တရုတ်ပြည် Shanghai မြို့ရဲ့ နံမည်ကျော် Hongqiao လေဆိပ်ကထွက်လို့ အပြင်ကိုရောက်ပြီဆိုရင်ပဲ တစ်ကိုယ် လုံး ခိုက်ခိုက်တုန်အောင် အေးလွန်းလှတဲ့ ဆောင်းလေက ဆီးကြိုနေပါပြီ ။
ကုတ်အင်္ကျီတစ်ထပ်ပဲ ဝတ်ထားမိတာကြောင့် ခန္တာကိုယ်ထဲကို တိုးဝင်လာတဲ့ ဆောင်းလေကို ဘယ်လိုမှ ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး ။ ခြေဖြားလက်ဖြားတွေ အေးစက်နေရုံသာမကပဲ အပေါ်သွား အောက်သွားနှစ်ခုက ရန်ဖြစ်ပြီး အချင်းချင်းတိုက်ခိုက်နေကြပါပြီ ။
” မစ္စတာလွင်လား… ” ကျွန်တော့်နံမည်ကိုမေးလိုက်သံကြောင့် ညာဖက်ကိုလှည့်ကြည့်မိပါတယ် ။ အသက် သုံးဆယ် အရွယ်လောက်ရှိမယ့် တရုတ်လူမျိုးတစ်ယောက်ရဲ့ လက်ထဲမှာကိုင်ထားတဲ့ ဆိုင်းပုဒ်လေးမှာ ကျွန်တော့်နံမည်ကိုတွေ လိုက်ရလို့ ဝမ်းသာစွာနဲ့ ပြန်ဖြေလိုက်ပါတယ် ။
” ဟုတ်ပါတယ်…ခင်ဗျားက ဧည့်ကြို လား ” ” ဟုတ်ပါတယ်… ကျွန်တော် နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ ”
” ကိစ္စမရှိပါဘူး…ရပါတယ် ” ” ဒီကနေခဏစောင့်ပေးပါ…ကျွန်တော်ကားသွားယူလိုက်ဦးမယ် ” ” အိုကေ ”
” ကိစ္စမရှိပါဘူး…ရပါတယ် ” ” ဒီကနေခဏစောင့်ပေးပါ…ကျွန်တော်ကားသွားယူလိုက်ဦးမယ် ” ” အိုကေ ”
BMW ကားလေးက ညက်ညောတဲ့ Yan’an Elevated လမ်းမကြီးပေါ်မှာ အရှိန်နဲ့ ပြေးလွှားနေပါတယ် ။ နေ့လည်တစ်နာရီကျော်ပြီမို့ ဗိုက်ကလဲ ဆာနေပါပြီ ။ ဟိုတယ်ရောက်မှပဲ စားသောက်ပြီးမှ ရေချိုးအနားယူဖို့ စဉ်းစားထားပါတယ် ။ လူတွေရှူပ်ထွေးနေတဲ့ ရှန်ဟိုင်းမြို့ထဲကို ရောက်ရင်ပဲ နေ့လည်နှစ်နာရီခွဲခါနီးပါပြီ ။
နံမည်ကျော် Yangtze ယန်ဇီမြစ်နဲ့ မလှမ်းမကမ်းလောက်မှာရှိတဲ့ 5star Hotel တစ်ခုအရှေ့ကို ကားထိုးရပ်လို
က်မှပဲ ကိုယ်တည်းရမယ့် ဟိုတယ်ဆိုတာ သိခဲ့ရပါတော့တယ် ။ အလုပ်ကိစ္စတစ်ခုအတွက် လာရတယ်ဆိုတော့ ရှန်ဟိုင်းမြို့ကြီးရဲ့ အလှအပကို မခံစားနိုင်တော့ပဲ Reception မှာ Checking အမြန်လုပ်ပြီးတာနဲ့ ကို ယ်တည်းရမယ့် အခန်းရှိရာကို သုတ်ခြေတင်ရပါတော့တယ် ။
က်မှပဲ ကိုယ်တည်းရမယ့် ဟိုတယ်ဆိုတာ သိခဲ့ရပါတော့တယ် ။ အလုပ်ကိစ္စတစ်ခုအတွက် လာရတယ်ဆိုတော့ ရှန်ဟိုင်းမြို့ကြီးရဲ့ အလှအပကို မခံစားနိုင်တော့ပဲ Reception မှာ Checking အမြန်လုပ်ပြီးတာနဲ့ ကို ယ်တည်းရမယ့် အခန်းရှိရာကို သုတ်ခြေတင်ရပါတော့တယ် ။
အခန်းထဲရောက်တာနဲ့ ရေအေးအေးတစ်ခွက်သောက်ပြီး မနက်ဖြန်လုပ်ရမယ့် ကိစ္စတွေအတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ စစ်ဆေးပြီး ရေမိုးချိုးဖို့ပြင်ရပါတယ် ။ Belgium ကနေ Transit တစ်ဆင့်စီးလာရတာေ ကြာင့် တစ်ကိုယ်လုံးညောင်းညာပြီး ပင်ပန်းသမျှကို ရေနွေးနဲ့ ဇိမ်ခံချိုးရင်း အပန်းပြေလိုက်ရပါတယ် ။
