ဆီးဂိမ်းအထိမ်းအမှတ်စာစောင်မှာ အင်ဒိုနီးရှားအလံ ဇောက်ထိုးဖော်ပြခဲ့မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အင်ဒိုနီးရှားဟက်ကာတွေက မလေးရှားဝက်ဘ်ဆိုက် ၂၇ ခုကိုတိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၁ ရက်နေ့ ကလည်း ဝက်ဘ်ဆိုက် ၃၃ ခုကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မလေးရှားသတင်းဆိုက်တစ်ခုဖြစ်တဲ့ The Straits Time က ဖော်ပြထားပါတယ်။မလေးရှားဆိုက်ဘာလုံခြုံရေးသမားတွေရဲ့အဆိုအရ အင်ဒိုနီးရှားဟက်ကာတွေက မလေးရှားဝက်ဘ်ဆိုက်တွေကို ဒီဒီအိုအက်စ် (DDOS) နည်းနဲ့ဆိုက်ဘာတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားသတင်းဌာနအချို့ရဲ့ဖော်ပြချက်အရ မလေးရှားဝက်ဘ် ဆိုက်စာမျက်နှာတွေမှာတိုက်ခိုက် မှုပြုလုပ်ရတဲ့ အကြောင်းရင်းကို deface လုပ်ခဲ့တာဖြစ်ပြီး အခုထပ်ပြီး တိုက်ခိုက်ခံရတဲ့ဆိုက် ၃၃ ခုက DDOS နည်းနဲ့တိုက်ခိုက်ခံရတာဖြစ်ကြောင်း The Straits Time အဆိုအရသိရပါတယ်။
ဒီဒီအိုအက်စ်အရှည်ကတော့ Distributed Denial of Ser-vices (DDOS) ဖြစ်ပြီး အရေးကြီးဆုံးအချက်အလက်တွေ သိမ်းဆည်းထားတဲ့ဆိုက်ကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ သည်နည်းက တိုက်ခိုက်မှုထဲမှာအကြီးဆုံးဖြစ် ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ DDOS တိုက်ခိုက်မှုက အလုပ်လုပ်ဆောင်နေတဲ့ ဆာဗာတွေရပ်တန့်သွားအောင်အလွန်အကျွံ သုံးပြီး တိုက်ခိုက်တာဖြစ်ပါတယ်။
အင်ဒိုနီးရှားဟက်ကာအဖွဲ့ ဖြစ်တဲ့ Extreme Crew က မလေးရှားနိုင်ငံမှာပြုလုပ်နေတဲ့ ၂၀၁၇ ဆီးဂိမ်းရဲ့အထိမ်း အမှတ်စာစောင်မှာ အင်ဒိုနီးရှားအလံကိုဇောက်ထိုးဖော်ပြခဲ့တာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ မလေးရှားအစိုးရ ဝက်ဘ်ဆိုက် အပြင် နိုင်ငံပိုင်ဝက်ဘ်ဆိုက်၂၇ ခုကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဟက်ကင်းလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေမှာ My national flag is not a plaything ဆိုတဲ့ စာတိုမက်ဆေ့ခ်ျတစ်ခုကိုဖော်ပြ ထားကြောင်း The Star အွန်လိုင်းပေ့ခ်ျရဲ့အဆိုအရသိရပါတယ်။ သဘောကတော့ ငါတို့နိုင်ငံရဲ့အလံက ကစားစရာ မဟုတ်ဘူးဆိုပြီး အင်ဒိုဟက်ကာတွေက ရေးသားထားတာဖြစ်ပါတယ်။
နောက်ပြီး အင်ဒိုနီးရှားပိုက်ကျော်ခြင်းအဖွဲ့ထွက်ခွာသွားပြီး မကြာခင်မှာပဲ မလေးရှားအလံ logo ပေါ်မှာလည်း don’t touch my country ငါတို့နိုင်ငံကို မထိနဲ့ဆိုပြီး ရေးသားဖော်ပြခဲ့ပါသေးတယ်။
အင်ဒိုနီးရှားဟက်ကာအဖွဲ့ဖြစ်တဲ့ Extreme Crew က မလေးရှားဝက်ဘ်ဆိုက်တွေကို deface လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး မလေးရှားအားကစားဝန်ကြီးကလည်း တွစ်တာမှာ တောင်းပန်စာကို ရေးသားဖော်ပြခဲ့ကြောင်း The Star အွန်လိုင်းသတင်းပေ့ခ်ျရဲ့ ဖော်ပြမှုကနေသိရပါတယ်။
အလံဇောက်ထိုးဖော်ပြမှုအပေါ် မလေးရှားလူငယ်နဲ့အားကစားဝန်ကြီး ပြန်လည်တောင်းပန်ထားပေမဲ့လည်း အင်ဒိုနီးရှားဟက် ကာတွေဘက်က ကျေနပ်မှုမရှိဘဲ ဆိုက်ဘာတိုက်ခိုက်မှုတွေထပ်လုပ်ဆောင်နေတာဖြစ်ပါတယ်။
နောက်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားတို့အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပနေစဉ်မလေးရှားဒိုင်တွေရဲ့တရားမျှတမှု မရှိတာကြောင့် အင်ဒိုနီးရှားအားကစားသမားအဖွဲ့က ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာတွေ၊ ကစားသမား တွေကို အကြိုအပို့အစီအစဉ်မရှိတဲ့ပြဿနာတွေကြောင့် မလေးရှားနိုင်ငံရဲ့ပြိုင်ပွဲကျင်းပရေး စီမံမှုအားနည်းချက်တွေအပေါ် ဝေဖန်မှုတွေကြီးကြီးမားမားရှိတာကို တွေ့ရပါတယ်။
နောက်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားတို့အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပနေစဉ်မလေးရှားဒိုင်တွေရဲ့တရားမျှတမှု မရှိတာကြောင့် အင်ဒိုနီးရှားအားကစားသမားအဖွဲ့က ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာတွေ၊ ကစားသမား တွေကို အကြိုအပို့အစီအစဉ်မရှိတဲ့ပြဿနာတွေကြောင့် မလေးရှားနိုင်ငံရဲ့ပြိုင်ပွဲကျင်းပရေး စီမံမှုအားနည်းချက်တွေအပေါ် ဝေဖန်မှုတွေကြီးကြီးမားမားရှိတာကို တွေ့ရပါတယ်။
#Credit Kumudra