Update News
recent

ရခိုင္ျပည္နယ္တြင္း တိုက္ပြဲႏွင့္ပတ္သက္၍ ALP ပါတီ ထုတ္ျပန္ခ်က္ခိုင္လံုမႈမရွိပါက ဖမ္းဆီးအေရးယူမည္ဟုဆို


#Zawgyi
ရခိုင္ျပည္နယ္တြင္ တုိက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ျမန္ မာ့တပ္မေတာ္က အျပစ္မဲ့ျပည္သူ မ်ားအေပၚ ဥပေဒမဲ့လုပ္ရပ္မ်ား ခ်က္ခ်င္းရပ္တန္႔ရန္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)က ေၾကညာခ်က္ထုတ္ျပန္ျခင္းႏွင့္ပတ္သက္၍လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီးႏွင့္ ပါတီတာဝန္ရွိသူမ်ား တံခါးပိတ္ေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ AA တို႔အၾကားျဖစ္ပြားေနေသာ တုိက္ပြဲ မ်ားအတြင္း အရပ္သားျပည္သူ မ်ားသည္ ေနရပ္မ်ားမွ အဓမၼေရႊ႕ ေျပာင္းခံရျခင္း၊ ေပၚတာဆြဲခံရ ျခင္းမ်ား ႀကံဳေတြ႕ေနရေၾကာင္း ႏွင့္ တပ္မေတာ္က ဥပေဒမဲ့လုပ္ရပ္မ်ား ခ်က္ခ်င္း ရပ္တန္႔ေပးရန္ ALP က ဧၿပီ ၂၄ ရက္စြဲျဖင့္ ထုတ္ ျပန္ျခင္းျဖစ္သည္။ ယင္းထုတ္ ျပန္ခ်က္ႏွင့္စပ္လ်ဥ္း၍ ျပည္နယ္ နယ္လံုဝန္ႀကီး ဗုိလ္မွဴးႀကီး ထိန္ လင္း၊ ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ ALP ဆက္ဆံေရးတာဝန္ခံ ဗုိလ္မွဴးႏိုင္ရဲလင္း ဦးေဆာင္ေသာ အဖြဲ႕ တို႔ ဧၿပီ ၂၇ ရက္ကေတြ႕ဆံုခဲ့သည္။

အဆိုပါ တံခါးပိတ္ေဆြးေႏြး ပြဲကို ဧၿပီ ၂၇ ရက္က ရခိုင္ျပည္ နယ္ အစိုးရအဖြဲ႕၊ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန႐ံုးခန္း တြင္ ျပဳလုပ္ခဲ့သည္။ ေတြ႕ဆံုမႈ တြင္ နယ္လံုဝန္ႀကီးဗုိလ္မွဴးႀကီး ထိန္လင္းႏွင့္ ျပည္နယ္ရဲတပ္ဖြဲ႕ မွဴးတို႔က ေၾကညာခ်က္ထုတ္ျပန္ ျခင္းႏွင့္ပတ္သက္၍ ခိုင္လံုမႈမရွိ လွ်င္ ရခိုင္ျပည္နယ္လြတ္ေျမာက္ ေရးပါတီ(ALP)မွ စည္း႐ံုးေရးႏွင့္ ျပန္ၾကားေရးဌာန ဒုဥကၠ႒ကို ဖမ္းဆီးမည္ဟု ေျပာၾကားခဲ့ေၾကာင္း ALP တာဝန္ရွိသူတစ္ဦးက ေျပာ သည္။ ‘‘သူတို႔ဘက္က ေျပာတာ ေတာ့ ေၾကညာခ်က္နဲ႔ပတ္သက္ ၿပီး ခိုင္လံုတဲ့ သတင္းအခ်က္အ လက္ ခ်က္ခ်င္းေပးရမယ္။ မခိုင္ လံုရင္ ခ်က္ခ်င္းအမႈဖြင့္ၿပီး ဖမ္း မယ္လို႔ ေျပာပါတယ္’’ဟု ၎က ဆိုသည္။