ရေချိုးပြီးပြန်တော့ မျက်လုံးတွေက မှေးစင်းပြီး ကော်နဲ့ကပ်ထားသလို ခွာမရတော့တာနဲ့ အိပ်ယာပေါ်ကိုပစ်လှဲပြီး
အားရပါးရအိပ်ချလိုက်ရပါတော့တယ်….။
အားရပါးရအိပ်ချလိုက်ရပါတော့တယ်….။
ဖုန်းကနေ Alarm သံမည်လာလို့ ကပြာကယာ နာရီကြည့်မိလိုက်တဲ့ အချိန်မှာတော့ ညနေ ခြောက်နာရီထိုးနေပါပြီ ။ စားသောက်ခန်းထဲမှာ စောင့်နေကြမယ့် ကျွန်တော်တို့ အဖွဲ့က တစ်ယောက်နဲ့ တွေ့ဆုံဖို့ရှိ တာကြောင့် အဝတ်အစားမြန်မြန်ဝတ်ပြီး အောက်ထပ်က စားသောက်ခန်းကိုဆင်းလာခဲ့ပါတယ် ။
” လွင်…… နေ့လည်ကရောက်တယ်ဆို… ” ” ဟုတ်တယ်ရောဘတ် ” ” ကျုပ်လဲ လာတွေ့မလို့ပဲ…ခင်ဗျားခရီးပန်းလာမယ်ထင်လို့ လာမတွေ့တော့တာ ” ” ရတယ်ရောဘတ်… လာမတွေ့တာပဲကောင်းပါတယ် ။ ကျုပ်လဲပင်ပန်းလို့ အိပ်ပစ်လိုက်တာ နှိုးစက်မည်မှပဲနိုးတော့တယ် ”
” ကောင်းတယ်လွင်… ခရီးပန်းလာရင် အိပ်ပြီး အနားယူလိုက်တာအကောင်းဆုံးပဲ ..” ” ရောဘတ်….မနက်ဖြန်အတွက် ပြင်ပြီးပြီလား.. ” ” ကျုပ်က မနေ့ညကတည်းကရောက်နေတော့ အားလုံးအဆင်သင့်ဖြစ်နေပြီ… မင်းရော… ”
” ကျုပ်လဲ ပြင်သင့်တာတော့ပြင်ပြီးပြီ… ညကျမှပဲ လိုအပ်တာထပ်ပြပင်ရမယ် ” ” အိုကေ…ကောင်းတယ်….. မင်းဘာသောက်မလဲ… ” ” ဘာဘွန်းသောက်ချင်တယ်.. ” ” ဒီမှာတော့ ဘာဘွန်းက အမျိုးအစားမှန်မှာမဟုတ်ဖူး…အတုတွေချည်းပဲလွင်… ဝိုင်သောက်မလား… ” ” ကောင်းပါတယ်… Red Wine ပဲသောက်မယ်… ” ” အစားအသောက်မှာ လိုက်ကြရအောင်.. ” ” ကောင်းတယ်ရောဘတ်… Menu card ထဲက ကြည့်မှာမယ်ကွာ ”
စားသေက်ခန်းမှာ စကားစမြည်ပြောဆိုရင်း စားသောက်ရလိုက်တာ ညခွန်နာရီခွဲမှပဲ ပြီးပါတော့တယ် ။ ” ရောဘတ်…..မင်းလိုက်ဦးမလား… ” ” ဘယ်သွားမလို့လဲ… ” ” ဟိုနားဒီနား အစာကြေ လမ်းလျှောက်မလားလို့ ”
” မင်းတစ်ယောက်ထဲသွားတော့ကွာ… တရုတ်မ အရုပ်လေးနဲ့ ချိန်းထားလို့ ဆောရီးပါကွာ ” သူ့မှာ ကိစ္စရှိတယ်ဆိုတော့လဲ ဘာမှမပြောသာတော့ပဲ ကျွန်တော်တစ်ယောက်ထဲ ဟိုတယ်အပြင်ဘက်ကို ထွက်လာခဲ့ပါတယ် ။ ညဦးယံမို့ အေးစိမ့်ပြီး အပြင်မှာ လူသွားလူလာမရှိသလောက်ပါပဲ ။
လူရှူပ်တာကို မနှစ်သက်တဲ့ ကျွန်တော့်အတွက်တော့ အတော်လေးကိုဟန်ကျပါတယ် ။ ဟိုတယ်နဲ့ ဓါတ်တိုင်နှစ်တိုင်အကွာလောက်ရောက်တော့ စားသောက်ဆိုင်လေးတွေကိုတွေ့လိုက်ရတယ် ။ သန့်သန့်ရှင်းရှင်းရှိတဲ့စားသောက်ဆိုင် လေးတွေရဲ့ ပြင်ဆင်မှူအပြင် ပင်လယ်စာတွေရတဲ့ ဆိုင်တွေမှာ ငါးကန်တွေထဲ ငါးတွေထည့်ထားပြီး ကိုယ်စားချင်တဲ့ ငါးကိုလက်ညှိုးထိုးချက်ခိုင်းလို့ရတဲ့ဆိုင်လေးတွေလဲ တွေ့ရပါတယ် ။
အဲဒီဆိုင်တွေထဲမှာတော့ ကျွန် တော့်အကြိုက်ဆုံး ဝက်အူနဲ့ ဝက်အစာအိမ်ကြော်ဆိုင်ကိုတွေ့ပါပြီ ။ ဟိုတယ်ပြန်ရင် အမြည်းလုပ်ဖို့အတွက် အဆင်ပြေပြီဆိုတော့ ဝက်အူမကြီးနဲ့ ငါးရုပ်သီးအပွကြီးကြော်ထားတာ တစ်ပွဲ ၊ ဝက်နံရိုးအပွကြော်တစ်ပွဲဝယ်ပြီး လမ်းဆက်မလျှောက်တော့ပဲ ဟိုတယ်ကိုပြန်လာခဲ့ပါတယ် ။
