Update News
recent

အေမရိကန္ေဒၚလာအတု ျပဳလုပ္ေသာ လိုက္ေဘးရီးယားႏုိင္ငံသားအား ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္


#Zawgyi
ရန္ကုန္ၿမိဳ႕ရွိ ဟိုတယ္ တစ္ခုတြင္ အေမရိကန္ေဒၚလာ အတုမ်ားျပဳလုပ္သည့္ လိုက္ေဘး ရီးယားႏုိင္ငံသားအား ဇူလိုင္ ၂၈ ရက္က အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ ေၾကာင္း အေနာက္ပိုင္းခ႐ိုင္တ ရား႐ံုးမွ သတင္းရရွိသည္။

ေဒၚလာအတုမ်ား ျပဳလုပ္ သည့္ လိုက္ေဘးရီးယားႏုိင္ငံသား Mr.Raymond Sancho ကို စြဲခ်က္တင္ခဲ့သည့္ ပုဒ္မ ၄၂၄ ျဖင့္ အၿပီး သတ္အမိန္႔ခ်ခဲ့ၿပီး ယခု ခ်မွတ္ လိုက္သည့္ ျပစ္ဒဏ္မွာ မ႐ိုးမ ေျဖာင့္ေသာ သေဘာျဖင့္ ပစၥည္း ကို ဖယ္ရွားျခင္း၊ ဝွက္သိမ္းျခင္း ပုဒ္မအတြက္ အျမင့္ဆံုးျပစ္ဒဏ္ျဖစ္သည္။ အေနာက္ပိုင္းခ႐ိုင္တရား႐ံုးက ခ်မွတ္လိုက္သည့္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္အမိန္႔မွာ အေမ ရိကန္ေဒၚလာအတုျပဳလုပ္မႈအ တြက္ ျဖစ္ၿပီး ဒဂံုၿမိဳ႕နယ္တရား႐ံုး တြင္ ပတၱျမားအတုမ်ား တရားမ ဝင္ယူေဆာင္လာမႈႏွင့္ ထပ္မံ တရားစြဲဆိုထားေၾကာင္း ဒဂံုၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိက ဆိုသည္။

၂၀၁၆ ဇန္နဝါရီ ၂၅ ရက္ မြန္းလြဲ ၃ နာရီက အေမရိကန္ေဒၚ လာေငြစကၠဴအတုမ်ားထုတ္လုပ္ သည့္ အသက္(၃၄)ႏွစ္အရြယ္ လိုက္ေဘးရီးယား ႏိုင္ငံသားကို ေငြတုထုတ္လုပ္ေသာစက္ပစၥည္း မ်ားႏွင့္အတူ အိုလံပစ္ဟိုတယ္ တြင္ ဖမ္းမိခဲ့သည္။

အာဖရိကတိုက္အေနာက္ ပိုင္းရွိ လိုက္ေဘးရီးယားႏိုင္ငံမွ Mr.Raymond Sancho သည္ ထုိင္းႏုိင္ငံမွ ျမန္မာႏိုင္ငံသို႔ ဇန္နဝါရီ ၁၄ ရက္က ဝင္ေရာက္ခဲ့ၿပီး အိုလံပစ္ဟိုတယ္တြင္ တည္းခိုေနထိုင္ ေနစဥ္ ဖမ္းမိခဲ့သည္။

၎ကို ဖမ္းမိစဥ္ အခန္းအ တြင္းမွ အေမရိကန္ေဒၚလာ ၁၀၀ တန္ ေငြစကၠဴႏွင့္ အရြယ္တူစကၠဴ အမည္းေရာင္ အရြက္ ၆,၀၀၀ ေက်ာ္ႏွင့္ ေငြစကၠဴအတုျပဳလုပ္ရာ တြင္ အသံုးျပဳသည့္ ပစၥည္းမ်ားကို သိမ္းဆည္းရမိေၾကာင္း ဒဂံုၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ဆို သည္။ ဖမ္းဆီးၿပီးေနာက္ ရဲတပ္ဖြဲ႕ က ေမးျမန္းရာ ေသခ်ာစြာ ရွင္းျပ ႏုိင္ျခင္းမရွိသျဖင့္ ၎ကို ဒဂံုၿမိဳ႕မ ရဲစခန္းက ျပစ္မႈပုဒ္မ ၄၂၀/၄၈၉-ဃ ျဖင့္ အမႈဖြင့္အေရးယူကာ တ ရားစြဲဆိုခဲ့ေၾကာင္း သိရသည္။
________________________________________________________________________
#Unicode
ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အမေရိကန်ဒေါ်လာ အတုများပြုလုပ်သည့် လိုက်ဘေး ရီးယားနိုင်ငံသားအား ဇူလိုင် ၂၈ ရက်က အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း အနောက်ပိုင်းခရိုင်တ ရားရုံးမှ သတင်းရရှိသည်။

ဒေါ်လာအတုများ ပြုလုပ် သည့် လိုက်ဘေးရီးယားနိုင်ငံသား Mr.Raymond Sancho ကို စွဲချက်တင်ခဲ့သည့် ပုဒ်မ ၄၂၄ ဖြင့် အပြီး သတ်အမိန့်ချခဲ့ပြီး ယခု ချမှတ် လိုက်သည့် ပြစ်ဒဏ်မှာ မရိုးမ ဖြောင့်သော သဘောဖြင့် ပစ္စည်း ကို ဖယ်ရှားခြင်း၊ ဝှက်သိမ်းခြင်း ပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။ အနောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်သည့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်အမိန့်မှာ အမေ ရိကန်ဒေါ်လာအတုပြုလုပ်မှုအ တွက် ဖြစ်ပြီး ဒဂုံမြို့နယ်တရားရုံး တွင် ပတ္တမြားအတုများ တရားမ ဝင်ယူဆောင်လာမှုနှင့် ထပ်မံ တရားစွဲဆိုထားကြောင်း ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိက ဆိုသည်။

၂၀၁၆ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီက အမေရိကန်ဒေါ် လာငွေစက္ကူအတုများထုတ်လုပ် သည့် အသက်(၃၄)နှစ်အရွယ် လိုက်ဘေးရီးယား နိုင်ငံသားကို ငွေတုထုတ်လုပ်သောစက်ပစ္စည်း များနှင့်အတူ အိုလံပစ်ဟိုတယ် တွင် ဖမ်းမိခဲ့သည်။

အာဖရိကတိုက်အနောက် ပိုင်းရှိ လိုက်ဘေးရီးယားနိုင်ငံမှ Mr.Raymond Sancho သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က ဝင်ရောက်ခဲ့ပြီး အိုလံပစ်ဟိုတယ်တွင် တည်းခိုနေထိုင် နေစဉ် ဖမ်းမိခဲ့သည်။

၎င်းကို ဖမ်းမိစဉ် အခန်းအ တွင်းမှ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူနှင့် အရွယ်တူစက္ကူ အမည်းရောင် အရွက် ၆,၀၀၀ ကျော်နှင့် ငွေစက္ကူအတုပြုလုပ်ရာ တွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ က မေးမြန်းရာ သေချာစွာ ရှင်းပြ နိုင်ခြင်းမရှိသဖြင့် ၎င်းကို ဒဂုံမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၈၉-ဃ ဖြင့် အမှုဖွင့်အရေးယူကာ တ ရားစွဲဆိုခဲ့ကြောင်း သိရသည်။
#Credit 7Days
aung  yein chan

aung yein chan

Powered by Blogger.