Update News
recent

နည္းပညာ မဝင္ရ၊ အသိပညာ မလာရ၊ လံုၿခံဳေရးခ်ထားသည္


#Zawgyi
‘‘မနက္ ၈ နာရီခြဲေလာက္ရွိ ေသးတယ္ဆရာ။ ဌာနထဲကို Term Paper ကိစၥအတြက္ ေက်ာင္းသားေတြ အဝင္အထြက္ ေတာ့ ရွိေနတာေပါ့။ ဆရာမေတြ ကလည္း ခါတုိင္းလုိပဲ တခ်ိဳ႕က လက္ကိုင္အိတ္ေတြကို ဌာနထဲ သူတုိ႔စားပြဲေပၚတင္ထားခဲ့ၿပီး အ တန္းဝင္စာသင္သြားၾကတာေပါ့။ ဒီေန႔ေတာ့ ပိုက္ဆံေတြပါသြား တယ္လုိ႔ ေျပာတယ္။ ဆရာမတစ္ ေယာက္ ငိုေနတာ ေတြ႕ခဲ့ရတယ္’’ တဲ့။ တကၠသိုလ္ေနာက္ဆံုးႏွစ္ ေက်ာင္းသားတစ္ေယာက္က ေျပာျပေနတာပါ။

စာေရးသူတုိ႔ တကၠသိုလ္မွာ လည္း ၿပီးခဲ့တဲ့ရက္ပိုင္းက ဝန္ထမ္းလိုင္းခန္းအေရွ႕မွာ ညဘက္ေသာ့ ခတ္ရပ္ထားတဲ့ တန္ဖိုးႀကီးဆုိင္ ကယ္တစ္စီး ခိုးယူတာခံခဲ့ရပါ တယ္။ ပစၥည္းေပ်ာက္တာ၊ ခုိးယူ ျခင္းခံရတာ မဆန္းေပမယ့္ ဆံုး႐ႈံး လိုက္တဲ့ ကာယကံရွင္အဖို႔ ဝမ္း နည္းစိတ္ညစ္ျဖစ္ၾကရပါတယ္။ ၿပီးေတာ့ ဟိုလူ႔ထင္၊ ဒီလူ႔ထင္၊ ဟိုလူေၾကာင့္၊ ဒီလူေၾကာင့္၊ ဘာ ျဖစ္လို႔၊ ညာျဖစ္လို႔ဆုိၿပီး စကား သံေတြ ထြက္လာၾကေတာ့တာ ပါပဲ။

အိမ္မွာ၊ ေက်ာင္းမွာ၊ ရပ္ထဲ ရြာထဲမွာ စသျဖင့္ ျမန္မာ့လူ႔အဖြဲ႕ အစည္းအတြင္းမွာ ခုိးယူလုဝွက္ တဲ့ သတင္းေတြကို တစ္ေနရာ မဟုတ္ တစ္ေနရာ ၾကားေနၾကရ မွာပါ။ ပမာဏ နည္းတာ၊ မ်ားတာ၊တရားခံမိတာ၊ မမိတာ၊ အ ေၾကာင္းအရာအမ်ိဳးမ်ိဳးအဖံုဖံု စံုစံု လင္လင္ရွိတတ္ပါတယ္။ ဇြန္လ ဆန္းပိုင္းတုန္းကလည္း တကၠ သိုလ္ႀကီးတစ္ခုမွာ ေငြက်ပ္သိန္း ေလးဆယ္ေက်ာ္ ခိုးယူခံလိုက္ရ တဲ့သတင္း ၾကားလိုက္ရပါေသး တယ္။

(၂)

ဒုစ႐ိုက္မႈ၊ ရာဇဝတ္မႈမ်ိဳးစံု ဟာ ပံုစံအေနအထား ဆန္းျပား စြာနဲ႔ ခပ္စိပ္စိပ္ၾကားေနၾကရပါ တယ္။ မျဖစ္ႏုိင္တဲ့အရာ၊ မျဖစ္ သင့္တဲ့အရပ္ေတြအထိ မယံုႏုိင္ စရာ ျဖစ္ေနတာေတြလည္း ရွိပါ တယ္။ ‘ဆုတ္ကပ္’လို႔လည္း လူ ေျပာမ်ားၾကတယ္။ ‘ေခတ္ႀကီးက မေကာင္းပါဘူး’၊ ‘လူေတြက ဘယ္သူ႔မွ မယံုရေတာ့ဘူး’လုိ႔ ေရရြတ္ တတ္ၾကပါတယ္။ ဒီလိုနဲ႔ပဲ တစ္ ရက္ၿပီးတစ္ရက္၊ တစ္ႏွစ္ၿပီးတစ္ ႏွစ္။

