မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးထပ်မံစမ်းသပ်ခဲ့ပြီးနောက် တောင် ကိုရီးယားက အမေရိကန်လုပ် THAAD ဒုံးခွင်းစနစ်လေးခု ထပ်မံတပ်ဆင်မယ်လို့ စနေနေ့မှာ ပြောပါတယ်။
တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းက ပတ်ဝန်းကျင်အနေအထား ဆန်းစစ်မှု လုပ်ဆောင်ဖို့ အမိန့်ချခဲ့ပြီး နောက် Terminal High Altitude Area Defence (THAAD) စနစ်နှစ်ခုကို ကနဦး တပ်ဆင်အပြီး နောက်ထပ်တပ်ဆင်ဖို့ နှောင့်နှေးကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။
သည်တပ်ဆင်မှုကို အရှိန်မြှင့်လုပ် ဆောင်မယ့်အကြောင်း တရုတ်နိုင်ငံကို အ သိပေးအကြောင်းကြားထားပြီ ဖြစ်တယ်လို့ အိမ်ပြာတော်က ပြောပါတယ်။
THAAD တပ်ဆင်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်နေတဲ့ တရုတ်ကတော့ သည်စနစ်တွေက မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို အနည်းငယ်သာ ကာကွယ်နိုင်ပြီး ဒေသတွင်း လုံခြုံရေး ကို မတည်မငြိမ် ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။ THAAD ရဲ့ ရေဒါစနစ်က တရုတ်ပိုင်နက်ထဲကို ထဲထဲဝင်ဝင် ထိုးဖောက်လာနိုင်တယ်လို့ တရုတ်က ယုံကြည်နေတာ ဖြစ်ပါတယ်။
KUMUDRA