ရခိုင္ျပည္လြတ္ေျမာက္ေရး ပါတီ(ALP)မွ တာဝန္ရွိသူမ်ားက သတင္းခိုင္လံုမႈမရွိဘဲ မထုတ္ ျပန္ေၾကာင္း၊ ခိုင္လံုေသာသတင္း ခ်က္ခ်င္းေပးလွ်င္ ျမန္မာ့တပ္ မေတာ္က ရဲေဘာ္မ်ားကို ခ်က္ ခ်င္း ဖမ္းရန္ႏွင့္ ေၾကညာခ်က္မ ထုတ္ျပန္မီ အခ်ိန္ကပင္ အ ေကာင္းဆံုး ေမွ်ာ္လင့္ထားသကဲ့ သို႔ အဆိုးဆံုးကိုလည္း ရင္ဆုိင္ရန္ အဆင္သင့္ ရွိေနေၾကာင္း ျပန္ လည္ေျပာၾကားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

နယ္လံုဝန္ႀကီးႏွင့္ေတြ႕ဆံုခဲ့ ျခင္းႏွင့္ပတ္သက္၍ ဗုိလ္မွဴးႏုိင္ရဲ လင္းက ‘‘Statement မွာပါတဲ့ စာသားတခ်ိဳ႕နဲ႔ပတ္သက္ၿပီး အ ေထာက္အထားခိုင္လံုမႈရွိလား၊ ဘယ္အေထာက္အထားေပၚမွာ ေျပာတာလဲ သူက ေျပာတယ္။ ကြၽန္ေတာ္တို႔ကလည္း ကြၽန္ေတာ္ တို႔ရထားတဲ့ အေထာက္အထား အေပၚ ခိုင္လံုလို႔ လုပ္တာ တင္ျပ တယ္။ သူတို႔က အေထာက္အ ထားမရွိဘဲနဲ႔ လုပ္တာဆိုရင္ တည္ဆဲဥပေဒနဲ႔ အေရးယူမယ္၊ ထုတ္ တဲ့သူ တာဝန္ယူရမယ္လို႔ ေျပာ တယ္။ ကြၽန္ေတာ္တို႔ကလည္း အ ေထာက္အထားရွိရင္ ကြၽန္ေတာ္ တို႔ေတာင္းဆိုတာ ေပးမလားေမး ေတာ့ သူတို႔ဘက္က အေထာက္ အထားရရင္ ေပးပါ။ သူတို႔က ေအာက္ေျခကို အေရးယူမယ္ဆို ၿပီး ေျပာတာပါ’’ဟု ေျပာသည္။

စစ္ပြဲျဖစ္ပြားၿပီးေနာက္ ျမန္ မာ့တပ္မေတာ္က ရေသ့ေတာင္ ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားမွ ေဒသခံအခ်ိဳ႕ကို ေပၚတာဆြဲကာ အဓမၼအလုပ္ ေစခိုင္းခံရသူမ်ား ေတြ႕ရွိထားၿပီး ဆက္လက္၍ ေပၚတာအဆြဲခံရသူမ်ား၏စာရင္းမ်ား ကို လုိက္လံေကာက္ခံေနေၾကာင္း ALP တာဝန္ရွိသူမ်ားက ဆိုသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ျပည္နယ္ နယ္လံုဝန္ႀကီးထံ ဆက္ သြယ္ေသာ္လည္း ျပန္လည္ေျဖ ၾကားျခင္းမရွိေသးေပ။

ALP သည္ ၂၀၁၂ က အစိုးရႏွင့္ျပည္နယ္အဆင့္ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထုိးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ ဖြဲ႕ျဖစ္သည္။ ALP သည္ ေက်ာက္ ေတာ္ၿမိဳ႕တြင္ ဆက္ဆံေရး႐ံုး ဖြင့္လွစ္ထားၿပီး တစ္ႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)တြင္လည္း ပါဝင္လက္မွတ္ေရးထိုးထားသည္။
__________________________________________________________________________
#Unicode
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြန် မာ့တပ်မတော်က အပြစ်မဲ့ပြည်သူ များအပေါ် ဥပဒေမဲ့လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ကြေညာချက်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် ပါတီတာဝန်ရှိသူများ တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်နှင့် AA တို့အကြားဖြစ်ပွားနေသော တိုက်ပွဲ များအတွင်း အရပ်သားပြည်သူ များသည် နေရပ်များမှ အဓမ္မရွှေ့ ပြောင်းခံရခြင်း၊ ပေါ်တာဆွဲခံရ ခြင်းများ ကြံုတွေ့နေရကြောင်း နှင့် တပ်မတော်က ဥပဒေမဲ့လုပ်ရပ်များ ချက်ချင်း ရပ်တန့်ပေးရန် ALP က ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ် ပြန်ခြင်းဖြစ်သည်။ ယင်းထုတ် ပြန်ချက်နှင့်စပ်လျဉ်း၍ ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန် လင်း၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် တာဝန်ရှိသူများနှင့် ALP ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးနိုင်ရဲလင်း ဦးဆောင်သော အဖွဲ့ တို့ ဧပြီ ၂၇ ရက်ကတွေ့ဆုံခဲ့သည်။