‘‘လူအမ်ား ဝင္ထြက္သြား လာၾကတဲ့ေနရာေတြမွာ လံုၿခံဳေရး အတြက္ေရာ၊ မလုိလားအပ္တာ မျဖစ္ဖို႔အတြက္ေရာ လံုၿခံဳေရးအ စီအစဥ္ေတြ ထိထိမိမိရွိထားသင့္ ပါတယ္။ တခ်ိဳ႕ ႐ံုးခန္းဌာနေတြ မွာ တီဗီေတြ၊ စေလာင္းေတြ စတဲ့ ဇိမ္ခံပစၥည္းေတြ အခန္းတုိင္းရွိ တတ္ေပမယ့္ လံုၿခံဳေရးဆုိင္ရာ အီလက္ထရြန္နစ္ကိရိယာ ဘာမွ မရွိတာ ေတြ႕ဖူးတယ္။ ဘာပဲေျပာ ေျပာ ဒီေခတ္ႀကီးထဲမွာ လံုၿခံဳေရး အတြက္ နည္းပညာကို မျဖစ္မေန အသံုးျပဳသင့္တယ္လို႔ ထင္ပါ တယ္’’ဟု လူငယ္တစ္ဦးက ေျပာ ျပပါတယ္။

လံုၿခံဳေရးအေစာင့္အျဖစ္ လံုၿခံဳေရးဝန္ထမ္းမဟုတ္သူ လူ႔ စြမ္းအားအရင္းအျမစ္မ်ားကို ခိုင္း ေစတာဝန္ခ်မႈစနစ္ က်င့္သံုးဆဲရွိ ေနတာကိုလည္း ပုဂၢလိကနဲ႔ အစိုး ရက႑ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ေနၾကရဆဲ။ ‘‘လံုၿခံဳေရးေခါင္းစဥ္ေအာက္မွာ တာဝန္ထမ္း ေဆာင္ေနရေပမယ့္ ကိုယ့္ရဲ႕လံုၿခံဳ ေရးက်ေတာ့ ဘာမွစိတ္ခ်ရတဲ့အ ေနအထားမရွိဘူး။ ဘယ္သူမွ တာဝန္ယူမယ့္အေနအထားမရွိ ဘူး။ အရင္ဆံုးေတာ့ ကိုယ္ျဖစ္ ကိုယ္ခံပဲ’’လို႔ မိတ္ေဆြတစ္ ေယာက္က ေျပာျပပါတယ္။

(၃)

ေပတံလွလွ၊ ခဲဖ်က္လွလွ ခိုးယူတာကအစ ေရႊေငြရတနာ ဥစၥာပစၥည္း ခုိးယူတာေတြအလယ္ အရွက္နဲ႔အသက္အထိ ခုိးယူလု ယက္မႈေတြကို ပတ္ဝန္းက်င္တုိင္း မွာ ေတြ႕ေနၾကားေနၾကရပါတယ္။ နည္းပညာအသံုးခ်ႏုိင္မႈ အရွိန္ မေကာင္းေသးသမွ် ဆက္လက္ ရင္ဆုိင္ေနၾကရဦးမွာပါ။ တုိင္း တစ္ပါးပညာရွင္မ်ား ေဖာ္ထုတ္ ၿပီးသား၊ ရွိၿပီးသား နည္းပညာမ်ား ကို အသံုးျပဳခြင့္မရျခင္း၊ လူတုိင္း ခံစားခြင့္ရွိေစရန္ မစီမံႏုိင္ျခင္းဟာ ကိုယ္ညံ့လို႔ပါပဲ။

ေနာက္တစ္ခုက အသိပညာ ပါ။ စာရိတၱလံုၿခံဳေရး၊ ယဥ္ေက်း မႈလံုၿခံဳေရးမ်ားအတြက္ တစ္ဦး ခ်င္းစီကစလို႔ ႏုိင္ငံေတာ္လံုၿခံဳေရး အထိ အသိပညာနဲ႔သာ ကာကြယ္ ႏုိင္မွာပါ။ အရြယ္နဲ႔၊ အဆင့္နဲ႔၊ အ ခ်ိန္နဲ႔ ကိုက္ညီတဲ့ အသိပညာေတြ ကို ျဖန္႔ႏုိင္၊ ေပးႏုိင္၊ လက္ခံႏုိင္ ၾကရပါမယ္။ အသိပညာက အႏၲ ရာယ္ရဲ႕အေရွ႕မွာ ကာကြယ္ခုခံ ႏုိင္ဖို႔ ႀကိဳေရာက္ေနရပါမယ္။ အႏၲရာယ္ျဖစ္ၿပီးမွ အသိပညာက ေနာက္ကလိုက္တာဟာ မမွန္ ကန္ပါဘူး။