ဟိုတယ်ရောက်တော့ ညရှစ်နာရီခွဲပါတော့မယ် ။ လေဆိပ် Duty free ကဝယ်လာတဲ့ Double Black နဲ့ ဝက်အူမကြီးကြော်လေးစားလိုက်… ဝက်နံရိုးကြော်ကိုက်လိုက်နဲ့ ဟန်ကိုကျလို့…။ သောက်ရင်းစားရင်း မ နက်လုပ်ရမယ့် အစီအစဉ်တွေကိုအသေးစိတ် ပြင်ဆင်ပြီးတာနဲ့ CNN သတင်းလေးထိုင်ကြည့်နေမိတယ် ။ အရှိန်ကလည်း ကောင်းလာသလို အချိန်ကလည်းနှောင်းလာပါပြီ ။
နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုး ပါတော့မယ်…။ တစ်ခန်းလုံးအေးစိမ့်နေတာကြောင့် Heater ထဖွင့်လိုက်ရပါတယ် ။ Heater ဖွင့်ထားပေမယ့် နွေးမလာပဲ အေးစိမ့်နေစဲပါ ။ Heater မကောင်းရင်လဲ စောင်ခြုံအိပ်တော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ စားလက်စ သောက်လက်စကိုဖြတ်ပြီး စားကြွင်းစားကျန်တွေ အမှိုက်ပုံးထဲ ထည့်ရင်း ညဝတ်အင်္ကျီကိုလဲနေတဲ့ အချိန်မှာပဲ အခန်းထဲက မီးက ရုတ်တရက်ဆိုသလို ပြတ်သွားပါတော့တယ် ။
မီးပျက်သွားပေမယ့် အရေးပေါ်မီးမှိန်မှိန် လေး ရှိနေသေးတာကြောင့် အခန်းထဲကို မြင်နေရပါသေးတယ် ။ မီးပျက်သွားတဲ့အကြောင်း Recption ကိုအကြောင်းကြားဖို့ ဖုန်းကိုကောက်ကိုင်လိုက်ပေမယ့် ဘာသံမှမကြားရပါဘူး ။
ကြိုးဖုန်းတွေက လျှပ်စစ်မီးမလိုတာကို သိနေတဲ့အတွက် ဖုန်းကြိုးတွေ ပြန်စစ်တော့လဲ အကောင်းပါပဲ…။
ကြိုးဖုန်းတွေက လျှပ်စစ်မီးမလိုတာကို သိနေတဲ့အတွက် ဖုန်းကြိုးတွေ ပြန်စစ်တော့လဲ အကောင်းပါပဲ…။
ပြုတ်နေတာ ပြတ်နေတာလဲမရှိတာ တွေ့ရပါတယ်…။ အဲဒီအချိန်မှာပဲ………… ” ဒုန်း….. ” အဝတ်ဘီရို တံခါးက ရုတ်တရက်ပွင့်ပြီးအရှိန်နဲ့ ပြန်ပိတ်သွားပါတယ် ။ မကြာခင်မှာပဲ ရေခဲသေတ္တာတံခါးပွင့်လာပြီး အထဲမှာရှိတဲ့ ဘီယာဘူးတွေ…ရေသန့်တွေနဲ့အချိုရည်ဗူးတွေ အပြင်ကို ကောက်ပေါက်သလို လွင်ကျလာပါတော့တယ် ။
ဒါဟာ…သမရိုးကျမဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အတွက် ဆံပင်မွေးတွေနဲ့ ကြက်သီးတွေ ထောင်ထလာပါတယ် ။ အဲဒီအချိန်မှာပဲ ရေချိုးခန်းတံခါးက အလိုလိုပွင့်လာပြီး အထဲက လူရိပ်တစ်ခုလိုမြင်လိုက်ရပါတယ် ။ ဖုန်းကို အမြန်ယူပြီး ဖုန်းမှာပါတဲ့ flash light နဲ့ ထိုးတော့မှ….. ဆံပင်ဖားလျားချထားပြီး မျက်နှာပြောင်ချောနေတဲ့ အသက် နှစ်ဆယ်ကျော် အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်..။
ကြည့်နေစဉ်မှာပဲ ရုတ်တရက် ပျောက်သွားတာကြောင့် ကိုယ့်အနောက်ကို ပြန်လှည့်ကြည့်ရပါသေးတယ် ။ လူတစ်ကိုယ်လုံးမြောက်တက်သွားမတတ်ဖြစ်ရသလို အေးစိမ့်နေတဲ့ အခန်းထဲမှာ ဇောချွေးတွေ ပျံတက်လာပါပြီ ။ အသားတွေ တဆတ်ဆတ်တုန်ပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တာကြောင့် ဖုန်း ထဲမှာထည့်ထားတဲ့ ပဋ္ဌာန်းနှစ်ဆယ့်လေးပစ္စည်းကို လက်တုန်ခြေတုန်ဖြစ်နေတဲ့ကြားက ကပြာကယာ အမြန်ရှာပြီး ဖွင့်လိုက်ပါတယ် ။
