Update News
recent

မိမိတို့ဧ။္ ေမြးသကၠရာဇ္ေနာက္ကြယ္ က လွ်ိဳ႕၀ွက္ခ်က္မ်ား (သင္ဟာ ဘယ္လုိလူစားမ်ိဳးျဖစ္မလဲဆိုတာ သင္ကိုယ္တုိင္ တြက္ခ်က္ၾကည့္လုိက္ပါ)



#Zawgyi
ကိုယ္ေမြးတဲ့ ရက္၊ လ ၊ႏွစ္ေတြ က ကုိယ့္ အရည္အေသြး နဲ႕စိတ္ေန စိတ္ထားကို ေျပာျပေနပါတယ္။
ေမြးသကၠ၇ာဇ္ ကေျပာတဲ့ အသံေတြ ကို တစ္ခါေလာက္ နားစြင့္ၾကည့္ရေအာင္။

တြက္နည္း က လြယ္ပါတယ္။ ေမြးေန႔၊ ေမြးလ၊ ေမြးႏွစ္ ကို ဂဏန္း တစ္ခုတည္းရေအာင္ ေပါင္းရမွာပါ။
ဥပမာ .. အေနနဲ႔ျပပါမယ္။

မတ္ ၂ ၁၉၉၀
၃+၂+၁၉၉၀= ၁၉၉၅
၁+၉+၉+၅ = ၂၄
၂+၄= ၆

သည္ေတာ့ ၆ ကို သြားၾကည့္ရမွာပါ။

အခု ဖြင့္ဆို ႐ွင္းလင္းခ်က္ေတြ ကို ၾကည့္ရေအာင္


၁ ဂဏန္းသမား မူလရင္းျမစ္
၂ ဂဏန္းသမား ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္
၃ ဂဏန္းသမား ေပ်ာ္ရႊင္ျမဴးထူးတဲ့သူ
၄ ဂဏန္းသမား ေရွးရုိးစဥ္လာ သမား
၅ ဂဏန္းသမား ေရြ႕လ်ားေနတတ္သူ
၆ ဂဏန္းသမား ရုိမန္တစ္ျဖစ္တဲ့သူ
၇ ဂဏန္းသမား စူးစမ္းသူ
၈ ဂဏန္းသမား ျပသနာရွင္း တတ္သူ
၉ ဂဏန္းသမား အႏုပညာရွင္
၁... မူလရင္းျမစ္

၁ ေတြဟာ အေျခခံ က်တဲ့သူေတြျဖစ္တယ္။ သူတုိ႔ဆီ က အိုင္ဒီယာ အသစ္ေတြ အၿမဲထြက္လာေလ့ ရွိ တယ္။ ေခါငး္လည္း မာၾကတယ္။ သိပ္လည္း ရုိးသားတယ္။ လုိခ်င္တာ ရွိရင္ ရေအာင္ ညွိႏိႈင္းႏိုင္ၾကတယ္။ ကိစၥ တစ္ခု ကို ဦးေဆာင္ဖုိ႔ ၀န္မေလးဘူး။ ေခါင္းေဆာင္လည္း ျဖစ္တတ္ၾကတယ္။
သတိထားရမွာက သူမ်ား ရဲ႕စိတ္ကူး ကလည္း သူ႔ေနရာနဲ႔သူ  ေကာင္းတယ္ ဆုိတာပါပဲ။

နာမည္ႀကီး ၁ ဂဏန္းသမားေတြ - တြမ္ဟန္႔၊ ကာရုိးဘားနက္၊ နန္စီေရဂင္

၂... ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္

၂ ေတြဟာ သံတမန္ျဖစ္ဖုိ႔ ေမြးလာသူေတြပါ။ တျခားသူေတြ ရဲ႕ လုိအပ္ခ်က္၊ ခံစားခ်က္ေတြ ကို သူတို႔သိ တယ္။ သူတပါး ကို ဦးစားေပး စဥ္းစားတတ္တယ္။ သူတို႔ဟာ တစ္ေယာက္တည္း မေနခ်င္ၾက ဘူး။