အသိပညာခ်ိဳ႕တဲ့ရင္ အသိ ပညာႂကြယ္ဝသူရဲ႕ ေနာက္မွာပဲ ေနရမွာပါ။ တစ္ဦးခ်င္းပဲယွဥ္ ယွဥ္၊ ႏုိင္ငံအခ်င္းခ်င္းပဲယွဥ္ယွဥ္ အသိပညာျမင့္မားထြန္းကားမွ ေရွ႕ေရာက္ေနမွာပါ။ အထူး သျဖင့္ စာသင္ေက်ာင္းနဲ႔ တကၠ သိုလ္ေတြကေန ကေလးငယ္မ်ား၊ ဆယ္ေက်ာ္သက္မ်ားကို မွန္ကန္ တဲ့အသိပညာေတြ မျဖစ္မေနသင္ ျပေပးၾကရပါမယ္။ ပညာသင္ ၾကားသင္ယူမႈနယ္ပယ္မွာ နည္း ပညာေတြ၊ အသိပညာေတြကို ကန္႔သတ္မထားသင့္ပါဘူး။

(၄)

အစိုးရ႐ံုးဌာနဆုိင္ရာ စာ ရြက္စာတမ္းအခ်က္အလက္ေတြ ကို ထို႐ံုးဌာနမ်ားအနီးက ပုဂၢလိ က စာစီစာ႐ိုက္မိတၱဴဆုိင္ေတြမွာ ရႏုိင္တယ္။ ေဈးကြက္ရွာေဖြေရး နဲ႔ အေရာင္းျမႇင့္တင္မႈမ်ား အတြက္ စီးပြားေရးလုပ္ငန္းမ်ားက စာသင္ေက်ာင္းနဲ႔ တကၠသိုလ္ေကာလိပ္ေတြကို ပစ္မွတ္ထား လာၾကပါတယ္။ ႐ံုးဌာနေတြကနည္းပညာကို ကိုယ္တုိင္အသံုးျပဳႏုိင္ဖို႔၊ စာသင္ေက်ာင္းနဲ႔ တကၠသိုလ္ ေကာလိပ္ေတြကေက်ာင္းသား၊ ေက်ာင္းသူေတြကို နည္းပညာအား၊ အသိပညာအားနဲ႔ ဆြဲေဆာင္ႏုိင္ဖို႔ လိုအပ္ေနပါတယ္။

ပစၥည္းဥစၥာေပ်ာက္တာ၊ ခိုး ယူခံရတာက ျပန္လည္အစားထိုး ျဖည့္တင္းလုိ႔ ရႏုိင္ပါတယ္။ ႐ိုးရာ ဓေလ့ေတြ၊ လူမႈက်င့္ဝတ္ေတြ၊ စာနာေထာက္ထားမႈေတြ၊ ေမတၱာတရားေတြ၊ ၿငိမ္းခ်မ္းမႈေတြ ေလ်ာ့ပါးဆံုး႐ႈံးရင္ ေရရွည္အထိ အား လံုးနစ္နာမွာပါ။ ဒီအတြက္ လူ႔အ ဖြဲ႕အစည္းတစ္ရပ္လံုး သတိျပဳၾက ရမွာပါ။ ခိုးဆိုးလုယက္သတ္ျဖတ္ မႈေတြ အတင့္ရဲမလာဖို႔၊ အခ်င္းခ်င္း ယံုၾကည္ေလးစားမႈေတြ ပေပ်ာက္မသြားဖို႔ဂ႐ုစိုက္ၾကရမွာပါ။

