Update News
recent

Vivo စမတ်ဖုန်းကုမ္ပဏီ အလုပ်ရှင်အလုပ်သမားပြဿနာ ညှိုနှိုင်းမှု အချက်(၅) ချက်စလုံး သဘောတူညီ


#Zawgyi
_________________________________________________________________________
#Unicode
Vivo စမတ်ဖုန်းကုမ္ပဏီ ပဲခူးတိုင်းအနောက်ပိုင်း ပြည်ရုံးခွဲ တွင်ဖြစ်ပွားခဲ့သော အလုပ်ရှင်အလုပ်သမားပြဿနာအား ညှိုနှိုင်းမှုးများ ပြုလုပ်ခဲ့ရာ အလုပ်သမားများတောင်းဆိုထားသည့် အချက်ငါးချက်စလုံး သဘောတူညီမှုရရှိခဲ့ကြောင်းသိရသည်။
အဆိုပါသဘောတူညီသည့်အချက်များမှာ
(၁)တည်ဆဲဥပဒေနှင့်အညီ တစ်ရက်လုပ်ခဖြစ်သည့် အခြေခံလစာ ၃၆၀၀ကျပ်ပေးရန်
(၂) တစ်နေ့အလုပ်ချိန်(၈)နာရီနှင့် အချိန်ပိုခိုင်းလျှင် ဥပဒေပါသတ်မှတ်နှုန်းအတိုင်း အလုပ်သမားသဘောတူညီမှသာ ခိုင်းစေရန်နှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ခွင့်ပြုချက်ရရှိမှာသာ ခိုင်းစေရန်
(၃) တစ်ပတ်(၁)ရက်ရုံးပိတ်ရက်အပါအဝင် အစိုးရ၏ တရားဝင်ရုံးပိတ်ရက်များတွင် ပိတ်ပေးပြီး လုပ်ခလစာဖြတ်တောက်ခြင်းမပြုရန် လုပ်ငန်းလိုအပ်ချက်အရခေါ်ယူခိုင်းစေပါက လုပ်ခ (၂)ဆပေးပြီး အလုပ်သမားသဘောတူမှသာခိုင်းစေရန်
(၄)အငြင်းပွားမှုဖြစ်နေစဉ်အတွင်း အလုပ်သမားများ၏ လုပ်ခလစာအပြည့်အဝပေးရန် တို့ဖြစ်ကြောင်းသိရသည်။
(၅) ဖုန်းတစ်လုံးခြင်းစီ၏ အချိုးအစားလိုက် ရာခိုင်နှုန်းခံစားခွင့်ပေးရန်
တို့ဖြစ်ကြောင်း သိရပါသည်။
#Credit  YGN Media
aung  yein chan

aung yein chan

Powered by Blogger.