ပဋ္ဌာန်းနိဒါန်းအစမှာတင် လက်ထဲကဖုန်းကို တစ်ယောက်ယောက်က ယူပစ်လိုက်သလို ဖြစ်ပြီး ကြမ်းပြင်ပေါ်လွင့်ကျသွားပါတော့တယ် ။ ဖုန်းကိုအပြေးအလွှားကောက်ဖို့ သွားပေမယ့် လက်ကိုင်ဖုန်းလေးရဲ့ မျက်နှာပြင်က အလင်းရာင်မရှိတော့ပဲ ဘတ္ထရီကုန်သွားသလို ချက်ချင်းမဲမှောင်သွားပါတယ် ။
တစ်စထက်တစ်စ ပိုဆိုးလာတဲ့ အခန်းကနေ ထွက်ပြေးဖို့ အခန်းတံခါးကို အကြိမ်ကြိမ်ဆွဲဖွင့်ပေမယ့် လုံးဝဖွင့်လို့မရခဲ့ပါဘူး ။ ဘေးအခန်းတွေ ကြားနိုင်အောင် အခန်းနံရံတွေကိုထုပေမယ့်လဲ ကူသူကယ်သူမရှိ… အခန်းကိုလာကြည့်မယ့်သူမရှိခဲ့ပါဘူး ။ လူ လူချင်းဆိုရင် သူသေကိုယ်သေ တိုက်ခိုက်နိုင်ပေမယ့် ဘာမှမမြင်ရတဲ့ နာနာဘာဝကို တိုက်ခိုက်ဖို့ဆိုတာမလွယ်ကူပါဘူး ။
ကြောက်လွန်းလို့ မျက်ရည်သာမက ရှူးတွေပါ ထွက်ကျနေပါပြီ ။ မကြောက်ပဲ ခံနိုင်ရိုးလားဗျာ…… ကုတင်ပေါ်မှာရှိတဲ့ ခေါင်းအုံးတွေ….စောင်တွေ…အိပ်ယာခင်းတွေကို အကုန်ဆွဲချလိုက်… နံရံကို ခေါင်းအုံးတွေနဲ့ ပစ်ပေါက်လိုက် လုပ်နေတာ မြင်ရတော့ ကျွန်တော် မကြောက်ပဲခံနိုင်ပါ့မလား ။ ခဏအကြာမှာတော့ ကျွန်တော့်ဘက်ကို ကုတင်ကြီးတစ်ခုလုံးရွေ့လာတာကိုမြင်တော့ လွတ်အောင်ရှောင်တိမ်းရင်း နံရံနားကိုပြေးကပ်လိုက်ပါတယ် ။
” ဒုန်း…. ဒုန်း…ဒုန်း… ”
ကျွန်တော့်ဘေးမှာရှိတဲ့ ဘီရိုတံခါးက အရှိန်နဲ့ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာကြောင့် ကျွန်တော့်မှာပြေးစရာနေရာမရှိလောက်အောင်ဖြစ်ပြီး မျက်ရည်တွေပါကျလာရပါတော့တယ် ။ အသံကုန်အော်လိုက်ပေမယ့် ပါးစပ်ထဲကို အာစေးထည့်ထားသလို ဘာသံမှကိုထွက်မလာတော့ပါဘူး ။ ဘီရိုတံခါးငြိမ်သွားလို့ သက်ပြင်းချမယ်ကြံကာရှိသေး…. ကြမ်းပြင်ပေါ်က ဘီယာဘူးတွေ အချိုရည်ဗူးတွေက ဟိုလိမ့် ဒီလိမ့် ဖြစ်နေပါတယ် ။
ခဏအကြာမှာပဲ ဘီယာဗူးတွေ အချိုရည်ဗူးတွေကို လူတစ်ယောက်ယောက်တက်နင်းသလို ပိန်ချိုင့်ပြီး အထဲက ဘီယာတွေ အချိုရည်တွေ ပန်းထွက်လာပါတော့တယ် ။ ဖြစ်ချင်ရာဖြစ်ပါစေတော့ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချပြီး
မျက်လုံးစုံမှိတ်ကာ ဘုရားကို အာရုံပြုနေလိုက်ပါတော့တယ်….။
မျက်လုံးစုံမှိတ်ကာ ဘုရားကို အာရုံပြုနေလိုက်ပါတော့တယ်….။
