Update News
recent

POSH မဂၢဇင္းအတြက္ Bikini နဲ႔ ဓာတ္ပုံရိုက္ကူးေနတဲ့ လုလုေအာင္



video ႀကည့္ရႈရန္----https://www.facebook.com/MyanmarCelebrity/videos/10154738700263988/
#Zawgyi
လွပတဲ့ ခႏၶာကိုယ္ ေျပျပစ္တဲ့ ေကာက္ေၾကာင္းအလွ စြဲေဆာင္မွုရွိတဲ့ ဓာတ္ပုံေတြနဲ႔အတူ ပရိသတ္ေတြၾကား ေရပန္းစားေနသူကေတာ့ ဓာတ္ပုံ ေမာ္ဒယ္လုလုေအာင္ ပဲျဖစ္ပါတယ္။ လုလုေအာင္ဟာ ဓာတ္ပုံေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ ႊပ္တည္ေနၿပီး အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနသူျဖစ္ပါတယ္။ Single mother တစ္ေယာက္ျဖစ္ၿပီး သမီးေလးကို ျပဳစုပ်ိဳးေထာင္ေနတဲ့ ေလးစားဖြယ္အမ်ိဳးသမီးတစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူမရဲ့ ဓာတ္ပုံေတြဟာ ျမန္မာျပည္ရဲ့ culture အရ ေဝဖန္ခံရမွုေတြရွိေနေပမယ့္လည္း လက္ခံအားေပးေနတဲ့ ပရိသတ္ေတြကလည္း အမ်ားအျပားပါပဲ။ အခုေျပာျပေပးမွာကေတာ့ လုလုေအာင္ရဲ့ လက္ရွိအႏုပညာလုပ္ငန္းေတြအေၾကာင္းႏွင့္အတူ သူမရဲ့ ေရွ႕ဆက္ေဆာင္ရြက္မယ့္ အႏုပညာေတြအေၾကာင္း MC interview ပဲျဖစ္ပါတယ္။
"မဂၤလာပါရွင္ ဒီေန႔ကေတာ့ လုလုက POSH မဂၢဇင္းအတြက္ ဓာတ္ပုံရိုက္တာပဲျဖစ္ပါတယ္။ သူတို႔ရဲ့ Women's Secrect အတြက္ two piece နဲ႔ ဓာတ္ပုံရိုက္တာေပါ့ေနာ္။ ဘယ္လိုေျပာမလဲ လြတ္လပ္ေပါ့ပါးတဲ့ fashion ေတြပုံစံေတြကို ဒီေန႔ဓာတ္ပုံဆရာ ဂ်က္ဆင္နဲ႔ ရိုက္ကူးေနတာပါ။ ဒီလို Bikini နဲ႔မရိုက္ျဖစ္တာ ၾကာပါၿပီ။ အခုဟာကလည္း အရင္ပုံစံနဲ႔မတူပဲ Bikini ဆိုတဲ့ ခႏၶာကိုယ္အလွအပေပၚေစတဲ့ပုံစံထက္ fashion ဆန္ဆန္ေလး fashion အသားေပး ရိုက္တာမလို႔ အသစ္အဆန္းေလးလည္း ျဖစ္ပါတယ္။ ဒီလိုမ်ိဳးေတြ ဓာတ္ပုံရိုက္ကူးတာဟာ ကၽြန္မရဲ့ လြတ္လပ္ပိုင္ခြင့္မို႔လို႔ ေဝဖန္လာတာမ်ိဳးေတြဆိုရင္ေတာ့ ေကာငးတာဆိုရင္ေတာ့ ယူတယ္။ အဆင္မေျပဘူး ကိုယ္္ကိုမလိုလို႔ေျပာတယ္ အဲ့လိုမ်ိဳးဆိုရင္ေတာ့ ဥေပကၡာျပဳဖို႔ ႀကိဳးစားပါမယ္"ဆိုၿပီး သူမရဲ့သေဘာထားႏွင့္အတူ လတ္တေလာအႏုပညာလွုပ္ရွားမွုေတြကို ေျပာျပသြားပါတယ္။"အရမ္းႀကီး Hot တဲ့ပုံေတြမ်ားလာလို႔ ေလ်ာ့မယ္လို႔ စိတ္ကူးထားပါတယ္။ ေလ်ာ့လည္း ေလ်ာ့ေနပါတယ္။ အားေပးေနတဲ့ ပရိသတ္ေတြကိုလည္း အထူးေက်းဇူးတင္ပါတယ္" ဆိုၿပီး ဆက္လက္ေျပာၾကားသြားခဲ့ပါေသးတယ္။
