မြို့တွင်းပတ် ယာဉ်လိုင်းတစ်ခုဖြစ်တဲ့ YBS ၅၆ ယာဉ်လိုင်းမှာ ယာဉ်လုံခြုံရေး ကြီးကြပ်ရေးမှူး ဝန်ထမ်း တွေကို ထားရှိနေပြီဖြစ်ပါတယ်။ အဲဒီလို ယာဉ်လုံခြုံရေး ကြီးကြပ်ရေးမှူး ဝန်ထမ်းတွေကိုသြဂုတ်လ ၂၀ ရက်က စတင်ကာ ထားရှိတာဖြစ်ပြီး ယာဉ်တစ်စီးကို တစ်ဦးနှုန်းနဲ့ထားရှိတာပါ။
ယာဉ်လိုင်းတွေမှာ Omini Focus ကုမ္ပဏီရဲ့ လက်အောက်ကနေပြေးဆွဲနေတာဟာ ယာဉ်လိုင်းနံပါတ်
၅၆ နဲ့ ၂၀ ဆိုတဲ့ ယာဉ်လိုင်းနှစ်လိုင်းရှိပြီး ယာဉ်လုံခြုံရေးကြီးကြပ်ရေးမှူးဝန်ထမ်းတွေ ကိုတော့ ယာဉ်လိုင်း နံပါတ်၅၆မှာပဲ ထားရှိသေးတာ ဖြစ်ပါတယ်။
၅၆ နဲ့ ၂၀ ဆိုတဲ့ ယာဉ်လိုင်းနှစ်လိုင်းရှိပြီး ယာဉ်လုံခြုံရေးကြီးကြပ်ရေးမှူးဝန်ထမ်းတွေ ကိုတော့ ယာဉ်လိုင်း နံပါတ်၅၆မှာပဲ ထားရှိသေးတာ ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီ့ဝန်ထမ်းတွေကို ထားရှိတာကလည်း စမ်းသပ်လုပ်ဆောင်တာဖြစ်ပြီး အဆင်ပြေပါက ယာဉ်လိုင်း ၂၀ မှာပါ ထားသွားဖို့ရှိတယ်လို့ သိရပါတယ်။ YBSရဲ့ တခြားယာဉ်လိုင်းတွေမှာတော့ လုံခြုံရေး ဝန်ထမ်းတွေ ထားရှိတာ မတွေ့ရသေးဘဲ တစ်ချို့ကားတွေမှာတော့ CCTVတပ်ဆင်ထားတာဖြစ်ပါတယ်။
သြဂုတ်လ၂၁ရက်နေ့က ယာဉ်လိုင်းနံပတ်၂၀က ကားတစ်စီးပေါ်ကို လူနှစ်ဦးတက်ပြီး ပိုက်ဆံတောင်းတဲ့ဖြစ်စဉ် တစ်ခုဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ အဲဒီ့သူတွေကို ဖဖ်းမိပြီလို့လည်း သိရပါတယ်။
#Credit 7Days