တောင်ဥက္ကလာပမြို့ နယ် အမှတ်(၃)အခြေခံပညာအ ထက်တန်းကျောင်း အနောက် ဘက်ခြံစည်းရိုးအနီး၌ ဓားဒဏ် ရာများဖြင့် သေဆုံးနေသည့် အ လောင်းတစ်လောင်းတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ်ကွက်ရှိ အထက (၃) ကျောင်းအနောက်ဘက် ရေအိုင်စပ်တွင် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီခန့်က ဈေးသွားသည့်အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။
‘‘ဈေးသွားဝယ်တဲ့ အဒေါ်ကြီး တစ်ယောက်အလောင်းကို စတွေ့ပြီး ရပ်ကွက်လူကြီးတွေကိုသွား ပြောပြတာ။ အဲဒီအချိန်က ၇ နာရီ ကျော်လောက်ပဲ ရှိဦးမယ်။ နောက်ထပ် ၁၅ မိနစ်လောက်နေ တော့မှ ရဲတွေရောက်လာတယ်။ ရေစပ်နားမှာသေနေတာ။ ပုဆိုး က သူ့ဘေးမှာ’’ဟု တောင်ဥက္က လာပ (၁၃) ရပ်ကွက်နေထိုင်သူတစ်ဦးက ဆိုသည်။
သေဆုံးသူအမျိုးသားသည်အသက်(၄၀)နှစ်ခန့်ရှိကာ အဖြူရောင်တီရှပ်ဝတ်ဆင်လျက် ညာဘက်ရင်အုံ၊ ညာဘက်လည်ပင်း၊ ၀မ်းဗိုက်၊ ခါး၊ နောက်ကျောတို့တွင် ထိုးသွင်း ဒဏ်ရာတစ်ချက်စီ၊ ညာဘက်လက်ညှိုးနှင့် လက်ခလယ်တို့တွင် ပြတ် ရှဒဏ်ရာများရရှိကာ သေဆုံးနေပြီး သေဆုံးသူအမျိုးသား မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေကြောင်း တောင်ဥက္ကလာ ပမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ဆိုသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် Yangon Police စာမျက်နှာ၌ သေဆုံးသူအမျိုးသားကို ပုံနှင့်တကွဖော်ပြထားပြီး ၎င်းနှင့်ပတ်သက်သော အချက်အလက်များကိုသိရှိပါက ရဲတပ်ဖွဲ့ဖုန်းနံပါတ်များသို့ဆက်သွယ်ပေးရန် အကူအညီတောင်းခံထားသည်။ သေဆုံးနေမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ် ၃၀၂ ဖြင့် အမှု ဖွင့်ကာ တရားခံကိုစုံစမ်းနေ ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းက သိရသည်။
#Credit 7days