ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ရာသီမွာ ၀င္ေငြစုစုေပါင္း ေပါင္သန္း ၅၀၀ ခန္႔ ရွိခဲ့
#Zawgyi
ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ရာသီမွာ ၀င္ေငြစုစုေပါင္း ေပါင္သန္း ၅၀၀ ခန္႔ ရွိခဲ့ၿပီး ေပးေခ်ခဲ့ရတဲ့ ကစားသမားေတြရဲ႕ လစာေငြဟာ ေပါင္ ၂၀၃ သန္းသာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အသင္းရဲ႕ ဘ႑ာေရး အေျခအေနဟာ အေတာင့္တင္းဆံုး အေနအထားမွာ ရွိေနပါတယ္။ ဒါေၾကာင့္ ေငြေၾကး အလံုးအရင္းနဲ႔ အေျပာင္းအေ႐ႊ့ကို ၀င္ေရာက္ ခ်ယ္လွယ္တာ ျဖစ္ပါတယ္။ ယခင္ ေငြသံုးၾကမ္းတယ္ဆိုတဲ့ စပိန္ဘီလူးႀကီး ရီးရဲမက္ဒရစ္ေတာင္ လက္မွိုင္ခ်ၿပီး ပါးစပ္အေဟာင္းသား ၾကည့္ေနရတဲ့ အျဖစ္ ေရာက္ေနပါတယ္။
ေခၚယူခဲ့တဲ့ ကစားသမားေတြကို ၾကည့္ရင္ ဝါရင့္တိုက္စစ္မွဴး အီဗရာဟီမိုဗစ္က ေျခစြမ္းမွာ အေကာင္းဆံုး အေနအထားမွာ ရွိေနပါေသးတယ္။ သူ႔ရဲ႕ အေတြ႕အႀကံဳဟာ အသင္းရဲ႕ လူငယ္ကစားသမား ေတြအတြက္ တန္ဖိုး မျဖတ္နိုင္ဘူး။ သူဟာ Icon ႀကီးမားတဲ့ ကစားသမား ျဖစ္တာေၾကာင့္ သူ႔ရဲ႕ပံုရိပ္အသံုးျပဳခ ၊ ဂ်ာစီ ၊ သူနဲ႔ပတ္သက္တဲ့ အသံုးအေဆာင္ေတြ ေရာင္းတဲ့ေနရာကေန ေငြေတြ အလံုးအရင္း ၀င္လာဖို႔ ရွိပါတယ္။ အမ္ခီတာယန္းကလည္း ဘြန္ဒက္လီဂါရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမားရထားတဲ့သူပါ။ ေျခစြမ္းအရေရာ ၊ ေစ်းကြက္မွာေရာ ေျပာစရာ မလိုဘူး။
အခုအသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ (Official ေတာ့ မေၾကျငာေသး) ျဖစ္တဲ့ ေပါ့ဘာဟာ လက္ရွိေဘာလံုး ေလာကရဲ႕ Box to Box ကစားတဲ့ေနရာမွာ သူ႔ထက္ ပိုေကာင္းတဲ့ ကစားသမား မရွိဘူးလို႔ သတ္မွတ္ထားၾကတယ္။ ႐ြိဳင္ကိန္း အနားယူသြားတဲ့ေနာက္ အသင္းရဲ႕ လစ္လပ္ေနတဲ့ေနရာမွာ အစားထိုး ၀င္ေရာက္နိုင္တဲ့ ကစားသမားပါ။ အံမ၀င္မွာ မစိုးရိမ္ရပါဘူး။ မန္ခ်က္စတာဆိုတာ သူနဲ႔ရင္းနွီးၿပီးသားပါ။ မိုက္ကယ္ကာရစ္က ေကာင္းေပမယ့္ အေကာင္းဆံုး ကစားသမားေတာ့ မဟုတ္ခဲ့ဘူး။ ေပါင္သန္း ၁၀၀ ဆုိတာ ေစ်းႀကီးတယ္လို႔ ဆိုေပမယ့္ သူ႔ရဲ႕ ေျခစြမ္း ၊ အသက္အ႐ြယ္ ၊ ထင္ေပၚေက်ာ္ၾကားမႈ ေတြေၾကာင့္ ေနာင္ ၂-၃ နွစ္မွာ ဘာစီလိုနာက ေနမာနဲ႔အၿပိဳင္ Icon ကစားသမား ျဖစ္လာမယ့္သူလို႔ စီးပြားေရး ပညာရွင္ေတြ သံုးသပ္ထားၾကပါတယ္။ အသင္းပိုင္ရွင္ ဂေလဇာမိသားစု ဆိုတာလည္း ေခသူေတြမဟုတ္ ၊ အသင္းကို ဘဏ္ေခ်းေငြေတြနဲ႔ အေႂကြး၀ယ္ၿပီး တျဖည္းျဖည္း ဆပ္လာခဲ့တာ ေနာက္ဆံုး အေႂကြး နည္းနည္းပဲ က်န္ေတာ့တယ္။