__________________________________________________________________________
#Unicode
လှပတဲ့ ခန္ဓာကိုယ် ပြေပြစ်တဲ့ ကောက်ကြောင်းအလှ စွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေကြား ရေပန်းစားနေသူကတော့ ဓာတ်ပုံ မော်ဒယ်လုလုအောင် ပဲဖြစ်ပါတယ်။ လုလုအောင်ဟာ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အဖြစ် ွှပ်တည်နေပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ Single mother တစ်ယောက်ဖြစ်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေတဲ့ လေးစားဖွယ်အမျိုးသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ ဓာတ်ပုံတွေဟာ မြန်မာပြည်ရဲ့ culture အရ ဝေဖန်ခံရမှုတွေရှိနေပေမယ့်လည်း လက်ခံအားပေးနေတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ အခုပြောပြပေးမှာကတော့ လုလုအောင်ရဲ့ လက်ရှိအနုပညာလုပ်ငန်းတွေအကြောင်းနှင့်အတူ သူမရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အနုပညာတွေအကြောင်း MC interview ပဲဖြစ်ပါတယ်။
"မင်္ဂလာပါရှင် ဒီနေ့ကတော့ လုလုက POSH မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ Women's Secrect အတွက် two piece နဲ့ ဓာတ်ပုံရိုက်တာပေါ့နော်။ ဘယ်လိုပြောမလဲ လွတ်လပ်ပေါ့ပါးတဲ့ fashion တွေပုံစံတွေကို ဒီနေ့ဓာတ်ပုံဆရာ ဂျက်ဆင်နဲ့ ရိုက်ကူးနေတာပါ။ ဒီလို Bikini နဲ့မရိုက်ဖြစ်တာ ကြာပါပြီ။ အခုဟာကလည်း အရင်ပုံစံနဲ့မတူပဲ Bikini ဆိုတဲ့ ခန္ဓာကိုယ်အလှအပပေါ်စေတဲ့ပုံစံထက် fashion ဆန်ဆန်လေး fashion အသားပေး ရိုက်တာမလို့ အသစ်အဆန်းလေးလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးတွေ ဓာတ်ပုံရိုက်ကူးတာဟာ ကျွန်မရဲ့ လွတ်လပ်ပိုင်ခွင့်မို့လို့ ဝေဖန်လာတာမျိုးတွေဆိုရင်တော့ ကောငးတာဆိုရင်တော့ ယူတယ်။ အဆင်မပြေဘူး ကိုယ််ကိုမလိုလို့ပြောတယ် အဲ့လိုမျိုးဆိုရင်တော့ ဥပေက္ခာပြုဖို့ ကြိုးစားပါမယ်"ဆိုပြီး သူမရဲ့သဘောထားနှင့်အတူ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ပြောပြသွားပါတယ်။"အရမ်းကြီး Hot တဲ့ပုံတွေများလာလို့ လျော့မယ်လို့ စိတ်ကူးထားပါတယ်။ လျော့လည်း လျော့နေပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ဆက်လက်ပြောကြားသွားခဲ့ပါသေးတယ်။
#Credit Myanmar load

aung  yein chan

aung yein chan

Powered by Blogger.