Update News
recent

ရိႈက္တန္ နတ္ဆိုး ေနွာက္ယွက္ခံေနရတဲ႔ ေကာင္မေလး ...!


ဒီေန႔ . . က်ဴရွင္မွာ လူသစ္တစ္ေယာက္တိုးတယ္ ။
မ်က္လံုးျပဴးျပဴး ၊ အသားျဖဴျဖဴနဲ႔ " အမီနာ " ဆိုတဲ႔ ခ်စ္စရာ ေကာင္မာေလးတစ္ေယာက္ကို ေတြ႔ရတယ္ ။ က်ြန္မတို႔ အတန္းမွာ သူမက ဘာသာျခားတစ္ေယာက္ပါ ။ အတန္းစတက္တဲ႔ေန႔မွာပဲသူမ မ်က္နွာက မရႊင္မျပနဲ႕ တစ္ခုခုကိုေၾကာက္ေနသလိုမ်ိဳး ၊ တခ်ိန္လံုး မ်က္လႊာခ်ျပီး ေခါင္းငံု႔ထားတတ္တယ္ ။ ေခါင္းေမာ့ထားရင္လည္း မ်က္နွာကိုေသခ်ာမျမင္ရဘူး ၊ သူမရဲ႕လက္နွစ္ဖက္ကိုခံုေပါ ္မွာေထာင္ထားျပီး မ်က္နွာကိုလက္နဲ႔ကြယ္ထားတတ္တယ္ ။  ဆရာမက လက္ကိုေအာက္ခ်ထားဆိုမွ ခ်တယ္ ။ ဒါေတာင္ ခဏေလး ျပီးရင္ လက္ကိုျပန္ေထာင္တာဘဲ ။ သူမ ဆံပင္ေတြကအရမ္းလွတယ္ ။ ထူျပီးေတာ့ မည္းနက္ေနတာပဲ ၊ တင္ပါးအထိရွည္တယ္။ခပ္ပြပြျဖစ္ေနတဲ႔ ဆံပင္ရွည္ေတြကို အျမဲလိုလို စည္းထားတတ္တယ္။

ျပီးေတာ့ မ်က္လံုး . . သူမရဲ႕ မ်က္လံုးေတြက တစ္ေနရာကိုၾကည့္ေနရင္ အဲ႔ဒီေနရာမွာဘဲ အခ်ိန္အေတာ္ၾကာထိ ရပ္ေနတတ္
တယ္ ။ စူးစိုက္ျပီးၾကည့္ေနတာလား ဒါမွမဟုတ္ ေတြးေနတာမ်ား လား ။ သူမပံုစံေလးကို စိတ္ဝင္စားလို႔ က်ြန္မဆို ခဏခဏ လွမ္းၾကည့္မိတယ္ ။ သူမက က်ြန္မၾကည့္တာနဲ႔ မ်က္နွာကိုလက္နဲ႔ ကြယ္ပစ္လိုက္ေရာ ။ တခါတေလေတာ့ သူမက က်ြန္မကို ခိုးၾကည့္တတ္တယ္ ။ ၾကည့္ျပီဆိုရင္လည္း မ်က္ေတာင္ မခတ္ စိုက္ၾကည့္တတ္တယ္ ဘယ္လိုၾကီိးမွန္းမသိဘူး ။ အဲ႔ဒီလိုၾကည့္ေနတာကိုေတြ႔ရင္ေလ ၾကက္သီးက ဖ်န္းခနဲကို ထမိတယ္ ။ သူမက ေနမေကာင္းလို႔ဆိုျပီး တစ္ပတ္မွာ နွစ္ရက္ပဲ တက္ရတဲ႔ က်ဴရွင္ကို ေလးရက္ေလာက္ပ်က္ခ်င္ ပ်က္ေနတတ္ ေသးတယ္။ ဘာေၾကာင့္ရယ္မသိ က်ဴရွင္မွာ သူမက အထူးအခြင့္ အေရး ရသူလိုပဲ ။
* * *
က်ြန္မေနတဲ႔ တိုက္ရဲ႕ ေဘးခန္းကို လူသစ္ေတြေျပာင္းလာ တယ္ ။ ေဖေဖကေတာ့ ဘာသာျခားေတြမို႔ သိပ့္သေဘာမက်ခ်င္ ဘူး ။ တိုက္ခန္းဆိုေတာ့လည္း မျမင္ခ်င္ တံခါးပိတ္ေနရံုေပါ့ ။ ဘာသာျခားေတြမို႔ အျမင္ မၾကည္ရတဲ႔အထဲ ေဘးခန္းက လူသစ္ ေတြက ညေနဆို ဘာေတြေအာ္မွန္းမသိဘူး ။ ရန္ျဖစ္သံ လိုလို ၊ငိုသံလိုလိုနဲ႔ ခဏခဏၾကားရတယ္ ။ 