စိတ်ထဲက အာရုံပြုနေသလို ကိုယ်စောင့်နတ်တွေ သာသနာစောင့်နတ်မင်းကြီးတွေကို တိုင်တည်ပြီး မေတ္တာသုတ်ကို ရွတ်ပါတယ် ။ ပါးစပ်က အသံထွက်မလာပေမယ့် ကျွန်တော့်ရဲ့နှူတ်ခမ်းတွေက မေတ္တာသုတ်တော်ကို ရွတ်ဆိုနေကြပါပြီ….။ မေတ္တာသုတ်ရွတ်နေတဲ့ အချိန်မှာ မျက်လုံးစုံမှိတ်ထားလို့ ဘာတွေဖြစ်နေတယ်ဆိုတာ မမြင်ရပေမယ့် ကျွန်တော့်ဘေးနားမှာ တစ်ယောက်ယောက် ရှိနေသလို ခံစားနေရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အကူအညီမရမယ့်အတူတူတော့ ကျွန်တော့်အတွက် အားကိုးစရာ မေတ္တာသုတ်ပဲရှိပါတော့တယ် ။
မေတ္တာသုတ်ကို အမှားအယွင်းမရှိရအောင် အာရုံပြုရွတ်ဆိုနေတဲ့အတွက် ကျွန်တော့်စိတ်ထဲမှာ တည်ငြိမ်လာသလို အားကိုးရာတစ်ခုခုရတော့မယ်လို့လဲ စိတ်ထဲမှာထင်နေမိပါတယ် ။ မျက်လုံးတွေမှိတ်ထားပေမယ့်
ကျွန်တော့်ရဲ့ မျက်ခွံမှာ ဘုရားရှင်ရဲ့ ပုံရိပ်လိုလို ရဟန္တာတစ်ပါးရဲ့ ပုံရိပ်လိုလို မတ်ရပ်လျက်သားရေးရေးလေးပေါ်လာပါတယ် ။
ကျွန်တော့်ရဲ့ မျက်ခွံမှာ ဘုရားရှင်ရဲ့ ပုံရိပ်လိုလို ရဟန္တာတစ်ပါးရဲ့ ပုံရိပ်လိုလို မတ်ရပ်လျက်သားရေးရေးလေးပေါ်လာပါတယ် ။
” ဟင်း…….. ”
ကျွန်တော့်အနားကနေ သက်ပြင်းချလိုက်သံက အတော်ကြောက်စရာ တုန်လှူပ်စရာကောင်းပါတယ် ။ အဲအချိန်မှာပဲ မျက်လုံးထဲမှာ အလင်းရောင်တစ်ခုကိုမြင်လိုက်ရလို့ မျက်လုံးကိုဖွင့်ကြည့်မိတော့…အားနဲ့ ဖွင့်လို့မရခဲ့တဲ့ အခန်းတံခါးက သူ့အလိုလိုပွင့်သွားတာကိုမြင်လိုက်ရပါတယ်…။ ကျွန်တော်မြင်လိုက်ရတဲ့ အလင်းရောင်က ဟိုတယ်အခန်းအပြင်ဘက် လူသွားလမ်းကမီးရောင်ပါ ။ အခွင့်အရေးကို လက်လွှတ်ခံလို့မရတဲ့ အတွက် ထိုင်ရာကနေ အမြန်ထပြီး အခန်းအပြင်ဘက်ကို ပြေးထွက်လာခဲ့ပါတယ် ။
” ဂျိမ်း…. ”
ကျွန်တော်အခန်းပြင်ရောက်တဲ့ အချိန်မှာပဲ အခန်းတံခါးက အရှိန်နဲ့ပြန်ပိတ်သွားသံကိုကြားလိုက်ရလို့ နောက်ကိုပြန်လှည့်မကြည့်ပဲ အောက်ထပ်ကိုလှေကားအတိုင်းပြေးဆင်းလာခဲ့ပါတယ် ။ ဟိုတယ်အောက်ဆုံး ထပ်ရောက်တဲ့ အချိန်မှာ Reception ကိုအပြေးအလွှားသွားရင်း အမောဖြေရပါတော့တယ် ။
Reception မှာတာဝန်ကျနေတဲ့ အမျိုးသမီးလေးတွေ က ကျွန်တော့်ကိုအံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ပြီး ဘာဖြ စ်လာလဲဆိုတာကိုမေးကြလို့ ကျွန်တော်ကလဲ သရဲခြောက်ခံရတာလို့ အမှန်အတိုင်းပဲပြောပြလိုက်ပါတယ် ။ သူတို့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အမူအရာတွေဖြစ်သွားကြသလို တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလဲ ဆိုတဲ့ သဘောနဲ့ အချင်းချင်းမေးငေါ့ပြနေကြတယ် ။
” မစ္စတာ… အခန်းနံပါတ်ပြောပါ… ” ” Room no. 406 ”
ကျွန်တော်ပြောလိုက်သံကြားတော့ အမျိုးသသမီးငယ်လေးတစ်ယောက်က မျက်စေ့မျက်နှာချက်ချင်းပျက်သွားပြီး တစ်နေရာရာကိုဖုန်းလှမ်းဆက်လိုက်ပါတယ် ။ ခဏအကြာမှာ အသက်နှစ်ဆယ်ကျော် ဟိုတယ်ဝ
န်ထမ်း အမျိုးသားလေးနှစ်ယောက် ရောက်လာကြပြီး ကျွန်တော်နဲ့ အတူ အခန်းကိုသွားစစ်ဆေးကြည့်ဖို့ ပြောပါတယ် ။
