Update News
recent

ဒူးရင်းသီး အမြွှာ ပြည့်မပြည့်


ဒူးရင်းသီးဝယ်မယ်ဆိုရင်ဆူးညီပြီး အလုံးညီတဲ့အသီးကိုရွေးဝယ်ဖို့ လိုပါတယ်။ ဒူရင်းသီးရဲ့ သဘာဝကအသီးရင့်လာတာနဲ့အမျှဆူးကြဲလာတာကြောင့်  ဆူးကြဲတဲ့အသီးကို အဓိကရွေးဖို့ လိုပါတယ်။
အလုံးညီတာကိုရွေးတာကတော့ အသီးရဲ့တစ်နေရာမှာပိန်နေတာတို့ ဆူးတွေစိပ်ပြီး ချိုင့်နေတာတို့ဆိုရင် အထဲကအမြွှာတွေက အသားမပါဘဲ အစေ့တွေက ပိန်နေတတ်ပါတယ်။
ဒူးရင်းသီးဝယ်မယ်ဆိုရင်နောက်ထပ် သတိထားရမယ့်အချက်ကတော့ ဒူးရင်းသီးရင့်လေအခွံတွေကွဲပြီး ဟလာတာကြောင့် အဲသည်ထဲကနေ ရေဝင်နေမယ်ဆိုရင် ဒူးရင်းသီးအနံ့ ဘယ်လောက်မွှေးမွှေးအရသာက ချဉ်နေတတ် ပါတယ်။
ရေဝင်မဝင်ဆိုတာကိုတော့ အမြင်ကြည့်ရုံနဲ့ခွဲခြားရတာခက်ခဲပြီး ဒူးရင်းသီးလတ်ဆတ်မှု ရှိ မရှိ ဆိုတာနဲ့လည်းသက်ဆိုင်ပါတယ်။ ဒူးရင်းသီး အမြွှာပြည့်တာအသားများတာကို အသီးကိုပုတ်ကြည့်ရင်လည်းသိနိုင်ပါတယ်။
ဒူးရင်းသီးအထဲကအမြောင်းလိုက်ဖြစ်တာကြောင့် ပုတ်ကြည့်လိုက်တဲ့အခါ လိုဏ်ခေါင်းသံလိုမျိုးအသံ ခပ်အုပ်အုပ်(ဘုတ်ဘုတ်)အသံအဲသည်လို မြည်နေဖို့လိုပါတယ်။
#Credit Kumudra
aung  yein chan

aung yein chan

Powered by Blogger.