 ေပါင္း သင္း ဆက္ဆံေရး နဲ႔ သူငယ္ခ်င္းေတြဟာ သူတို႔ အတြက္ သိပ္ အေရးႀကီးၿပီး သည္ ဆက္ဆံေရးေၾကာင့္ ဘ၀ မွာ ေအာင္ျမင္ ၾကတယ္။ ဒါေပမယ့္ ဆက္ဆံေရး မေျပလည္တာထက္ စာရင္ တစ္ေယာက္တည္းေနဖုိ႔ကို ပဲ ေရြးခ်ယ္တာ လည္း သူတို႔ပါပဲ။

ပင္ကုိ အားျဖင့္ ရွက္တတ္သူေတြျဖစ္တာေၾကာင့္ ကိုယ့္အေၾကာင္းကိုယ္ ထုတ္ေျပာတတ္ဖုိ႔၊ သုိ၀ွက္မထား ဖုိ႔ ေလ့လာသင့္ ပါတယ္။

ထင္ရွားတဲ့ ၂ ေတြ- ဘီလ္ကလင္တန္၊ မက္ေဒါနား၊ ေသာမတ္စ္အယ္ဒီဆင္၊ မုိးဇက္



၃ ေပ်ာ္ရႊင္ျမဴးတူးတဲ့သူ

၃ ေတြဟာ စိတ္ကူးဥာဏ္ ရင့္သန္သူေတြျဖစ္တယ္။ တီထြင္ ဆန္းသစ္နိုင္စြမ္း သိပ္ေကာင္းတယ္။ ဆုိရွယ္က် တယ္။ ခ်စ္စရာေကာင္းတယ္။ ေပါင္းလုိ႔ သင္းလုိ႔ေကာင္းတယ္။ တျခားသူေတြကုိ ေပ်ာ္ရႊင္ေစခ်င္ တဲ့ဆႏၵ ရွိ ၿပီး ေပ်ာ္ေအာင္လည္း စြမ္းေဆာင္ေပးႏိုင္တယ္။ သူတို႔ဟာ ေပၚျပဴလာလည္းျဖစ္၊ စိတ္ကူးယဥ္လည္း ဆန္ၾက တယ္။

ကမၻာႀကီး ကို ပိုမို လက္ေတြ႕ဆန္တဲ႔ အျမင္နဲ႔ ျမင္တတ္ဖုိ႔ သူတို႔ေလ့လာသင့္ပါတယ္။

ထင္ရွားတဲ့ ၃ ေတြ - ဂ်ိဳဒီေဖာ္စတာ၊ အန္းလန္ဒါ


၄... ေရွးရုိးစဥ္လာသမား

၄  ေတြဟာ ရုိးရာဓေလ့ ကုိ ႏွစ္သက္တယ္။ အစီအစဥ္ အတုိငး္ ပံုမွန္ လႈပ္ရွားရတာ ကို ႀကိဳက္တယ္။ ခုိင္းတာ ကို ရွင္းရွင္း လင္းလင္း နားလည္တဲ့ အခါမွ သူတုိ႔က လႈပ္ရွားတတ္ၾကတယ္။ လုပ္ရင္လည္း စိတ္ပါလက္ပါ၊ အားႀကိဳးမာန္တက္ လုပ္ၾကတယ္။ သူတုိ႔ ဟာ ျပင္ပေလာကကုိ စိတ္၀င္စားၿပီး သဘာ၀နဲ႔ဆက္စပ္မႈရွိ တယ္။ ေစာင့္ ဆိုင္းဖို႔ စိတ္ရွည္တယ္။ ေခါင္းလည္း မာတယ္။

သူတုိ႔ အေနနဲ႔ အရာရာနဲ႔လုိက္ေလ်ာ ညီေထြျဖစ္ေအာင္ ေနထိုင္ၿပီး ကိုယ့္ကိုယ္ကုိ ညွာတာဖို႔ ေလ့လာသင္ ယူ သင့္တယ္။

