Update News
recent

ဘစ်ဘန်းနာရီ ကြီးကို လေးနှစ်ကြာအသံတိတ်ထားမယ့်လုပ်ရပ် အဓိပ္ဗာယ်မရှိဘူးလို့ ဆို


ဘစ်ဘန်းနာရီကြီးကိုထိန်းသိမ်းဖို့ တာဝန်ယူခဲ့ဖူးတဲ့နာရီပြင်ဆရာကြီးက နာရီခေါင်းလောင်းကိုလေးနှစ်ကြာအသံတိတ်ထားမယ့် လုပ်ရပ်ဟာ အဓိပ္ဗာယ်မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
နာရီစင်ကို ပြုပြင်ထိန်းသိမ်းရေးလုပ်နေချိန်မှာဆူညံသံကြောင့် လုပ်သားတွေရဲ့အကြားအာရုံပျက်စီးမှာစိုးတဲ့အတွက် ခေါင်းလောင်းကြီးတွေကို ရပ်တန့်ထားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အထင်ကရနာရီစင်ကြီးကို နှစ် ၃၀ ကျော်ကြာထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့နာရီလုပ်ငန်း သောဝိတ်စ်အင်န်ရိဒ်မှမာလ်ဗင်လီက အရင်တုန်းက ပြုပြင်ထိန်းသိမ်းရေးလုပ်ရာမှာ ကျန်းမာရေးနဲ့လုံခြုံရေးပြဿနာတွေ ဘယ်တုန်းကမှ မပေါ်ဖူးဘူးလို့ သူကဒေးလီးတယ်လီဂရက်ဖ် ကို ပြောပါတယ်။
နာရီသံကို လာမယ့်တနင်္လာနေ့မွန်းလွဲပိုင်းမှာ နောက်ဆုံးကြားရမှာဖြစ်ပြီး နာရီစင်ကိုပြန်လည်ပြင်ဆင်တဲ့ ၂၀၂၁ ခုနှစ်အထိပိတ်ထားမှာဖြစ်ပါတယ်။
ဒါပေမဲ့ တည်ဆောက်သူတွေဟာ ခေါင်းလောင်းဘေးမှာ အလုပ်လုပ်ရင်သာ နားကာတွေကို ဝတ်ဆင်ထားဖို့လိုပြီး နာရီစင်ရဲ့တခြားနေရာကဆိုရင် အသံကို အရမ်းအကျယ်ကြီး မကြားရဘူးလို့ မစ္စတာလီကဆိုပါတယ်။
#Credit KUMUDRA
aung  yein chan

aung yein chan

Powered by Blogger.