Update News
recent

ဒီဂီယာဆက်ရှိနေခြင်းက အသင်းနှင့်သူ့အတွက် ပိုကောင်းသည်ဟု မန်ယူအရန်ဂိုးသမား ရိုမီယိုပြော


 စပိန်ဂိုးသမားဒီဂီယာဆက်ရှိနေခြင်းက အသင်းနှင့် သူ့အတွက်ပိုကောင်းသည်ဟု မန်ယူအသင်း၏ အရန်ဂိုးသမား ဆာဂျီယို ရိုမီယိုက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ရာသီမပြီးဆုံးခင်ကတည်းက ဒီဂီယာကို ရီးယဲလ်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးတွင် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်းမရှိခဲ့ဘဲ မန်ယူတွင်သာ ဒီဂီယာဆက်ရှိနေခဲ့သည်။
ဒီဂီယာမှာ မန်ယူအသင်းနှင့် နည်းပြမော်ရင်ဟိုတို့၏ ဦးစားပေးဂိုးသမားဖြစ်ပြီး ၎င်းထွက်ခွာသွားပါက ရိုမီယိုမှာ အခွင့်အရေး ပိုမိုရရှိမည်ဖြစ်သည်။ သို့သော် အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားက ဒီဂီယာကို အသင်းတွင်သာ ဆက်ရှိနေစေလိုကြောင်း ဆိုသည်။
“ဒေးဗစ်နဲ့ ကျွန်တော့်ကြားက ပြိုင်ဆိုင်မှုက အသင်းအတွက်ပိုပြီး ကောင်းမွန်စေပါလိမ့်မယ်။ ကျွန်တော်တို့ကြားမှာ တကယ်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ နှစ်ယောက်စလုံး   ပြင်းပြင်းထန်ထန်ကြိုးစားကြပြီး တစ်ယောက်ကို တစ်ယောက် ကူညီကြပါတယ်။
သူက ကျွန်တော့်ကို ဖိအားပေးသလို ကျွန်တော်ကလည်း သူ့ကို ဖိအားပေးပါတယ်။ ဂျိုးပါရီရာနဲ့လည်း အဲ့ဒီလိုပါပဲ။
ဒါကြောင့် ဒီဂီယာအသင်းမှာ ဆက်ရှိနေတာက ကျွန်တော့်အတွက် ကောင်းပါတယ်။ သူကလည်း ကောင်းကောင်းကစားနိုင်မယ်။ ကျွန်တော်ကလည်း ကောင်းကောင်းကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်စွမ်းက အမြဲအမြင့်ဆုံးမှာ ရှိနေပါလိမ့်မယ်” ဟု ရိုမီယိုက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ဒီဂီယာက အဓိက ကစားခဲ့ရပြီး ရိုမီယိုမှာ ယူရိုပါလိဂ်ပွဲစဉ်များကို ကစားခဲ့ရသည်။
#Credit Mizzima
aung  yein chan

aung yein chan

Powered by Blogger.