ထင္ရွားတဲ့ ၄ေတြ - အာႏိုး ရွ၀ါဇန္နဂၢါ၊ မာဂရက္ သက္ခ်ာ၊ အုိပရာ၀င္းဖရီး


၅... ေရြ႕လ်ားေနတတ္သူ

၅ ေတြဟာ စူးစမ္းရွာေဖြသူေတြျဖစ္တယ္။ သဘာ၀ အရ စပ္စုတဲ့ စိတ္၊ လာမယ့္ေဘး ေျပးေတြ႕တဲ့ စိတ္နဲ႔ စိတ္အား ထက္သန္မႈေၾကာင့္ မၾကာခဏ ဒုကၡႀကံဳရတယ္။ သူတုိ႔ဟာ ကြဲျပားျခားနားမႈ ကို လိုလားၿပီး ေရေသ အုိင္ မွာ ၀ပ္မေနခ်င္ဘူး။ တစ္ကမၻာလံုး က သူတို႔ေက်ာင္းပဲ။

ဘယ္အေျခအေန မွာေရာက္ေရာက္ ေလ့လာ သင္ယူႏိုင္ စြမ္း လည္းရွိၾကတယ္။ ေမးခြန္းေတြကိုလည္း အဆက္မျပတ္ေမးတတ္ၾကတယ္။

သည္ေတာ့ တစ္ခုခုဆို ထင္ရာ မစုိင္းဖို႔ အတြက္ ဆံုးျဖတ္ခ်က္မခ်ခင္ အရာရာကို ေစ့ေစ့စပ္စပ္ေလ့ လာ သင့္တယ္။

ထင္႐ွားတဲ့ ၅ ေတြက ေအဘရာဟမ္လင္ကြန္း၊ ဗင္းဆင့္ဗင္ဂိုး၊ ဟယ္လင္ကယ္လာ

၆ ... ရုိမန္တစ္ျဖစ္တဲ့သူ

၆ ေတြဟာ စိတ္ကူးေကာင္းၿပီး သူတို႔ဟာ အသံုးက်တဲ့လူလုိ႔ ခံစားရမွ ေနေပ်ာ္တဲ့သူေတြျဖစ္တယ္။ မိသားစုနဲ႔ ခ်စ္ၾကည္ေႏြးေထြးမႈ ဟာ သူတို႔ အတြက္ သိပ္ အေရးႀကီးတယ္။ သူတို႔ဟာ သူတပါးကို ကူညီဖို႔၊ ဂရုစုိက္ဖုိ႔ စိတ္ လုိ လက္ရရွိၾကတယ္။

သိပ္ၿပီး သစၥာ ရွိသလုိ ဆရာေကာင္းေတြလည္း ျဖစ္တတ္ၾကတယ္။ သူတို႔ က အႏုပညာ၊ ဂီတ ကုိ ႏွစ္သက္ တယ္။ သူတို႔မွာ ခင္မင္ရင္းႏွီးမႈ ကို အထူးတလည္ တန္ဖိုးထားတဲ့ သူငယ္ခ်င္းေကာင္းေတြ ရွိတယ္။

၆ ဂဏန္း သမားေတြ ေလ့လာသင့္ တာက သူတုိ႔ေျပာင္းလဲရင္ ဒါမွမဟုတ္ မေျပာင္းလဲဘဲ ထားရင္ ျဖစ္ေပၚ လာမယ့္ ကြဲျပားျခားနားမႈေတြ ကို ေလ့လာသင့္ပါတယ္။