ေမာ္ရင္ဟိုနဲ႔ အက္၀ုဒ္၀ပ္ဟာ ပရီးမီးယားလိဂ္တင္ မကပဲ ဥေရာပအထိ ေအာင္ျမင္မႈ ေျခဆန္႔နိုင္ဖို႔ အသင္းကို ျပင္ဆင္ေနတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ မရေပမယ့္ လာမယ့္ရာသီက် ခ်န္ပီယံလိဂ္မွာ အင္အားအျပည့္နဲ႔ ခ်န္ပီယံစိန္ေခၚနိုင္တဲ့ အေနအထားမ်ိဳး အသင့္ျဖစ္ေနေအာင္ လုပ္ေဆာင္ေနတယ္လို႔ ျမင္တယ္။ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ မရေပမယ့္ ရုပ္သံလႊင့္၀င္ေငြ ၄၀% တိုးတက္လာမယ္ ၊ ကမာၻအရပ္ရပ္မွာ ခ်ဳပ္ဆိုထားတဲ့ စပြန္ဆာကုမၸဏီေတြကေန ၀င္ေငြပိုတိုးလာမယ္ ၊ အသင္းေခၚယူထားတဲ့ Icon ကစားသမားေတြေၾကာင့္ ၀င္ေငြဟာ ဒီထက္ပိုလာဖို႔ ရွိပါတယ္။ ဒါေၾကာင့္ အသင္းဟာ အေျပာင္းအေ႐ႊ့ ရာသီ ေရာက္လာတိုင္း အေကာင္းဆံုး ကစားသမားေတြေနာက္ ေငြထုပ္နဲ႔ လိုက္ဖို႔ ရွိပါေသးတယ္။ ဆက္လက္ ေစာင့္ၾကည့္ၾကတာေပါ့။
__________________________________________________________________________
#Unicode
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ရာသီမှာ ၀င်ငွေစုစုပေါင်း ပေါင်သန်း ၅၀၀ ခန့် ရှိခဲ့ပြီး ပေးချေခဲ့ရတဲ့ ကစားသမားတွေရဲ့ လစာငွေဟာ ပေါင် ၂၀၃ သန်းသာ ရှိခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ အတောင့်တင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့် ငွေကြေး အလုံးအရင်းနဲ့ အပြောင်းအရွှေ့ကို ၀င်ရောက် ချယ်လှယ်တာ ဖြစ်ပါတယ်။ ယခင် ငွေသုံးကြမ်းတယ်ဆိုတဲ့ စပိန်ဘီလူးကြီး ရီးရဲမက်ဒရစ်တောင် လက်မှိုင်ချပြီး ပါးစပ်အဟောင်းသား ကြည့်နေရတဲ့ အဖြစ် ရောက်နေပါတယ်။
ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ကြည့်ရင် ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ခြေစွမ်းမှာ အကောင်းဆုံး အနေအထားမှာ ရှိနေပါသေးတယ်။ သူ့ရဲ့ အတွေ့အကြုံဟာ အသင်းရဲ့ လူငယ်ကစားသမား တွေအတွက် တန်ဖိုး မဖြတ်နိုင်ဘူး။ သူဟာ Icon ကြီးမားတဲ့ ကစားသမား ဖြစ်တာကြောင့် သူ့ရဲ့ပုံရိပ်အသုံးပြုခ ၊ ဂျာစီ ၊ သူနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ ရောင်းတဲ့နေရာကနေ ငွေတွေ အလုံးအရင်း ၀င်လာဖို့ ရှိပါတယ်။ အမ်ခီတာယန်းကလည်း ဘွန်ဒက်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားရထားတဲ့သူပါ။ ခြေစွမ်းအရရော ၊ စျေးကွက်မှာရော ပြောစရာ မလိုဘူး။
အခုအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ (Official တော့ မကြေငြာသေး) ဖြစ်တဲ့ ပေါ့ဘာဟာ လက်ရှိဘောလုံး လောကရဲ့ Box to Box ကစားတဲ့နေရာမှာ သူ့ထက် ပိုကောင်းတဲ့ ကစားသမား မရှိဘူးလို့ သတ်မှတ်ထားကြတယ်။ ရွိုင်ကိန်း အနားယူသွားတဲ့နောက် အသင်းရဲ့ လစ်လပ်နေတဲ့နေရာမှာ အစားထိုး ၀င်ရောက်နိုင်တဲ့ ကစားသမားပါ။ အံမဝင်မှာ မစိုးရိမ်ရပါဘူး။ မန်ချက်စတာဆိုတာ သူနဲ့ရင်းနှီးပြီးသားပါ။ မိုက်ကယ်ကာရစ်က ကောင်းပေမယ့် အကောင်းဆုံး ကစားသမားတော့ မဟုတ်ခဲ့ဘူး။ ပေါင်သန်း ၁၀၀ ဆိုတာ စျေးကြီးတယ်လို့ ဆိုပေမယ့် သူ့ရဲ့ ခြေစွမ်း ၊ အသက်အရွယ် ၊ ထင်ပေါ်ကျော်ကြားမှု တွေကြောင့် နောင် ၂-၃ နှစ်မှာ ဘာစီလိုနာက နေမာနဲ့အပြိုင် Icon ကစားသမား ဖြစ်လာမယ့်သူလို့ စီးပွားရေး ပညာရှင်တွေ သုံးသပ်ထားကြပါတယ်။ အသင်းပိုင်ရှင် ဂလေဇာမိသားစု ဆိုတာလည်း ခေသူတွေမဟုတ် ၊ အသင်းကို ဘဏ်ချေးငွေတွေနဲ့ အကြွေးဝယ်ပြီး တဖြည်းဖြည်း ဆပ်လာခဲ့တာ နောက်ဆုံး အကြွေး နည်းနည်းပဲ ကျန်တော့တယ်။
မော်ရင်ဟိုနဲ့ အက်ဝုဒ်ဝပ်ဟာ ပရီးမီးယားလိဂ်တင် မကပဲ ဥရောပအထိ အောင်မြင်မှု ခြေဆန့်နိုင်ဖို့ အသင်းကို ပြင်ဆင်နေတယ်။ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရပေမယ့် လာမယ့်ရာသီကျ ချန်ပီယံလိဂ်မှာ အင်အားအပြည့်နဲ့ ချန်ပီယံစိန်ခေါ်နိုင်တဲ့ အနေအထားမျိုး အသင့်ဖြစ်နေအောင် လုပ်ဆောင်နေတယ်လို့ မြင်တယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရပေမယ့် ရုပ်သံလွှင့်ဝင်ငွေ ၄၀% တိုးတက်လာမယ် ၊ ကမ္ဘာအရပ်ရပ်မှာ ချုပ်ဆိုထားတဲ့ စပွန်ဆာကုမ္ပဏီတွေကနေ ၀င်ငွေပိုတိုးလာမယ် ၊ အသင်းခေါ်ယူထားတဲ့ Icon ကစားသမားတွေကြောင့် ၀င်ငွေဟာ ဒီထက်ပိုလာဖို့ ရှိပါတယ်။ ဒါကြောင့် အသင်းဟာ အပြောင်းအရွှေ့ ရာသီ ရောက်လာတိုင်း အကောင်းဆုံး ကစားသမားတွေနောက် ငွေထုပ်နဲ့ လိုက်ဖို့ ရှိပါသေးတယ်။ ဆက်လက် စောင့်ကြည့်ကြတာပေါ့။
#Credit Trojan