အဆိုပါ တံခါးပိတ်ဆွေးနွေး ပွဲကို ဧပြီ ၂၇ ရက်က ရခိုင်ပြည် နယ် အစိုးရအဖွဲ့၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနရုံးခန်း တွင် ပြုလုပ်ခဲ့သည်။ တွေ့ဆုံမှု တွင် နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ရဲတပ်ဖွဲ့ မှူးတို့က ကြေညာချက်ထုတ်ပြန် ခြင်းနှင့်ပတ်သက်၍ ခိုင်လုံမှုမရှိ လျှင် ရခိုင်ပြည်နယ်လွတ်မြောက် ရေးပါတီ(ALP)မှ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌကို ဖမ်းဆီးမည်ဟု ပြောကြားခဲ့ကြောင်း ALP တာဝန်ရှိသူတစ်ဦးက ပြော သည်။ ‘‘သူတို့ဘက်က ပြောတာ တော့ ကြေညာချက်နဲ့ပတ်သက် ပြီး ခိုင်လုံတဲ့ သတင်းအချက်အ လက် ချက်ချင်းပေးရမယ်။ မခိုင် လုံရင် ချက်ချင်းအမှုဖွင့်ပြီး ဖမ်း မယ်လို့ ပြောပါတယ်’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ တာဝန်ရှိသူများက သတင်းခိုင်လုံမှုမရှိဘဲ မထုတ် ပြန်ကြောင်း၊ ခိုင်လုံသောသတင်း ချက်ချင်းပေးလျှင် မြန်မာ့တပ် မတော်က ရဲဘော်များကို ချက် ချင်း ဖမ်းရန်နှင့် ကြေညာချက်မ ထုတ်ပြန်မီ အချိန်ကပင် အ ကောင်းဆုံး မျှော်လင့်ထားသကဲ့ သို့ အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန် အဆင်သင့် ရှိနေကြောင်း ပြန် လည်ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နယ်လုံဝန်ကြီးနှင့်တွေ့ဆုံခဲ့ ခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးနိုင်ရဲ လင်းက ‘‘Statement မှာပါတဲ့ စာသားတချို့နဲ့ပတ်သက်ပြီး အ ထောက်အထားခိုင်လုံမှုရှိလား၊ ဘယ်အထောက်အထားပေါ်မှာ ပြောတာလဲ သူက ပြောတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော် တို့ရထားတဲ့ အထောက်အထား အပေါ် ခိုင်လုံလို့ လုပ်တာ တင်ပြ တယ်။ သူတို့က အထောက်အ ထားမရှိဘဲနဲ့ လုပ်တာဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်၊ ထုတ် တဲ့သူ တာဝန်ယူရမယ်လို့ ပြော တယ်။ ကျွန်တော်တို့ကလည်း အ ထောက်အထားရှိရင် ကျွန်တော် တို့တောင်းဆိုတာ ပေးမလားမေး တော့ သူတို့ဘက်က အထောက် အထားရရင် ပေးပါ။ သူတို့က အောက်ခြေကို အရေးယူမယ်ဆို ပြီး ပြောတာပါ’’ဟု ပြောသည်။

စစ်ပွဲဖြစ်ပွားပြီးနောက် မြန် မာ့တပ်မတော်က ရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ်များမှ ဒေသခံအချို့ကို ပေါ်တာဆွဲကာ အဓမ္မအလုပ် စေခိုင်းခံရသူများ တွေ့ရှိထားပြီး ဆက်လက်၍ ပေါ်တာအဆွဲခံရသူများ၏စာရင်းများ ကို လိုက်လံကောက်ခံနေကြောင်း ALP တာဝန်ရှိသူများက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် နယ်လုံဝန်ကြီးထံ ဆက် သွယ်သော်လည်း ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။

ALP သည် ၂၀၁၂ က အစိုးရနှင့်ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်သည်။ ALP သည် ကျောက် တော်မြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။


#Credit 7DayDaily

aung  yein chan

aung yein chan

Powered by Blogger.