ထင္ရွားတဲ့ ၆ ေတြ - အဲလ္ဘတ္ အုိင္းစတုိင္း၊ ဂြ်န္ဒန္ဗာ၊ ခရစ္စတုိဖာ ကိုလံဘတ္

၇ ...  စူးစမ္းသူ

၇ ေတြဟာ စူးစမ္းရွာေဖြသူေတြျဖစ္တယ္။ ေနာက္ကြယ္ က သတင္း အခ်က္အလက္ေတြ ကို အၿမဲေဖာ္ ထုတ္ေန ၿပီး အေပၚယံ တန္ဖိုး အတုိင္း လက္ခံဖို႔ ခက္ခဲၾကတယ္။ ခံစားခ်က္ေၾကာင့္ ဆံုးျဖတ္ခ်က္ မယိမ္းယိုင္ ဘူး။ ဘ၀ မွာ အရာရာ ကိုေမးခြန္းထုတ္ တတ္ၿပီး သူတို႔ကို သူတို႔ ေမးခြန္းထုတ္ရမွာကိုေတာ့ မႀကိဳက္ဘူး။

ဘယ္အရာကို မွ အလ်င္စလုိ မလုပ္ဘူး။ သူတုိ႔ ရဲ႕ေဆာင္ပုဒ္က ျဖည္းျဖည္း မွန္မွန္ေအာင္ပြဲခံပါ။ သူတုိ႔ဟာ အေတြး အေခၚ ပညာရွင္တစ္ေယာက္ လို ဘ၀ ကိုျဖတ္သန္းၿပီး အသိပညာၾကြယ္၀ တတ္ေပမယ့္ တခါ တေလ အထီးက်န္ ဆန္ၾကတယ္။ သူတို႔ဟာ လွ်ိဳ႕၀ွက္ခ်က္ေတြ ကုိ ႏွစ္သက္တယ္။

ကိုယ္ပိုင္ ကမၻာငယ္ေလးမွာေနထုိင္သူေတြျဖစ္တာေၾကာင့္ ေလာကႀကီး က ဘာကို လက္ခံႏိုင္တယ္၊ ဘာကို လက္မခံနိုင္ဘူး ဆုိတာ ေလ့လာသင့္ပါတယ္။

ထင္ရွားတဲ့ ၇ေတြ ၀ီလ်ံရွိတ္စပီးယား၊ မုိက္ကယ္ဂ်က္ဆင္၊ ဒိုင္ယာနာမင္းသမီး


၈..... ျပသနာရွင္းတတ္သူ

၈ ေတြဟာ ျပသနာေျဖရွင္းသူေတြျဖစ္တယ္။ ပညာရွင္ ဆန္တယ္၊ ဘြင္းဘြင္းနဲ႔ ထိေရာက္ေအာင္ ေျပာတယ္၊ ဆံုးျဖတ္ခ်က္ မွန္တယ္၊ ျပတ္သားတယ္။ သူတုိ ႔မွာ မဟာ စီမံကိန္းေတြ ရွိတတ္တယ္ ။ ေကာင္းေကာင္းေန ၊ ေကာင္းေကာင္း စားရတာကိုလည္း ႀကိဳက္တယ္။

လူေတြ ကုိ ႀကီးၾကပ္ ကြပ္ကဲ တတ္တယ္။ သူတို႔က လူေတြ ကို ယထာဘူတက်က် ပဲ ျမင္တယ္။ သူတုိ႔သာ အႀကီး အကဲျဖစ္ေၾကာင္းလည္း ျပတ္ျပတ္ သားသားေဖာ္ျပတတ္တယ္။

၈ ေတြ အဖို႔ သူတပါး လုိအပ္ခ်က္ကို သိေအာင္ ႀကိဳးစားသင့္ပါတယ္။

ထင္ရွားတဲ့ ၈ ေတြ - ဂ်ိန္းေဖာင္ဒါ၊ ပါဘလုိပီကာဆို၊ အာရစ္သာ ဖရန္ကလင္း

၉...  အႏုပညာရွင္

၉ ေတြ ဟာ ေမြးရာပါ အႏုပညာရွင္ေတြျဖစ္တယ္။ ဂရုစိုက္တတ္တယ္၊ ရက္ေရာတယ္၊ ေနာက္ဆုံး လက္ က်န္ ပိုက္ဆံေလး ကိုေတာင္ အကူအညီေတာင္း လာရင္ ရက္ရက္ေရာေရာေပးတတ္တယ္။ သူတို႔ ရဲ႕ခ်စ္စရာေကာင္းမႈေၾကာင့္ သူတုိ ႔ဟာ သူငယ္ခ်င္း ဖြဲ႕ရာမွာ အခက္အခဲမရွိဘူး။

