မလေးရှားနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု(က)၏ ဒုတိယအဆင့်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့် မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဟု သိရသည်။
ယနေ့ သြဂုတ်လ ၂၄ ရက်မှာ အုပ်စု(ခ) ၏ နောက်ဆုံးပြိုင်ပွဲ ကစားကြရာတွင် ထိုင်းသင်းက ဗီယက်နမ်အသင်းကို ၃ – ဝ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုမထမနေရာဖြင့် ဆီမီးဖိုင်နယ်သို့ တက်လာသောကြောင့် မြန်မာအသင်းနှင့် အကြိုဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။
အင်ဒိုနီးရှားအသင်းကလည်း အုပ်စုဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့ပြီး အုပ်စု(ခ) ပထမနေရာဖြင့်တက်ရောက်လာသည့် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဗီယက်နမ်အသင်းကတော့ အုပ်စု(ခ)၏ အုပ်စုနောက်ဆုံး အဆုံးအဖြတ်ပွဲတွင် ထိုင်းအသင်းကိုရှုံးခဲ့သဖြင့် အကြိုဗိုလ်လုပွဲသို့ မတက်ရောက်နိုင်တော့ပဲ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည့် အကြိုဗိုလ်လုပွဲကို လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ မလေးရှားဒေသစံတော်ချိန် ၈ နာရီ ၄၅ မိနစ်၊ (မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ကစားကြမည်ဟု ခန့်မှန်းထားသည်။
မြန်မာအသင်းဟာ ပွဲဦးထွက် သုံးပွဲဆက် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်မလေးရှား အသင်းကိုတော့ ၃ – ၁ ဂိုးဖြင့် ရှုံးနှိမ့်ခဲ့သည်။
မြန်မာအသင်းအတွက် ၁၂ ယောက်မြောက်ကစားသမားဖြစ်သူ ပရိတ်သတ်များကတော့ မလေးရှားတွင်ရော ပြည်တွင်းတွင်ပါ အားပြည့် အင်ပြည့် အားပေးလျှက်ရှိကြသည်။
Credit’ PannPwint
Photos:Myanmar Football Federation
Photos:Myanmar Football Federation