Update News
recent

ယူ႐ိုၿပိိဳင္ပြဲတြင္ အဂၤလန္ပရိသတ္မ်ားကို အၾကမ္းဖက္တိုက္ခိုက္ရန္ အိုင္အက္စ္အစီအစဥ္ ဆြဲထား


#Zawgyi
အဂၤလန္အသင္း ကစားတဲ့ ပြဲစဥ္မွာ အေသခံေဖာက္ခြဲမႈ ျပဳလုပ္ဖို႔ စီစဥ္ထားတာပါ။လာမယ့္ ယူ႐ို၂၀၁၆ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ ပြဲစဥ္ကစားတဲ့အခါ အုိင္အက္စ္အဖြဲ႔ဝင္ အေသခံေဖာက္ခြဲေရးသမားေတြက တိုက္ခုိက္ဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။ ျပင္သစ္ႏုိင္ငံ ပါရီၿမိဳ႕ အၾကမ္းဖက္မႈအၿပီး ေနာက္ဆက္တြဲ ဖမ္းဆီးခဲ့တဲ ေနာက္ကြယ္က ႀကိဳးကိုင္အစီအစဥ္ခ်ခဲ့သူ ဆာလက္အဒက္စလမ္ကိုဖမ္းဆီးရမိတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႔က သိခဲ့ရတာျဖစ္ပါတယ္။ဖမ္းဆီးရမိခဲ့သူ အၾကမ္းဖက္သမားရဲက ကြန္ပ်ဴတာထဲမွာ ေဘာလံုးပြဲအတြင္း ဒီလိုအၾကမ္းဖက္မႈကို လုပ္ေဆာင္ဖို႔ အစီအစဥ္ ေရးဆြဲထားတာျဖစ္ပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္နဲ႔ ႐ုရွားပြဲစဥ္ ကစားတဲ့အခါ အဂၤလန္ပရိသတ္ေတြကို ပစ္မွတ္ထားၿပီး အေသခံေဖာက္ခြဲမႈ ျပဳလုပ္ဖို႔ စီစဥ္ထားတာကို ရဲတပ္ဖြဲ႔က ေဖာ္ထုတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ လာမယ့္ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္ပရိသတ္ေတြအေနနဲ႔ တရားဝင္ပရိသတ္နယ္ေျမအတြင္းက ထြက္သြားၿပီး အျခားေနရာေတြမွာ အႏၱရာယ္ျဖစ္မယ့္အေရးကို ၿဗိတိန္လံုၿခံဳေရး အႀကီးအကဲေတြက စုိးရိမ္ေနပါတယ္။ လံုၿခံဳေရးကိစၥအတြက္ ျပင္သစ္အာဏာပိုင္ေတြနဲ႔အတူ တင္းတင္းၾကပ္ၾကပ္ပူးေပါင္းကိုင္တြယ္ေနတယ္လို႔ လံုၿခံဳေရးဌာနက  အႀကီးအကဲ တစ္ဦးက The Sun သတင္းဌာနကုိ ေျပာၾကားပါတယ္။မၾကာခင္ ျပင္သစ္မွာ က်င္းပေတာ့မယ့္ ယူ႐ိုၿပိဳင္ပြဲဟာ  အၾကမ္းဖက္တိုက္ခိုက္ခံရႏုိင္ေခ်ရွိတဲ့အတြက္ လံုၿခံဳေရး တင္းတင္းက်ပ္က်ပ္ကိုင္တြယ္လွ်က္ရွိပါတယ္။
__________________________________________________________________________
#Unicode
အင်္ဂလန်အသင်း ကစားတဲ့ ပွဲစဉ်မှာ အသေခံဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။လာမယ့် ယူရို၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ကစားတဲ့အခါ အိုင်အက်စ်အဖွဲ့ဝင် အသေခံဖောက်ခွဲရေးသမားတွေက တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ အကြမ်းဖက်မှုအပြီး နောက်ဆက်တွဲ ဖမ်းဆီးခဲ့တဲ နောက်ကွယ်က ကြိုးကိုင်အစီအစဉ်ချခဲ့သူ ဆာလက်အဒက်စလမ်ကိုဖမ်းဆီးရမိတဲ့အချိန်မှာ ရဲတပ်ဖွဲ့က သိခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့သူ အကြမ်းဖက်သမားရဲက ကွန်ပျူတာထဲမှာ ဘောလုံးပွဲအတွင်း ဒီလိုအကြမ်းဖက်မှုကို လုပ်ဆောင်ဖို့ အစီအစဉ် ရေးဆွဲထားတာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ရုရှားပွဲစဉ် ကစားတဲ့အခါ အင်္ဂလန်ပရိသတ်တွေကို ပစ်မှတ်ထားပြီး အသေခံဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်ထားတာကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်တွေအနေနဲ့ တရားဝင်ပရိသတ်နယ်မြေအတွင်းက ထွက်သွားပြီး အခြားနေရာတွေမှာ အန္တရာယ်ဖြစ်မယ့်အရေးကို ဗြိတိန်လုံခြုံရေး အကြီးအကဲတွေက စိုးရိမ်နေပါတယ်။ လုံခြံုရေးကိစ္စအတွက် ပြင်သစ်အာဏာပိုင်တွေနဲ့အတူ တင်းတင်းကြပ်ကြပ်ပူးပေါင်းကိုင်တွယ်နေတယ်လို့ လုံခြံုရေးဌာနက  အကြီးအကဲ တစ်ဦးက The Sun သတင်းဌာနကို ပြောကြားပါတယ်။မကြာခင် ပြင်သစ်မှာ ကျင်းပတော့မယ့် ယူရိုပြိုင်ပွဲဟာ  အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ချေရှိတဲ့အတွက် လုံခြံုရေး တင်းတင်းကျပ်ကျပ်ကိုင်တွယ်လျှက်ရှိပါတယ်။
#Credit  Duwun
aung  yein chan

aung yein chan

Powered by Blogger.