သူတုိ႔ နဲ႔ တစိမ္း ဆုိတာလည္း မရွိဘူး။ သူတုိ႔ မွာ ကိုယ္ရည္ ကိုယ္ေသြး အမ်ိဳးမ်ိဳး ရွိတဲ့ အတြက္ ေဘးက လူေတြ က သူတုိ႔ကို နားလည္ရ ခက္ၾကတယ္။ သူတုိ႔ဟာ ကံလည္း ေကာင္းၾကေပမယ့္ အတက္ၾကမ္း၊ အက်ႀကမ္းၿပီး စိတ္ေထာင္းကိုယ္ေၾကျဖစ္တတ္တယ္။

 ေအာင္ျမင္မႈ ရဖုိ႔ဆုိရင္ သူတို႔ အေနနဲ႔ အေျခခံေကာင္းေကာင္း တစ္ခု တည္ေဆာက္ထားဖုိ႔လုိတယ္။

ထင္ရွားတဲ့ ၉ ေတြ- ဟယ္ရီဆင္ဖို႔ဒ္၊ ဂ်င္မီကာတာ၊ အဲလ္ဗစ္ ပရက္စေလ
__________________________________________________________________________
#Unicode
ကိုယ်မွေးတဲ့ ရက်၊ လ ၊နှစ်တွေ က ကိုယ့် အရည်အသွေး နဲ့စိတ်နေ စိတ်ထားကို ပြောပြနေပါတယ်။
မွေးသက္ကရာဇ် ကပြောတဲ့ အသံတွေ ကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။

တွက်နည်း က လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ် ကို ဂဏန်း တစ်ခုတည်းရအောင် ပေါင်းရမှာပါ။
ဥပမာ .. အနေနဲ့ပြပါမယ်။

မတ် ၂ ၁၉၉၀
၃+၂+၁၉၉၀= ၁၉၉၅
၁+၉+၉+၅ = ၂၄
၂+၄= ၆

သည်တော့ ၆ ကို သွားကြည့်ရမှာပါ။

အခု ဖွင့်ဆို ရှင်းလင်းချက်တွေ ကို ကြည့်ရအောင်


၁ ဂဏန်းသမား မူလရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူးထူးတဲ့သူ
၄ ဂဏန်းသမား ရှေးရိုးစဉ်လာ သမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာရှင်း တတ်သူ
၉ ဂဏန်းသမား အနုပညာရှင်
၁... မူလရင်းမြစ်

၁ တွေဟာ အခြေခံ ကျတဲ့သူတွေဖြစ်တယ်။ သူတို့ဆီ က အိုင်ဒီယာ အသစ်တွေ အမြဲထွက်လာလေ့ ရှိ တယ်။ ခေါငး်လည်း မာကြတယ်။ သိပ်လည်း ရိုးသားတယ်။ လိုချင်တာ ရှိရင် ရအောင် ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စ တစ်ခု ကို ဦးဆောင်ဖို့ ၀န်မလေးဘူး။ ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။
သတိထားရမှာက သူများ ရဲ့စိတ်ကူး ကလည်း သူ့နေရာနဲ့သူ  ကောင်းတယ် ဆိုတာပါပဲ။

နာမည်ကြီး ၁ ဂဏန်းသမားတွေ - တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်

၂... ငြိမ်းချမ်းရေး အကျိုးတော်ဆောင်

၂ တွေဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေ ရဲ့ လိုအပ်ချက်၊ ခံစားချက်တွေ ကို သူတို့သိ တယ်။ သူတပါး ကို ဦးစားပေး စဉ်းစားတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်း မနေချင်ကြ ဘူး။