ရြာတုိင္း၊ ၿမိဳ႕တိုင္း၊ ေက်ာင္း တုိင္း၊ တကၠသိုလ္တုိင္း၊ ဌာနတုိင္း၊ အဖြဲ႕အစည္းတုိင္း အသစ္ အသစ္ေသာ နည္းပညာမ်ားကို စိန္ေခၚႏုိင္ရပါမယ္။ မရွိမျဖစ္ ေသာ အသိပညာမ်ားကို ပိုင္ဆုိင္ ထားႏုိင္ရပါမယ္။ နည္းပညာကို ထိေတြ႕ခြင့္မေပး၊  အသိပညာကို လြတ္လပ္ခြင့္မေပး၊ လက္ေအာက္ငယ္သား လူ႔စြမ္းအားမ်ားကို လံုၿခံဳေရးတာဝန္ခ်ထားမႈမွ လြတ္ကင္းမႈမေပး၊ ဒါေတြကို ျပဳျပင္ေျပာင္းလဲႏုိင္ရပါမယ္။ လုိအပ္တဲ့ နည္းပညာေတြ ဝင္ပါေစ။ လိုအပ္တဲ့ အသိပညာေတြ လာပါေစ။ ဒါမွ လူမႈဘဝ လံုၿခံဳေရးမ်ား အတြက္ စိတ္ေအးၾကရမွာ မဟုတ္ပါ လား။။
__________________________________________________________________________
#Unicode
‘‘မနက် ၈ နာရီခွဲလောက်ရှိ သေးတယ်ဆရာ။ ဌာနထဲကို Term Paper ကိစ္စအတွက် ကျောင်းသားတွေ အဝင်အထွက် တော့ ရှိနေတာပေါ့။ ဆရာမတွေ ကလည်း ခါတိုင်းလိုပဲ တချို့က လက်ကိုင်အိတ်တွေကို ဌာနထဲ သူတို့စားပွဲပေါ်တင်ထားခဲ့ပြီး အ တန်းဝင်စာသင်သွားကြတာပေါ့။ ဒီနေ့တော့ ပိုက်ဆံတွေပါသွား တယ်လို့ ပြောတယ်။ ဆရာမတစ် ယောက် ငိုနေတာ တွေ့ခဲ့ရတယ်’’ တဲ့။ တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်က ပြောပြနေတာပါ။

စာရေးသူတို့ တက္ကသိုလ်မှာ လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ထမ်းလိုင်းခန်းအရှေ့မှာ ညဘက်သော့ ခတ်ရပ်ထားတဲ့ တန်ဖိုးကြီးဆိုင် ကယ်တစ်စီး ခိုးယူတာခံခဲ့ရပါ တယ်။ ပစ္စည်းပျောက်တာ၊ ခိုးယူ ခြင်းခံရတာ မဆန်းပေမယ့် ဆုံးရှုံး လိုက်တဲ့ ကာယကံရှင်အဖို့ ဝမ်း နည်းစိတ်ညစ်ဖြစ်ကြရပါတယ်။ ပြီးတော့ ဟိုလူ့ထင်၊ ဒီလူ့ထင်၊ ဟိုလူကြောင့်၊ ဒီလူကြောင့်၊ ဘာ ဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး စကား သံတွေ ထွက်လာကြတော့တာ ပါပဲ။

အိမ်မှာ၊ ကျောင်းမှာ၊ ရပ်ထဲ ရွာထဲမှာ စသဖြင့် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ ခိုးယူလုဝှက် တဲ့ သတင်းတွေကို တစ်နေရာ မဟုတ် တစ်နေရာ ကြားနေကြရ မှာပါ။ ပမာဏ နည်းတာ၊ များတာ၊တရားခံမိတာ၊ မမိတာ၊ အ ကြောင်းအရာအမျိုးမျိုးအဖုံဖုံ စုံစုံ လင်လင်ရှိတတ်ပါတယ်။ ဇွန်လ ဆန်းပိုင်းတုန်းကလည်း တက္က သိုလ်ကြီးတစ်ခုမှာ ငွေကျပ်သိန်း လေးဆယ်ကျော် ခိုးယူခံလိုက်ရ တဲ့သတင်း ကြားလိုက်ရပါသေး တယ်။

(၂)

ဒုစရိုက်မှု၊ ရာဇဝတ်မှုမျိုးစုံ ဟာ ပုံစံအနေအထား ဆန်းပြား စွာနဲ့ ခပ်စိပ်စိပ်ကြားနေကြရပါ တယ်။ မဖြစ်နိုင်တဲ့အရာ၊ မဖြစ် သင့်တဲ့အရပ်တွေအထိ မယုံနိုင် စရာ ဖြစ်နေတာတွေလည်း ရှိပါ တယ်။ ‘ဆုတ်ကပ်’လို့လည်း လူ ပြောများကြတယ်။ ‘ခေတ်ကြီးက မကောင်းပါဘူး’၊ ‘လူတွေက ဘယ်သူ့မှ မယုံရတော့ဘူး’လို့ ရေရွတ် တတ်ကြပါတယ်။ ဒီလိုနဲ့ပဲ တစ် ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ် နှစ်။