န်ထမ်း အမျိုးသားလေးနှစ်ယောက် ရောက်လာကြပြီး ကျွန်တော်နဲ့ အတူ အခန်းကိုသွားစစ်ဆေးကြည့်ဖို့ ပြောပါတယ် ။
” NO… ငါမလိုက်ဖူး…မင်းတို့ဟာမင်းတို့သွားစစ်ကြ ” ” မရပါဘူးမစ္စတာ… မစ္စတာပါ လိုက်သွားရပါမယ်… ကျွန်မပါလိုက်ခဲ့ပါ့မယ်…” ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အဆုံးမှာတော့ ဟိုတယ်ဝန်ထမ်းတွေနဲ့အတူ အခန်းကို လိုက်သွားရပါတော့တယ်….။
အခန်းတံခါးကို အပြင်က ဖွင့်ပေမယ့် ဘယ်လိုမှ ဖွင့်မရပါဘူး… ။ ” မစ္စတာ….အခန်းထဲက ထွက်လာတုန်းက လော့ချခဲ့သေးလား… ” ” ဘယ်လိုလုပ်ချခဲ့မှာလဲ…အသက်လုပြီးပြေးလာရတာ ” ဟိုတယ်ဝန်ထမ်းတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး Master Key နဲ့ ဖွင့်လိုက်ပါတယ် ။ ဟိုတယ်ဧန်ထမ်းတွေ အနောက်ကနေ အခန်းထဲကို မသိမသာလှမ်းကြည့်လိုက်တော့ အခန်းမီးတွေက ထိ မ်လင်းလို့ပါ ။
ကျွန်တော်ပြေးထွက်လာစဉ်က ကျွန်တော့်အခန်းတစ်ခုထဲမီးပျက်နေတာကို သတိထားမိခဲ့ပါတယ် ။ အခန်းထဲကို ဝင်သွားတဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အနောက်က ကပ်လိုက်သွားတဲ့အခါမှာတော့……အခန်းတစ်ခုလုံး ရှူပ်ပွပြီး ပေကျံနေပါတယ် ။ အရက်နံ့ကလည်း ထေင်းထောင်းထနေတာကြောင့် ဟိုတယ်ဝန်ထမ်းတွေက ကျွန်တော့်ကို လှည့်ကြည့်ကြတယ် ။ သူတို့ရဲ့အကြည့်တွေက ကျွန်တော် အရက်ကြောင်ပြီး သောင်းကျန်းထားတယ်လို့ထင်နေကြပုံရပါတယ် ။
” ငါမလုပ်ဖူး…အဲဒါတွေငါလုပ်တာမဟုတ်ဖူး… ငါ့အခန်းတစ်ခုထဲ မီးပျက်တယ်…မင်းတို့ဆီဖုန်းလဲခေါ်လို့မရဘူး… ၊ သရဲမကို ငါ့မျက်စေ့နဲ့ အသေအချာမြင်ခဲ့တာ… ပန်းရောင်ဂါဝန်နဲ့ ဆံပင်က ကျောလည်လောက်ရှိတယ်
…၊ အသက်က နှစ်ဆယ့်ငါး သုံးဆယ်အရွယ်လောက်..။ အရပ်ကတော့ငါမပြောတတ်ဖူး… သူက ကြမ်းပြင်နဲ့ နှစ်ပေအကွာလောက် လေထဲမှာမြောက်တက်နေတာ… ”
…၊ အသက်က နှစ်ဆယ့်ငါး သုံးဆယ်အရွယ်လောက်..။ အရပ်ကတော့ငါမပြောတတ်ဖူး… သူက ကြမ်းပြင်နဲ့ နှစ်ပေအကွာလောက် လေထဲမှာမြောက်တက်နေတာ… ”
ကျွန်တော်ကြုံခဲ့ရသမျှကို မခြွင်းမချန် အကုန်ပြောပြလိုက်တော့မှပဲ သူတို့လဲ တစ်ခန်းလုံးကိုလိုက်စစ်ဆေးပါတော့တယ် ။ ကြမ်းပြင်ပေါ်မှာကျနေတဲ့ ကျွန်တော့်ရဲ့ဖုန်း ကိုကောက်ပြီး စစ်ကြည့်တော့စခရင် မီးလင်းပြီး ပုံမှန်အလုပ်လုပ်နေပါတယ် ။ နံရံကိုပေါက်ခွဲထားသလိုမျိုး တစ်စစီကွဲသွားတဲ့အရက်ပုလင်းကိုကြည့်ပြီးကျွန်တော်အံ့အားသင့်မိတယ် ။ အခန်းထဲမှာ ကျွန်တော်ရှိနေစဉ်က အရက်ပုလင်းကွဲသံလုံးဝမကြားခဲ့ပါ ။
” မစ္စတာ…..ရှင့်ကို အခန်းပြောင်းပေးပါ့မယ်….” ” မပြောင်းနဲ့…..ငါဟိုတယ်ပြောင်းမယ်…စီစဉ်ပေးပါ ” ” ရှင့်စိတ်တိုင်းကျအခန်းကိုစီစဉ်ပေးပါ့မယ်….၊ အခုပျက်စီးဆုံးရှူံးမှူတွေကိုလဲ အလျော်မယူပါဘူး….”