 ပေါင်း သင်း ဆက်ဆံရေး နဲ့ သူငယ်ချင်းတွေဟာ သူတို့ အတွက် သိပ် အရေးကြီးပြီး သည် ဆက်ဆံရေးကြောင့် ဘဝ မှာ အောင်မြင် ကြတယ်။ ဒါပေမယ့် ဆက်ဆံရေး မပြေလည်တာထက် စာရင် တစ်ယောက်တည်းနေဖို့ကို ပဲ ရွေးချယ်တာ လည်း သူတို့ပါပဲ။

ပင်ကို အားဖြင့် ရှက်တတ်သူတွေဖြစ်တာကြောင့် ကိုယ့်အကြောင်းကိုယ် ထုတ်ပြောတတ်ဖို့၊ သို၀ှက်မထား ဖို့ လေ့လာသင့် ပါတယ်။

ထင်ရှားတဲ့ ၂ တွေ- ဘီလ်ကလင်တန်၊ မက်ဒေါနား၊ သောမတ်စ်အယ်ဒီဆင်၊ မိုးဇက်



၃ ပျော်ရွှင်မြူးတူးတဲ့သူ

၃ တွေဟာ စိတ်ကူးဉာဏ် ရင့်သန်သူတွေဖြစ်တယ်။ တီထွင် ဆန်းသစ်နိုင်စွမ်း သိပ်ကောင်းတယ်။ ဆိုရှယ်ကျ တယ်။ ချစ်စရာကောင်းတယ်။ ပေါင်းလို့ သင်းလို့ကောင်းတယ်။ တခြားသူတွေကို ပျော်ရွှင်စေချင် တဲ့ဆန္ဒ ရှိ ပြီး ပျော်အောင်လည်း စွမ်းဆောင်ပေးနိုင်တယ်။ သူတို့ဟာ ပေါ်ပြူလာလည်းဖြစ်၊ စိတ်ကူးယဉ်လည်း ဆန်ကြ တယ်။

ကမ္ဘာကြီး ကို ပိုမို လက်တွေ့ဆန်တဲ့ အမြင်နဲ့ မြင်တတ်ဖို့ သူတို့လေ့လာသင့်ပါတယ်။

ထင်ရှားတဲ့ ၃ တွေ - ဂျိုဒီဖော်စတာ၊ အန်းလန်ဒါ


၄... ရှေးရိုးစဉ်လာသမား

၄  တွေဟာ ရိုးရာဓလေ့ ကို နှစ်သက်တယ်။ အစီအစဉ် အတိုငး် ပုံမှန် လှုပ်ရှားရတာ ကို ကြိုက်တယ်။ ခိုင်းတာ ကို ရှင်းရှင်း လင်းလင်း နားလည်တဲ့ အခါမှ သူတို့က လှုပ်ရှားတတ်ကြတယ်။ လုပ်ရင်လည်း စိတ်ပါလက်ပါ၊ အားကြိုးမာန်တက် လုပ်ကြတယ်။ သူတို့ ဟာ ပြင်ပလောကကို စိတ်ဝင်စားပြီး သဘာဝနဲ့ဆက်စပ်မှုရှိ တယ်။ စောင့် ဆိုင်းဖို့ စိတ်ရှည်တယ်။ ခေါင်းလည်း မာတယ်။

သူတို့ အနေနဲ့ အရာရာနဲ့လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ပြီး ကိုယ့်ကိုယ်ကို ညှာတာဖို့ လေ့လာသင် ယူ သင့်တယ်။

ထင်ရှားတဲ့ ၄တွေ - အာနိုး ရှဝါဇန်နဂ္ဂါ၊ မာဂရက် သက်ချာ၊ အိုပရာဝင်းဖရီး


၅... ရွေ့လျားနေတတ်သူ

၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ သဘာဝ အရ စပ်စုတဲ့ စိတ်၊ လာမယ့်ဘေး ပြေးတွေ့တဲ့ စိတ်နဲ့ စိတ်အား ထက်သန်မှုကြောင့် မကြာခဏ ဒုက္ခကြုံရတယ်။ သူတို့ဟာ ကွဲပြားခြားနားမှု ကို လိုလားပြီး ရေသေ အိုင် မှာ ၀ပ်မနေချင်ဘူး။ တစ်ကမ္ဘာလုံး က သူတို့ကျောင်းပဲ။