‘‘လူအများ ဝင်ထွက်သွား လာကြတဲ့နေရာတွေမှာ လုံခြုံရေး အတွက်ရော၊ မလိုလားအပ်တာ မဖြစ်ဖို့အတွက်ရော လုံခြံုရေးအ စီအစဉ်တွေ ထိထိမိမိရှိထားသင့် ပါတယ်။ တချို့ ရုံးခန်းဌာနတွေ မှာ တီဗီတွေ၊ စလောင်းတွေ စတဲ့ ဇိမ်ခံပစ္စည်းတွေ အခန်းတိုင်းရှိ တတ်ပေမယ့် လုံခြံုရေးဆိုင်ရာ အီလက်ထရွန်နစ်ကိရိယာ ဘာမှ မရှိတာ တွေ့ဖူးတယ်။ ဘာပဲပြော ပြော ဒီခေတ်ကြီးထဲမှာ လုံခြံုရေး အတွက် နည်းပညာကို မဖြစ်မနေ အသုံးပြုသင့်တယ်လို့ ထင်ပါ တယ်’’ဟု လူငယ်တစ်ဦးက ပြော ပြပါတယ်။

လုံခြံုရေးအစောင့်အဖြစ် လုံခြံုရေးဝန်ထမ်းမဟုတ်သူ လူ့ စွမ်းအားအရင်းအမြစ်များကို ခိုင်း စေတာဝန်ချမှုစနစ် ကျင့်သုံးဆဲရှိ နေတာကိုလည်း ပုဂ္ဂလိကနဲ့ အစိုး ရကဏ္ဍတော်တော်များများမှာ တွေ့နေကြရဆဲ။ ‘‘လုံခြံုရေးခေါင်းစဉ်အောက်မှာ တာဝန်ထမ်း ဆောင်နေရပေမယ့် ကိုယ့်ရဲ့လုံခြံု ရေးကျတော့ ဘာမှစိတ်ချရတဲ့အ နေအထားမရှိဘူး။ ဘယ်သူမှ တာဝန်ယူမယ့်အနေအထားမရှိ ဘူး။ အရင်ဆုံးတော့ ကိုယ်ဖြစ် ကိုယ်ခံပဲ’’လို့ မိတ်ဆွေတစ် ယောက်က ပြောပြပါတယ်။

(၃)

ပေတံလှလှ၊ ခဲဖျက်လှလှ ခိုးယူတာကအစ ရွှေငွေရတနာ ဥစ္စာပစ္စည်း ခိုးယူတာတွေအလယ် အရှက်နဲ့အသက်အထိ ခိုးယူလု ယက်မှုတွေကို ပတ်ဝန်းကျင်တိုင်း မှာ တွေ့နေကြားနေကြရပါတယ်။ နည်းပညာအသုံးချနိုင်မှု အရှိန် မကောင်းသေးသမျှ ဆက်လက် ရင်ဆိုင်နေကြရဦးမှာပါ။ တိုင်း တစ်ပါးပညာရှင်များ ဖော်ထုတ် ပြီးသား၊ ရှိပြီးသား နည်းပညာများ ကို အသုံးပြုခွင့်မရခြင်း၊ လူတိုင်း ခံစားခွင့်ရှိစေရန် မစီမံနိုင်ခြင်းဟာ ကိုယ်ညံ့လို့ပါပဲ။

နောက်တစ်ခုက အသိပညာ ပါ။ စာရိတ္တလုံခြံုရေး၊ ယဉ်ကျေး မှုလုံခြံုရေးများအတွက် တစ်ဦး ချင်းစီကစလို့ နိုင်ငံတော်လုံခြံုရေး အထိ အသိပညာနဲ့သာ ကာကွယ် နိုင်မှာပါ။ အရွယ်နဲ့၊ အဆင့်နဲ့၊ အ ချိန်နဲ့ ကိုက်ညီတဲ့ အသိပညာတွေ ကို ဖြန့်နိုင်၊ ပေးနိုင်၊ လက်ခံနိုင် ကြရပါမယ်။ အသိပညာက အန္တ ရာယ်ရဲ့အရှေ့မှာ ကာကွယ်ခုခံ နိုင်ဖို့ ကြိုရောက်နေရပါမယ်။ အန္တရာယ်ဖြစ်ပြီးမှ အသိပညာက နောက်ကလိုက်တာဟာ မမှန် ကန်ပါဘူး။

