Update News
recent

ဂရန်းဖောတာဝါမီးလောင်မှုတွင် မီးငြိမ်းသတ်ခဲ့သည့် မီးသတ်သမား ၄၀၀ ကို အာဆင်နယ်အသင်းက အမ်းမရိတ်ဖလားပွဲများကြည့်ရန် ဖိတ်ကြား


အာဆင်နယ်အသင်းသည် လန်ဒန်မြို့ဂရန်းဖောတာဝါမီးလောင်မှုတွင် အသက်စွန့်ပြီး မီးငြိမ်းသတ်ခဲ့ကြသည့် မီးသတ်သမား ၄၀၀ ကို ၎င်းတို့၏မိသားစုဝင်များနှင့်အတူ အာဆင်နယ်အသင်း၏ အမ်းမရိတ်ဖလားပွဲစဉ်များ တက်ရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။ဂရန်းဖောတာဝါမီးလောင်မှုတွင် လူပေါင်း ၈၀ သေဆုံးခဲ့ရပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့ကြသည်။ မီးသတ်သမားများသည် ခက်ခက်ခဲခဲ မီးငြိမ်းသတ်ပြီး ကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ကြရသည်။ ထို့ကြောင့် အာဆင်နယ်အသင်းက ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့ကို အမ်းမရိတ်ဖလားပွဲများကြည့်ရန် ဖိတ်ကြားခဲ့သည်။
အဆိုပါ မီးသတ်သမားများကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သူရဲကောင်းများဟု ချီးကျူးခဲ့ပြီး ၎င်းတို့ကို အာဆင်နယ်အသင်း၏ ခြေစွမ်းအားပြသခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ဆိုသည်။
“မီးသတ်သမား ၄၀၀ ကို အမ်းမရိတ်ဖလားပြိုင်ပွဲ ၂ ရက်စလုံး လာရောက်ကြည့်ရှုကြဖို့ ၀မ်းမြောက်စွာနဲ့ အထူးဖိတ်ခေါ်ပါတယ်။ သူတို့ဟာ ဂရန်းဖောတာဝါမီးလောင်မှုမှာ အဓိကနေရာက ပါဝင်ကူညီပေးခဲ့ကြသူတွေပါ။ ဘောလုံးလောကမှာ သူရဲကောင်းဆိုတဲ့ စကားလုံးကို မကြာခဏကြားရပါတယ်။ ဒီအမျိုးသား၊ အမျိုးသမီးတွေကသာ တကယ့်သူရဲကောင်းတွေပါ” ဟု ၀င်းဂါးက ဆိုသည်။
ဘင်ဖီကာအသင်းနှင့်ပွဲစဉ်တွင် အာဆင်နယ်အသင်းက ခြေစွမ်းပြပြီး ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးများကို ၀ဲလ်ကော့က ၂ ဂိုး၊ ဂီရော့ဒ်နှင့်အိုင်ဝိုဘီတို့က တစ်ဂိုးစီသွင်းပေးခဲ့ကြပြီး ဘင်ဖီကာကစားသမား လိုပက်ဇ်က ကိုယ့်ဂိုးကို တစ်ဂိုးပြန်သွင်းမိခဲ့ခြင်း ဖြစ်သည်။
#Credit Mizzima
aung  yein chan

aung yein chan

Powered by Blogger.