ဘယ်အခြေအနေ မှာရောက်ရောက် လေ့လာ သင်ယူနိုင် စွမ်း လည်းရှိကြတယ်။ မေးခွန်းတွေကိုလည်း အဆက်မပြတ်မေးတတ်ကြတယ်။

သည်တော့ တစ်ခုခုဆို ထင်ရာ မစိုင်းဖို့ အတွက် ဆုံးဖြတ်ချက်မချခင် အရာရာကို စေ့စေ့စပ်စပ်လေ့ လာ သင့်တယ်။

ထင်ရှားတဲ့ ၅ တွေက အေဘရာဟမ်လင်ကွန်း၊ ဗင်းဆင့်ဗင်ဂိုး၊ ဟယ်လင်ကယ်လာ

၆ ... ရိုမန်တစ်ဖြစ်တဲ့သူ

၆ တွေဟာ စိတ်ကူးကောင်းပြီး သူတို့ဟာ အသုံးကျတဲ့လူလို့ ခံစားရမှ နေပျော်တဲ့သူတွေဖြစ်တယ်။ မိသားစုနဲ့ ချစ်ကြည်နွေးထွေးမှု ဟာ သူတို့ အတွက် သိပ် အရေးကြီးတယ်။ သူတို့ဟာ သူတပါးကို ကူညီဖို့၊ ဂရုစိုက်ဖို့ စိတ် လို လက်ရရှိကြတယ်။

သိပ်ပြီး သစ္စာ ရှိသလို ဆရာကောင်းတွေလည်း ဖြစ်တတ်ကြတယ်။ သူတို့ က အနုပညာ၊ ဂီတ ကို နှစ်သက် တယ်။ သူတို့မှာ ခင်မင်ရင်းနှီးမှု ကို အထူးတလည် တန်ဖိုးထားတဲ့ သူငယ်ချင်းကောင်းတွေ ရှိတယ်။

၆ ဂဏန်း သမားတွေ လေ့လာသင့် တာက သူတို့ပြောင်းလဲရင် ဒါမှမဟုတ် မပြောင်းလဲဘဲ ထားရင် ဖြစ်ပေါ် လာမယ့် ကွဲပြားခြားနားမှုတွေ ကို လေ့လာသင့်ပါတယ်။

ထင်ရှားတဲ့ ၆ တွေ - အဲလ်ဘတ် အိုင်းစတိုင်း၊ ဂျွန်ဒန်ဗာ၊ ခရစ်စတိုဖာ ကိုလံဘတ်

၇ ...  စူးစမ်းသူ

၇ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ နောက်ကွယ် က သတင်း အချက်အလက်တွေ ကို အမြဲဖော် ထုတ်နေ ပြီး အပေါ်ယံ တန်ဖိုး အတိုင်း လက်ခံဖို့ ခက်ခဲကြတယ်။ ခံစားချက်ကြောင့် ဆုံးဖြတ်ချက် မယိမ်းယိုင် ဘူး။ ဘဝ မှာ အရာရာ ကိုမေးခွန်းထုတ် တတ်ပြီး သူတို့ကို သူတို့ မေးခွန်းထုတ်ရမှာကိုတော့ မကြိုက်ဘူး။

ဘယ်အရာကို မှ အလျင်စလို မလုပ်ဘူး။ သူတို့ ရဲ့ဆောင်ပုဒ်က ဖြည်းဖြည်း မှန်မှန်အောင်ပွဲခံပါ။ သူတို့ဟာ အတွေး အခေါ် ပညာရှင်တစ်ယောက် လို ဘဝ ကိုဖြတ်သန်းပြီး အသိပညာကြွယ်ဝ တတ်ပေမယ့် တခါ တလေ အထီးကျန် ဆန်ကြတယ်။ သူတို့ဟာ လျှို့ဝှက်ချက်တွေ ကို နှစ်သက်တယ်။

