Update News
recent

မိုင်းဖြတ်-မိုင်းယောင်းလမ်းမပေါ်မှာ တရား မ၀င်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ


ရန်ကုန်၊ ဇူလိုင် ၃၀။ ။ တာချီလိတ်ခရိုင် ၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်တံတားမှာ တရားမ၀င်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
“ မုန်းလိုက်တံတားမှာ အမျိုးသားတစ်ဦး လမ်းလျောက်လာတာကိုတွေ့ရှိလို့စစ်ဆေးတဲ့အခါ တရုတ်နိုင်ငံသားတစ်ဦး တရားမ၀င်ရောက်ရှိနေတာကို စစ်ဆေးရရှိခဲ့တာပါ။ လက်ရှိမှာ ဆက်ပြီး စစ်ဆေးနေပါတယ်။ အရေးယူဆောင်ရွက်ထားပါတယ်။”လို့ မိုင်းယောင်းမြို့မရဲစခန်းက တာဝန်ရှိရဲအရာရှိတစ်ဦးကပြောပါတယ်။
ဇူလိုင်လ ၂၉ရက်နေ့ ညနေပိုင်းက မိုင်းဖြတ်-မိုင်းယောင်းလမ်းမပေါ်ရှိ မုန်းလိုက်တံတားမှာ မိုင်းယောင်းမြို့ရဲတပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများဟာ ရှောင်တခင်စစ်ဆေးရေးများလုပ်ဆောင်နေချိန် တရုတ်နိုင်ငံသားတစ်ဦးကို တွေ့ရှိပြီး စစ်ဆေးတဲ့အခါ တရုတ်နိုင်ငံယူနိုင်မှာနေထိုင်သူဖြစ်ပြီး မိုင်းယုမြို့နယ်မှကားစီးလာခဲ့ပြီး မိုင်းဖြတ်ကိုသွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် ရန်ကုန်ကိုအလုပ်လုပ်မည်ဖြစ်ကြောင်းကို မိုင်းယောင်းမြို့မရဲစခန်းကသိရပါတယ်။
အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံ ယူနိုင်မှာနေထိုင်တဲ့ ကျန်အာပို အသက် (၃၆)နှစ် ဖြစ်တယ်လို့သိရပါတယ်။
တရားမ၀င်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို (ပ)၃၉/၂၀၁၇ လ၀က အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
MIZZIMA
aung  yein chan

aung yein chan

Powered by Blogger.