အသိပညာချို့တဲ့ရင် အသိ ပညာကြွယ်ဝသူရဲ့ နောက်မှာပဲ နေရမှာပါ။ တစ်ဦးချင်းပဲယှဉ် ယှဉ်၊ နိုင်ငံအချင်းချင်းပဲယှဉ်ယှဉ် အသိပညာမြင့်မားထွန်းကားမှ ရှေ့ရောက်နေမှာပါ။ အထူး သဖြင့် စာသင်ကျောင်းနဲ့ တက္က သိုလ်တွေကနေ ကလေးငယ်များ၊ ဆယ်ကျော်သက်များကို မှန်ကန် တဲ့အသိပညာတွေ မဖြစ်မနေသင် ပြပေးကြရပါမယ်။ ပညာသင် ကြားသင်ယူမှုနယ်ပယ်မှာ နည်း ပညာတွေ၊ အသိပညာတွေကို ကန့်သတ်မထားသင့်ပါဘူး။

(၄)

အစိုးရရုံးဌာနဆိုင်ရာ စာ ရွက်စာတမ်းအချက်အလက်တွေ ကို ထိုရုံးဌာနများအနီးက ပုဂ္ဂလိ က စာစီစာရိုက်မိတ္တူဆိုင်တွေမှာ ရနိုင်တယ်။ ဈေးကွက်ရှာဖွေရေး နဲ့ အရောင်းမြှင့်တင်မှုများ အတွက် စီးပွားရေးလုပ်ငန်းများက စာသင်ကျောင်းနဲ့ တက္ကသိုလ်ကောလိပ်တွေကို ပစ်မှတ်ထား လာကြပါတယ်။ ရုံးဌာနတွေကနည်းပညာကို ကိုယ်တိုင်အသုံးပြုနိုင်ဖို့၊ စာသင်ကျောင်းနဲ့ တက္ကသိုလ် ကောလိပ်တွေကကျောင်းသား၊ ကျောင်းသူတွေကို နည်းပညာအား၊ အသိပညာအားနဲ့ ဆွဲဆောင်နိုင်ဖို့ လိုအပ်နေပါတယ်။

ပစ္စည်းဥစ္စာပျောက်တာ၊ ခိုး ယူခံရတာက ပြန်လည်အစားထိုး ဖြည့်တင်းလို့ ရနိုင်ပါတယ်။ ရိုးရာ ဓလေ့တွေ၊ လူမှုကျင့်ဝတ်တွေ၊ စာနာထောက်ထားမှုတွေ၊ မေတ္တာတရားတွေ၊ ငြိမ်းချမ်းမှုတွေ လျော့ပါးဆုံးရှုံးရင် ရေရှည်အထိ အား လုံးနစ်နာမှာပါ။ ဒီအတွက် လူ့အ ဖွဲ့အစည်းတစ်ရပ်လုံး သတိပြုကြ ရမှာပါ။ ခိုးဆိုးလုယက်သတ်ဖြတ် မှုတွေ အတင့်ရဲမလာဖို့၊ အချင်းချင်း ယုံကြည်လေးစားမှုတွေ ပပျောက်မသွားဖို့ဂရုစိုက်ကြရမှာပါ။

ရွာတိုင်း၊ မြို့တိုင်း၊ ကျောင်း တိုင်း၊ တက္ကသိုလ်တိုင်း၊ ဌာနတိုင်း၊ အဖွဲ့အစည်းတိုင်း အသစ် အသစ်သော နည်းပညာများကို စိန်ခေါ်နိုင်ရပါမယ်။ မရှိမဖြစ် သော အသိပညာများကို ပိုင်ဆိုင် ထားနိုင်ရပါမယ်။ နည်းပညာကို ထိတွေ့ခွင့်မပေး၊  အသိပညာကို လွတ်လပ်ခွင့်မပေး၊ လက်အောက်ငယ်သား လူ့စွမ်းအားများကို လုံခြံုရေးတာဝန်ချထားမှုမှ လွတ်ကင်းမှုမပေး၊ ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။ လိုအပ်တဲ့ နည်းပညာတွေ ဝင်ပါစေ။ လိုအပ်တဲ့ အသိပညာတွေ လာပါစေ။ ဒါမှ လူမှုဘဝ လုံခြံုရေးများ အတွက် စိတ်အေးကြရမှာ မဟုတ်ပါ လား။။
#Credit  7Day
aung  yein chan

aung yein chan

Powered by Blogger.