” အလျော်ပေးဆိုလဲပေးမယ်… ငါ့ကိုအခုချက်ချင်း ဟိုတယ်ပြောင်းပေးပါ …နေပါဦး…ဒီအထပ်မှာ လူတစ်ယောက်မှမရှိဘူးလား…ဘေးခန်းတွေကြားအောင် နံရံတွေထုနေတာ တစ်ယောက်မှ ရောက်မလာကြဘူး ”
” ဟုတ်ကဲ့…စီစဉ်ပေးပါ့မယ်… ဒီအထပ်မှာ ဧည့်သည်မရှိပါဘူး…အောက်ထပ်မှာလဲ ဧည့်သည်မရှိသလောက်ပါပဲ…ဒီရာသီက ဧည့်လာနည်းကြတယ်မစ္စတာ…မစ္စတာရဲ့ ပစ္စည်းတွေ သိမ်းပြီးရင် အောက်ထပ်ကိုဆင်း လာခဲ့ပါ… ”
” နေဦး…မင်းတို့ပါကူသိမ်းပေး….ငါ့ကိုတစ်ယောက်ထဲမထားခဲ့နဲ့…. ” ” ရပါတယ်…ကူသိမ်းပေးပါ့မယ်… ”
ဟိုတယ် ဝန်ထမ်းသုံးယောက်နဲ့ ကျွန်တော့်ပစ္စည်းတွေကို အမြန်သိမ်းပြီး အောက်ထပ်ကိုဆင်းလာခဲ့ပါတော့တယ် ။ Reception အရှေ့က ဆိုဖာထိုင်ခုံပေါ်မှာ ထိုင်မိတော့မှ သတိရမိတယ် ။ ကျွန်တော် ညဝတ်အင်္ကျီလဲမှ မလဲရသေးပဲ ။
ဟိုတယ် ဝန်ထမ်းသုံးယောက်နဲ့ ကျွန်တော့်ပစ္စည်းတွေကို အမြန်သိမ်းပြီး အောက်ထပ်ကိုဆင်းလာခဲ့ပါတော့တယ် ။ Reception အရှေ့က ဆိုဖာထိုင်ခုံပေါ်မှာ ထိုင်မိတော့မှ သတိရမိတယ် ။ ကျွန်တော် ညဝတ်အင်္ကျီလဲမှ မလဲရသေးပဲ ။
” ငါအဝတ်အစားလဲချင်လို့ ” ” ရပါတယ်… ဟိုကအိမ်သာထဲသွားလဲလိုက်ပါ ” ” မသွားဘူး… ဒီမှာပဲလဲတော့မယ်… မင်းတို့ ဟိုဘက်ခဏလှည့်နေကြ….”
အဝတ်အစားတွေလဲပြီးတာနဲ့ ဟိုတယ်က ကားရောက်လာပါပြီ ။ အခြားဟိုတယ်ပြောင်းဖို့အတွက် ပစ္စည်းတွေကားပေါ်တင်ရင်း Reception ကိုအကြောင်းကြားစရာရှိတာကြားခဲ့ရပါတယ်…။ Room no. 237 က ရောဘတ်ကို ငါဟိုတယ်ပြောင်းသွားပြီဆိုတာ မနက်ကျရင်ပြောပေးပါ…သူငါ့ကို ဖုန်းခေါ်လိုက်ပါဆိုတာလဲ ပြောပေးပါ ”
” ဟုတ်ကဲ့ပြောလိုက်ပါ့မယ်..” ကားပေါ်တက်ဖို့ပြင်နေတဲ့ အချိန်မှာပဲ Reception က အမျိုးသမီးလေးက ကျွန်တော့်အနားကိုရောက်လာပါတယ် ။
” မစ္စတာ…စကားနည်းနည်းလောက်ပြောလို့ရမလား ” ” ရပါတယ်…. ” ” အခုလိုဖြစ်သွားရတဲ့အတွက် ကျွန်မတို့ ဟိုတယ်ကိုယ်စား တောင်းပန်ပါတယ် ” ” မတောင်းပန်နဲ့…ငါသိချင်တာပြောရင် ကျေနပ်ပေးမယ် ” ” ဘာများသိချင်ပါသလဲ ”
” ငါနေခဲ့တဲ့ အခန်းမှာ ဘာတွေဖြစ်ခဲ့ဘူးသလဲ…အမှန်အတိုင်းပြောပါ ” ” ဟိုတယ်ရဲ့ အတွင်းရေးကို အပြင်ကိုပေါက်ကြားခွင့်မရှိပါဘူးရှင့် ” ” ဒါဆိုလဲ အင်တာနက်ကနေ Web site တွေမှာ မင်းတို့ဟိုတယ် သရဲခြောက်တဲ့ အကြောင်းတင်လိုက်ရုံပဲပေါ့ကွာ… ”
” အို….အဲဒီလိုတော့မလုပ်ပါနဲ့… မစ္စတာသိချင်ရင်ပြောပါ့မယ်… ဒါပေမယ့် မစ္စတာလဲ အခုအကြောင်းတွေ ဘယ်သူမှ မပြောပါဘူးလို့ကတိပေးပါ ”
” ပြောမယ်…မပြောမယ်ဆိုတာကိုတော့ ကတိမပေးဘူး…ပြောဖြစ်ခဲ့ရင်တောင်မှ မင်းတို့ဟိုတယ်ဆိုတာ ထည့်မပြောဘူး…အိုကေ ”
” အဲဒါဆိုရပါတယ်…မစ္စတာ့ကိုလူကြီးလူကောင်းတစ်ယောက်လို့ သတ်မှတ်ပြီးပြောပြပါ့မယ်…၊ အခုမစ္စတာနေခဲ့တဲ့ အခန်းမှာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကျော်လောက်က သမီးရည်းစားစုံတွဲ တစ်ပါတ်နေခဲ့ပါတယ်..။ ကျွန်မက အဲဒီအချိန်တုန်းက ဒီဟိုတယ်မှာ တာဝန်ထမ်းဆောင်ကာစပါ…။
