ရာသီတုပ်ကွေး (Seasonal Influenza A(H1N1) 2009) ရောဂါဂယက်ကြောင့် လူစုလူ ဝေးနေရာများကို ရှောင် ကြဉ်ရန် ကျန်းမာရေးဌာနက ညွှန်ကြားမှုကြောင့် ရန်ကုန်မြို့ ရှိ ဈေးဝယ်စင်တာအချို့တွင် ယခုရက်ပိုင်းအတွင်း လာရောက်လည်ပတ်သူ လျော့နည်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘အရင်ကထက်တော့နည်း လာတယ်။ အရင်ကတစ်ရက်ကို နှစ်သောင်းကျော်လောက် လာ တယ်။ အခုဒီတစ်ပတ်တည်းတစ် ရက်ကို တစ်သောင်းသုံးထောင် လောက်ပဲလာတယ်’’ဟု ရန်ကုန် မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှော့ပင်း စင်တာမှ လက်ထောက်မန်နေဂျာ ဦးတင့်ဇော်ကပြောသည်။
ယခုသီတင်းပတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် လာ ရောက်သူသိသိသာသာ လျော့ နည်းကြောင်းစံရိပ်ငြိမ် ဂမုန်းပွင့် ဈေးဝယ်စင်တာရှိ လုံခြုံရေးဝန် ထမ်း ဦးမြင့်စိုးက ပြောသည်။
လှည်းတန်းစင်တာမှ Assistant Property Manager ဦး မျိုးမင်းဇော်က ‘‘လူကနည်းတော့ နည်းသွားတယ်။ အရင်က လူနှစ် သောင်း၊ သုံးသောင်းလောက်ပျမ်း မျှလာတယ်။ အခုရက်ပိုင်းက တစ်သောင်းရှစ်ထောင်လောက်ပဲ လာ တယ်’’ ဟု ပြောသည်။
‘‘အရင်ကပိတ်ရက်တွေဆို စင်တာမှာ ပွဲတွေရှိတော့ ၁၅ သိန်း က ၁၉ သိန်းဖိုးလောက်ထိ ရောင်း ရတယ်။ အခု H1N1 ပြင်းထန်အ ဆုတ်ရောင်ရောဂါ ဖြစ်ပွားတဲ့ကာ လအတွင်းမှာ စင်တာကို လူလာ တာ နည်းသွားတယ်။ ကြားရက် တွေဆို လူမရှိဘူး။ မနေ့က စနေ နေ့တောင် ကြားရက်လားထင်ရ တယ်၊ လူမရှိဘူး။ ရောင်းအား လည်း အရင်ကထက်နည်းသွား တယ်။ ဒီနေ့တနင်္ဂနွေနေ့တောင် မနက်ပိုင်း တော်တော်ရှင်းတယ် ညနေမှသာ ပုံမှန်ပြန်ဖြစ်သွား တာ။ အခုဆိုလူကျတဲ့ ပိတ်ရက် လိုနေ့မျိုး၊ ပွဲရှိတဲ့နေ့တောင် ခြောက်သိန်းဖိုး လောက်ပဲရောင်း ရတယ်’’ဟု Junction City ရှိအ ရုပ် အရောင်းဆိုင်တစ်ဆိုင်မှ အရောင်းဝန်ထမ်းမမဉ္ဇူအေးက ပြောသည်။
H1N1 ရောဂါဖြစ်ပွားနေစဉ် အတွင်း လူလာရောက်မှုနည်း ကြောင်း ရန်ကုန် Junction City ရှော့ပင်းမောလ်ရှိ Lily ဖိနပ်ဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။
