး (၁) စိတ်ပူးပေါင်း အဖွဲ့တို့သည် သက်သေများနှင့် အတူ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် စားသောက်ဆိုင်များ အနီးတွင် မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် လျှို့ဝှက်နေရာယူ စောင့်ဆိုင်းနေစဉ် YGN-4E/---- တိုယိုတာ ပရိုဘောက် အမျိုးအစား အဖြူရောင်ယာဉ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် မော်ဝမ်း (မူးယစ်) ရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး ရှာဖွေစစ်ဆေးရာ ယာဉ်အနောက် ဘက်ခန်း ပစ္စည်းတင်သည့် နေရာတွင် Air Compressor အား တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးရာ ၎င်းလေအိုးအတွင်းမှ ရောင်စုံပလတ်စတစ် ဆပ်ပြာခွက်များဖြင့် ထည့်လျက် တစ်ခွက်လျှင် ဘိန်းဖြူဟု ယူဆရသော အဖြူမှုန့် အလေးချိန် ၁၂ ဂရမ်ခန့်စီပါ ၂၄ ခွက်၊ ၁၁ ဂရမ်ခန့်စီပါ ၂၀ ခွက်၊ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာခွက် ၄၄ ခွက် ကာလတန်ဖိုးကျပ် ၄၈၂၆၀၀၀၀ နှင့် အပြာရောင် ပလပ်စတစ် အိတ်ငယ်များဖြင့် ထည့်လျက် တစ်ထုပ်လျှင် 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀၂၀ ထုပ် ကာလတန်ဖိုး ကျပ် ၁၀၂၀၀၀၀၀၀၀ တို့အား သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများမှာ ဇူလိုင် ၂၂ ရက်က ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ကျန့်ဖူရှင့်ဆိုသူက ဖားကန့်ဒေသတွင် ရောင်းချရန် ဖားကန့်မြို့ ကုဋေမှော် ကျေးရွာနေ အားယု (၂၄)နှစ်အား ပေးခဲ့သော ပစ္စည်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများ ပါရှိသော Air Compressor လေအိုးအား အားလေနှင့် မော်ရှီးတို့ နှစ်ဦးက သယ်ဆောင်ခ တစ်ဦးလျှင် ကျပ်ငါးသိန်းဖြင့် မန္တလေးမှ ဖားကန့်အထိ သယ်ဆောင်လာကြောင်း၊ မိုးကောင်းမြို့သို့ အရောက်တွင် အဆိုပါ Air Compressor လေအိုးအား သယ်ဆောင်ရန် ယာဉ်မောင်း စိုးအောင်အား ကျပ် ၈၅၀၀၀ ဖြင့် ထပ်မံငှားရမ်းပြီး ဖားကန့်သို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တရားခံများ ဖြစ်ကြသည့် အားယု၊ အားလေ၊ မောရှီး၊ စိုးအောင်တို့အား ရဲအုပ်ဇော်မျိုးဝင်း၊ မယတပ်ဖွဲ့စု(၃)၊ မိုးညှင်းမြို့မှ တရားလို ပြုလုပ်ကာ မယ (ပ) ၁၄၅/ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#Credit Eleven