တစ်ရက်မှာတော့ အဲဒီအခန်းက အမျိုးသားက သူ့ ID ကဒ်ကိုပြန်တောင်းယူပြီး ဟိုတယ်အခန်းအတွက် နောက်ထပ်လေးရက်စာပါ ငွေရှင်းသွားပါ တယ် ၊ အလုပ်ကိစ္စရှိလို့ နောက်တစ်ရက်နေပြန်လာမယ်လို့ပြောသွားပါတယ် ။ အခန်းထဲမှာ လူရှိနေတဲ့ အတွက် အခန်းသန့်ရှင်းရေးလဲ မလုပ်ခဲ့ပါဘူး ။ လေးရက်လောက်အကြာမှာ အပုပ်နံ့ရလို့ အခန်းထဲဝင်စစ်တော့မှ ကုတင်ပေါ်မှာ သေနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ခဲ့ရပါတယ် ”
” ဟုတ်ပြီ… သူဘာဝတ်ထားလဲ ” ” မစ္စတာပြောတဲ့ ပန်းရောင် ဂါဝန်ပါပဲ…” ” ဘုရားရေ… ” ” သူသေနေတာ သုံးလေးရက်ကြာပြီဆိုတော့ သွေးတွေလဲ ခြောက်ကပ်နေပါပြီ ။ လည်ပင်းကိုလှီးထားတော့ ပြတ်လုပြတ်ခင်ဖြစ်နေတာမြင်လို့မကောင်းအောင်ပါပဲ ”
” သေချာတယ်…အဲဒါသေချာတယ်…။ ငါမြင်လိုက်တဲ့ အမျိုးသမီးကလဲ လည်ပင်းကြီးဟနေတယ်…ဆက်ပြောပါဦး… ” ” အမျိုးသာက ကွမ်ကျိုးကပါ ။ သေသွားတဲ့အမျိုးသမီးက အစ္စလာမ်ဘာသာကိုးကွယ်တဲ့ မြောက်ပိုင်းကပါ … အဲဒီနေ့က အခန်းထဲကို ရဲတွေဝင်စစ်ဆေးကြတော့ ဘီရိုထဲက အဝတ်တွေထဲမှာ ဝှက်ထားတဲ့ ဓားမြောင်တစ်ေ
ခြာင်းရယ်.. အရက်ပုလင်းတစ်လုံးနဲ့ ….စားကြွင်း…. ”
ခြာင်းရယ်.. အရက်ပုလင်းတစ်လုံးနဲ့ ….စားကြွင်း…. ”
” အလို……. တော်ပြီ…..ဆက်မပြောနဲ့တော့ ” ” ဘာဖြစ်လို့လဲ မစ္စတာ… ” ” ဒီလောက်ဆိုငါသိပြီ…ငါသွားတော့မယ်… မနက်အလုပ်ရှိသေးတယ် ”
ဟိုတယ်ဝန်ထမ်း အမျိုးသမီးလေးနဲ့ ဆက်မပြောဖြစ်တော့ပဲ ကားပေါ်တက်ခဲ့ပါတော့တယ်…။ အရက်သေစာနဲ့ဝက်သားကို လက်သင့်မခံတဲ့ ဘာသာခြားဝိဉာဉ်က ကျွန်တော့်ကို အခုလို ဆိုးဆိုးဝါးဝါးတုန့်ပြန်လို က်တယ်ဆိုတာ ကျွန်တော်သိလိုက်ပါပြီ ။ အဲဒီအစားအသောက်ကြောင့် သူ့ရည်းစား ကောင်လေးနဲ့ ပြဿနာတက်ပြီး အသက်စတေးခံလိုက်ရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
ကျွန်တော့်ရဲ့ တစ်ဝက်ကျော်ကျော်ကျန်သေးတဲ့ အရက်ပုလင်းကို နံရံနဲ့ကိုင်ပေါက်ခွဲခံရကတည်းက သံသယရှိနေခဲ့ပါတယ် ။ အခုမှ သတိထားမိတဲ့ အချက်ကတော့ ဟိုတယ်အခန်းထဲကို ဝင်စစ်ဆေးတဲ့အချိန်မှာ စားကြွင်းစားကျန်ထည့်ထားခဲ့တဲ့ အမှိုက်ခြင်းတောင်းက ဇောက်ထိုးမှောက်နေခဲ့တာပါပဲ…..။
ဟိုတယ်နဲ့ တဖြေးဖြေးဝေးလာပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ခြေတုန်လက်တုန်ဖြစ်ခဲ့ရသလို…အခုစာရေးနေချိန်မှာလဲ အဲဒီအချိန်ကကြုံခဲ့ရတာကို ပြန်တွေးမိပြီး ထိတ်လန့်နေစဲမို့ စာရေးရင်း အနောက်ကို ခဏခဏ လှည့်ကြည့်နေရပါတယ်…..။
ယုံခြင်းမယုံခြင်းသည် စာဖတ်သူများ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ကြုံတွေ့ခဲ့သမျှကို ရေးသားဖို့သည် စာရေးသူ၏အလုပ်သာဖြစ်ပေတော့သည် ။
လေးစားချစ်ခင်စွာဖြင့်
လွင်ဦးဟန်
Facebook : https://www.facebook.com/hlaylaysein1967?hc_ref=NEWSFEED&fref=nf
လွင်ဦးဟန်
Facebook : https://www.facebook.com/hlaylaysein1967?hc_ref=NEWSFEED&fref=nf
