Update News
recent

ကိုးတန်း ကျောင်းသူ ကို ခိုးယူပေါင်းသင်းသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ


အရွယ်မရောက်သေးသည့် အသက် ၁၄ နှစ်အရွယ် ကိုးတန်း ကျောင်းသူ ချစ်သူ အား ခိုးယူပေါင်းသင်းခဲ့သည့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင်လ ၂၈ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။
အသက်မပြည့်သေးသော ရည်းစာဖြစ်သူကို ခိုးယူပေါင်းသင်းရာမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသူ အသက် ၂၃ နှစ် သန့်ဇင်ဟိန်း (ခ) ကိုလေးမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က တစ်ရပ်ကွက်တည်း နေထိုင်သည့် ကိုးတန်းကျောင်းသူနှင့် ချစ်ကြိုက်ခဲ့ပြီး ရွှေပြည်သာမြို့နယ်ရှိ မွေးစား မိဘ များ၏ နေအိမ်သို့ ခိုးပြေးခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူမှာ ကျောင်းဆင်းချိန်အထိ နေအိမ်သို့ ပြန်မရောက်ခဲ့သောကြောင့် မိခင်ဖြစ်သူမှ ကျောင်းသို့ သွားရောက်စုံစမ်းခဲ့ရာ သမီးဖြစ်သူ၏ သူငယ်ချင်း များ ပြောပြချက်အရ ကိုးတန်း ကျောင်းသူ ကို တစ်ရပ်ကွက်တည်း နေထိုင်သော သန့်ဇင်ဟိန်း (ခ) ကိုလေး ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ပြီးနောက် ကိုလေး၏ မွေးစား မိဘ များ နေထိုင်ရာ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်သို့ သွားရောက်ကြည့်ရှု့ခဲ့ရာတွင် ကိုလေးနှင့် သမီး ဖြစ်သူကို တွေ့ရှိခဲ့ပြီး ကိုးတန်းကျောင်းသူ၏ မိခင်မှ အရွယ်မရောက်သေးသည့် ၎င်း၏ သမီး ကို ခိုးယူပြီး သားမယားအဖြစ် ပြုကျင့်ခဲ့မှုဖြင့် အမှုဖွင့် အရေးယူပေးပါရန် မရမ်းကုန်း မြို့မရဲစခန်းတွင် တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့သောကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၆၃/ ၃၇၆ ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“၁၆ နှစ်အောက် မိန်းကလေး ကို ခိုးယူပေါင်းသင်းမိရင် အုပ်ထိန်းသူ က မုဒိမ်းမှု နဲ့ တရားစ ထောင်ချလို့ ရတယ်။ ကာယကံရှင် မိန်းကလေး က အလိုတူလို့ ခိုးရာလိုက်လဲ မရဘူး။ ထောင်ကျ မှာ။ ဒီဖြစ်စဉ်နဲ့ ထောင်ကျခဲ့တဲ့ လူငယ်တွေ အများကြီးပဲ။ ယောင်္ကျားလေးတွေ ဥပဒေ နားလည်အောင် လေ့လာထားဖို့ လိုနေပြီ။ လက်ရှိ မုဒိမ်းမှုတွေ မြင့်တက်လာတယ် ဆိုတာ ဒီဖြစ်စဉ်တွေ တစ်ဝက်နီးပါးလောက် ပါဝင်ခဲ့လိုပါ” ဟု ရဲအရာရှိ တစ်ဦးက မှတ်ချက်ပေးသည်။
အလုပ်ကြမ်းနှင့် ထောင်ဒဏ် အမိန့် ချမှတ်ခံရသူ သန့်ဇင်ဟိန်း (ခ)ကိုလေးကို အနောက်ပိုင်းခရိုင် တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်နှစ်ရပ်လုံးကို တစ်ပေါင်းတည်း ကျခံစေရန် အမှုစစ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သောကြောင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ သာ ကျခံခဲ့ရကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။
Credit : the voice
aung  yein chan

aung yein chan

Powered by Blogger.