ရောဂါဖြစ်ပွားမှုကို စိုးရိမ် သဖြင့် ယခုကဲ့သို့ လူစည်ကားရာ နေရာများတွင် သွားလာလည် ပတ်သူ လျော့နည်းခဲ့သော်လည်း ပုံမှန်အပြင်ထွက်သူများလည်း ရှိ သည်။
‘‘H1N1 ရောဂါတွေဖြစ်နေ တယ်လို့တော့ကြားတယ်။ Mask လည်းပါပါတယ်။ ဒါပေမဲ့မတပ် ဖြစ်ဘူး။ အန်တီတို့က ဘိုကလေး ဇာတိပါ။ ရန်ကုန်ကိုအလည်လာ ရင်း Junction City ကို မရောက် ဖူးလို့ ဝင်ကြည့်တာပါ။ ရောဂါတွေ ဖြစ်နေကြတယ်ဆိုပေမယ့် အ ပြင်မထွက်ဘဲ အိမ်ထဲမှာပဲတော့ မနေပါဘူး။ ပုံမှန်ကိစ္စရှိရင်တော့ သွားလာနေတာပါပဲ’’ ဟု စင်တာ ကို လာရောက်လည်ပတ်သူ ဒေါ် လှမြိုင်ကပြောသည်။
လူစုလူဝေးနေရာများကို မ ရှောင်ရှားနိုင်သူအချို့သာ Mask တပ်၍သွားလာနေကြောင်း ဇူလိုင်၃၁ ရက်က တွေ့ရသည်။
‘‘ဒါပေမဲ့ အဲဒီရောဂါက ပျံ့ နှံ့နေတော့ လာရောက်လည်ပတ် တဲ့သူ သုံးပုံတစ်ပုံကတော့ Mask တပ်ထားပြီးမှလာကြတယ်။ ကျန် တဲ့နှစ်ပုံကတော့ ဒီအတိုင်းပဲ လာ ရောက်လည်ပတ်တာမျိုးတွေ့ရ တယ်’’ဟု ကမ္ဘာအေး ဂမုန်းပွင့် ဈေးဝယ်စင်တာသို့ လာရောက် ဈေးဝယ်သူ ကိုသက်နောင်က ပြောသည်။
Junction Center JCGV ရုပ်ရှင်ရုံတွင် ရုပ်ရှင်လာကြည့်သူ မနန်းက ‘‘အန်တီတို့အခုနောက် ပိုင်းတော့ H1N1 ရောဂါသတင်း တွေကြားနေရတော့ ကလေးတွေ လည်းရှိတဲ့အတွက် ကူးမှာ ကြောက်လို့ အပြင်သိပ်မထွက် ဖြစ်ဘူး။ ရုပ်ရှင်ကြည့်ကြမယ်ဆို တာနဲ့ ကလေးတွေကို Mask တပ် ပေး ကိုယ်တိုင်လည်း Mask တပ် ပြီး ရုပ်ရှင်လိုက်ပြတာပါ’’ ဟု ပြော သည်။
ထို့အပြင် ပုံမှန် လူစိတ်ဝင် စားသော ပြပွဲများတွင်လည်း လာ ရောက်သူနည်းပါးကြောင်း တွေ့ရ သည်။
‘‘ခါတိုင်းဒီလိုပွဲမျိုးဆို လူများ မှာ။ ခုတော့ H1N1 ရောဂါကြောင့် လူလာတာတော့ နည်းသွား တယ်။ လူတွေကြောက်ပြီး အပြင် သိပ်မထွက်ကြဘူးထင်တယ်’’ ဟု ရန်ကုန်ပြည်သူ့ရင်ပြင်တွင် ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ ပြသနေသောဂရပ်ဖစ်ဒီဇိုင်းပြပွဲမှ ဒီဇိုင်းဆရာ ဦးပန်းဈာန်က ပြောသည်။
ထိုသို့လူစုလူဝေးနေရာများ သို့ ညွှန်ကြားချက်များရှိသော် လည်း ရန်ကုန်မြို့ရုပ်ရှင်ရုံ အချို့ တွင်မူ လာရောက်ကြည့်ရှုသူ လျော့ကျမှုမရှိကြောင်း နေပြည် တော်နှင့် ရှေ့ဆောင်ရုပ်ရှင်ရုံ လက်မှတ်အရောင်းဝန်ထမ်းများ ထံမှ သိရသည်။
#Credit 7Days