အံ႔ၾသဖို႔ေကာင္းလိုက္တာ ေဘးအခန္းကို ေျပာင္းလာတဲ႔မိသားစုထဲမွာ အမီနာ ဆိုတဲ႔ေကာင္မာေလး ပါလာတယ္ ။ ညေန
ညေနဆို ေအာ္သံေတြၾကားေနရတာ အမီနာ ေၾကာင့္တဲ႔ ။ သူမေအာ္ေနတာလို႔ ေျပာၾကတယ္ ။ သူမကို " ရႈိင္သြာန္" ဆိုတဲ႔
နတ္ဆိုးေတြက လာ လာေခါ ္ၾကတယ္တဲ႔ ။ ရႈိင္သြာန္ဆိုတာ ကုလားလို အေခါ ္ပါ မေကာင္းဆိုးဝါးလို႔အဓိပါၸယ္ရတယ္ ။ 
တခ်ိဳ႕ မေက်နပ္လို႔ရွိရင္ ေအာက္လမ္းဆရာေတြနဲ႔ေပါင္းျပီး ရႈိင္သြာန္နတ္ဆိုး ေတြကို ခိုင္းၾကတာေတြရွိတယ္ ။ က်ြန္မ ၾကား
ဖူးတာကေတာ့ ေအာက္လမ္းတိုက္ရင္ သရဲ တေစၧေတြနဲ႔ တိုက္တာဘဲသိတယ္ ။ အခုက်ေတာ့ သရဲမဟုတ္ဘူး ရိႈင္သြာန္နတ္ဆိုးလို႔ေျပာပါတယ္ ။ အဂၤလိပ္ေတြမွာဆိုရင္ ေစတန္နတ္ဆိုး လိုမ်ိဳးေပါ့ ။ နာမည္မတူေပမယ့္ သေဘာတရား တူပါတယ္ ။ 
* * * 
အမီနာ တို႔မိသားစုမွာ အေဖက သေဘၤာသား ၊ ေမာင္ေလးတစ္ေယာက္ရွိတယ္ ။ အေမက ေငြတိုးေခ်းတယ္ ၊ နႈတ္ၾကမ္းတယ္
စကားေျပာရင္ ဆဲဆိုျပီးမွ ေျပာတတ္တယ္ ။ အမီနာ တို႔ဘာသာမွာ ေငြတိုးေခ်းစားတဲ႔ အလုပ္ကို လုပ္လို႔မရဘူး ။ အျပစ္ျဖစ္တယ္တဲ႔ ။အမီနာ႔ အေမကို မေက်နပ္လို႔ အမီနာက္ု္ိ ရႈိင္သြာန္နတ္ဆိုးနဲ႔ အတိုက္လုပ္တယ္လို႔ ေျပာၾကတယ္ ။ ညေနဆို အမီနာဆီကို ရႈိင္သြာန္နတ္ဆိုးေတြ ေရာက္လာျပီ ။ နတ္ဆိုးေတြေရာက္လာရင္အမီနာ ေနလို႔မရေတာ့ဘူး ။ ေအာ္တာ ေအာ္တာမ်ားေၾကာက္စရာရႈိင္သြာန္နတ္ဆိုးေတြက အမီနာ ေျခေထာက္ကို လာဆြဲၾကတယ္ ။အမီနာ့ ေျခေထာက္နွစ္ဖက္စလံုး ဘာမွရွိမေနဘဲနဲ႔ တံခါးေပါက္ကိုတရြတ္တိုက္ၾကီးပါသြားတတ္တာ မသိရင္ ရွပ္ရွင္ေတြထဲကလို  သရဲက ဆြဲသြားသလိုမ်ိဳးေပါ့ ။ အမီနာ့ ကို ပါမသြားေအာင္ ဝိုင္းဆြဲ ထားရတယ္ ။ ရႈိင္သြာန္နတ္ဆိုးေတြက ေျခေထာက္ကိုပဲ ဆြဲတာ ေနာက္ေဖးဘက္ကို ဆြဲသြားတာမ်ား ျမင္ရတာနဲ႕ ေၾကာက္စရာပါ။ညေနဘက္ဆို အမီနာ့ ေအာ္သံကိုၾကားရရင္ ရင္ထဲ စိတ္မေကာင္းျဖစ္လို႔ ဆုေတာင္းေပးရံုအျပင္ ဘာမွကူညီေပးလို႔ မရဘူး ။
