Update News
recent

အမေရိကန်တစ်နိုင်ငံလုံး တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းရှိနေပြီလို့ မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် (ICBM) တစ်စင်းကို သောကြာနေ့ (ဇူလိုင်လ ၂၈ ရက်) ညပိုင်းမှာ ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ယခု စမ်းသပ်မှုဟာ အမေရိကန်အတွက် ပြင်းထန်တဲ့ သတိပေးမှုဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၂၉ ရက်) ပြောကြားလိုက်ပါတယ်။
ယခုနောက်ဆုံး ICBM စမ်းသပ်မှုဟာ အမေရိကန်တစ်နိုင်ငံလုံးဟာ မြောက်ကိုရီးယားက တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရှိနေပြီလို့ သက်သေပြနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆိုပါတယ်။
play
မြောက်ကိုရီးယားရဲ့ ICBM ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု

ယနေ့ ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားက ပထမဆုံး ICBM ဒုံးကျည်အမျိုးအစား စမ်းသပ်ခဲ့ပြီးနောက် သီတင်း ၃ ပတ်အကြာမှာ ထပ်မံ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဆိုအရ ဇူလိုင်လ ၂၈ ရက် ဒေသစံတော်ချိန် ည ၁၁း၄၁ မှာ မြောက်ကိုရီးယားက နိုင်ငံမြောက်ပိုင်း ဂျဂန်းပြည်နယ်မှ ဒုံးကျည်ပစ်လွှတ် စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
play
ICBM ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုကို ကြည့်ရှုနေသည့် ကင်မ်ဂျုံအန်နှင့် စစ်ဘက်အကြီးအကဲအချို့

ယခုတစ်ကြိမ် စမ်းသပ်ခဲ့တဲ့ ICBM ဒုံးကျည်ဟာ ၄၇ မိနစ်ကျော်အတွင်း အမြင့် မိုင် ၂,၃၀၀ အထိရောက်ခဲ့ပြီး မိုင် ၆၂၀ အကွာအဝေးကို ရောက်ရှိခဲ့ကာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ပါတယ်။
play
ICBM ဒုံးကျည်စမ်းသပ်မှုကို ပြုံယမ်းမြို့မှာ ထုတ်လွှင့်ပြသထားစဉ်

မြောက်ကိုရီးယားရဲ့ ICBM ဒုံးကျည်စမ်းသပ်မှုကို ၎င်းရဲ့အိမ်နီးချင်း နိုင်ငံတွေနဲ့ အမေရိကန်တို့က ရှုတ်ချခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ICBM ဒုံးကျည်စမ်းသပ်ခဲ့ပြီးနောက် တောင်ကိုရီးယားက ၎င်းရဲ့ပိုင်နက်အတွင်း အမေရိရန်ရဲ့ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်များ တိုးချဲ့တပ်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.