ကိုယ်ပိုင် ကမ္ဘာငယ်လေးမှာနေထိုင်သူတွေဖြစ်တာကြောင့် လောကကြီး က ဘာကို လက်ခံနိုင်တယ်၊ ဘာကို လက်မခံနိုင်ဘူး ဆိုတာ လေ့လာသင့်ပါတယ်။

ထင်ရှားတဲ့ ရတွေ ၀ီလျံရှိတ်စပီးယား၊ မိုက်ကယ်ဂျက်ဆင်၊ ဒိုင်ယာနာမင်းသမီး


၈..... ပြသနာရှင်းတတ်သူ

၈ တွေဟာ ပြသနာဖြေရှင်းသူတွေဖြစ်တယ်။ ပညာရှင် ဆန်တယ်၊ ဘွင်းဘွင်းနဲ့ ထိရောက်အောင် ပြောတယ်၊ ဆုံးဖြတ်ချက် မှန်တယ်၊ ပြတ်သားတယ်။ သူတို ့မှာ မဟာ စီမံကိန်းတွေ ရှိတတ်တယ် ။ ကောင်းကောင်းနေ ၊ ကောင်းကောင်း စားရတာကိုလည်း ကြိုက်တယ်။

လူတွေ ကို ကြီးကြပ် ကွပ်ကဲ တတ်တယ်။ သူတို့က လူတွေ ကို ယထာဘူတကျကျ ပဲ မြင်တယ်။ သူတို့သာ အကြီး အကဲဖြစ်ကြောင်းလည်း ပြတ်ပြတ် သားသားဖော်ပြတတ်တယ်။

၈ တွေ အဖို့ သူတပါး လိုအပ်ချက်ကို သိအောင် ကြိုးစားသင့်ပါတယ်။

ထင်ရှားတဲ့ ၈ တွေ - ဂျိန်းဖောင်ဒါ၊ ပါဘလိုပီကာဆို၊ အာရစ်သာ ဖရန်ကလင်း

၉...  အနုပညာရှင်

၉ တွေ ဟာ မွေးရာပါ အနုပညာရှင်တွေဖြစ်တယ်။ ဂရုစိုက်တတ်တယ်၊ ရက်ရောတယ်၊ နောက်ဆုံး လက် ကျန် ပိုက်ဆံလေး ကိုတောင် အကူအညီတောင်း လာရင် ရက်ရက်ရောရောပေးတတ်တယ်။ သူတို့ ရဲ့ချစ်စရာကောင်းမှုကြောင့် သူတို ့ဟာ သူငယ်ချင်း ဖွဲ့ရာမှာ အခက်အခဲမရှိဘူး။

သူတို့ နဲ့ တစိမ်း ဆိုတာလည်း မရှိဘူး။ သူတို့ မှာ ကိုယ်ရည် ကိုယ်သွေး အမျိုးမျိုး ရှိတဲ့ အတွက် ဘေးက လူတွေ က သူတို့ကို နားလည်ရ ခက်ကြတယ်။ သူတို့ဟာ ကံလည်း ကောင်းကြပေမယ့် အတက်ကြမ်း၊ အကျကြမ်းပြီး စိတ်ထောင်းကိုယ်ကြေဖြစ်တတ်တယ်။

 အောင်မြင်မှု ရဖို့ဆိုရင် သူတို့ အနေနဲ့ အခြေခံကောင်းကောင်း တစ်ခု တည်ဆောက်ထားဖို့လိုတယ်။

ထင်ရှားတဲ့ ၉ တွေ- ဟယ်ရီဆင်ဖို့ဒ်၊ ဂျင်မီကာတာ၊ အဲလ်ဗစ် ပရက်စလေ
#Credit phothutaw
aung  yein chan

aung yein chan

Powered by Blogger.