* * * 
အမီနာ တို႔အိမ္ကို ဆရာတစ္ေယာက္ ေရာက္လာတယ္ ။ အဲ႔ဒီဆရာက ရႈိင္သြာန္နတ္ဆိုးေတြက္ု္ိ ဖယ္ရွားေပးတဲ႔ဆရာလို႔ေျပာတယ္ ။မေလးရွားမွာေတာင္ သြားျပီး ကုေပးတာမို႔ နာမည္ၾကီးတဲ႔ဆရာတစ္ဦးေပါ့ ။ အမီနာ ကိုေနွာက္ယွက္္ေနတဲ႔ ရႈိင္သြာန္နတ္ဆိုးေတြကို ကုဖို႔ အဲ႔ဒီဆရာကို အိမ္ပင့္ထားတယ္လို႔ေျပာတာနဲ႔ က်ြန္မတို႔ တိုက္က လူတခ်ိဳ႔ အမီနာ့ အိမ္ကို ၾကိဳေရာက္ေနၾကပါတယ္ ။ အမီနာ့ အေမကလည္း လာခဲ႔ပါလို႔ ေခါ္တာနဲ႔ သြားျဖစ္ၾကတယ္ ။
ဆရာက ခပ္ငယ္ငယ္ပဲရွိေသးတယ္ ။ အသက္သိပ့္မၾကိီးေသး ဘူး အလြန္ဆံုးရွိမွ သံုးဆယ္ေက်ာ္ေလးပဲရွိဦးမယ္ ။ ဆရာက
အျဖဴေရာင္အက်ီၤ နဲ႔ ပုဆိုးအကြက္ကိုဝတ္ထားတယ္ ။ လက္မွာအစိမ္းနုေရာင္ပုတီးနဲ႔ ၾကိမ္လံုးလို တုတ္ကို ကိုင္ထားတယ္ ။ ေခါင္းမွာ လျခမ္းဦးထုပ္အျဖဴေရာင္ေလးနဲ႔ ဆရာ့မ်က္လံုးက စူးရွျပီး အေရာင္လဲ႔တယ္ ။ မ်က္နွာက ၾကည္လင္တယ္ ။ အသံ ၾသဇာ နဲ႔ျပည့္စံုတယ္ . . . ။ 
ဆရာက အမီနာ ကို သူ႔အေရွ့မွာထိုင္ခိုင္းထားတယ္ ။ အမီနာအေရွ့မွာ မီးဖိုတစ္ခုကို ခ်ထားတယ္ ။ ဆရာက အရင္ဆံုး ကုလား
လို ဘုရားစာရြတ္တယ္ ။ ရႈိင္သြာန္ေတြကို ေခါ ္လိုက္တယ္ ။ ရိုင္သြာန္ေတြ ေရာက္လာျပီ ။ အမီနာ ေအာ္ပါျပီ ။ ေခါင္းၾကိီးကဘယ္ညာရမ္းေနျပီ ။ မ်က္လံုးၾကီးက နီရဲေနတယ္ ။ ဆံပင္ရွည္ေတြက ငွက္သိုက္လို ဖြာလန္က်ဲလာတယ္ ။ ဆရာက အမီနာ ကိုစကားေတြ ေျပာေနတယ္ ကုလားလိုေျပာေနလို႔ ဘာေတြေျပာေနမွန္းမသိဘူး ။ ရႈိင္သြာန္က သံုးေကာင္ လို႔ေျပာတယ္ ။ ရိႈင္သြာန္ေတြကို ဆံပင္ထဲက ထြက္ခိုင္းေနတယ္ ။ တုတ္နဲ႔ ေျခာက္ျပီး ထြက္ခိုင္းေနတာပါ ။ ဆရာက ရိႈင္သြာန္နတ္ဆိုးကို မီးဖိုထဲ ခုန္ခ် ခုန္ခ်နဲ႔ ခိုင္းေနတာ ။ အမိီနာ့ ပံုစံၾကီးက တကယ႔္ေၾကာက္စရာ ။ဘာေတြေအာ္ေနမွန္း လည္းမသိဘူး . . ။ 
ရႈိင္သြာန္နတ္ဆိုး ႏွစ္ေကာင္ေတာ့ မီးဖိုထဲ ဆင္းသြားျပီလို႔ ဆရာကေျပာတယ္ ။ ေပကပ္ျပီး ဆံပင္ထဲတြယ္ကပ္ေနတဲ႔ တစ္
ေကာင္ ရွိေနေသးတယ္တဲ႔ ။ ဒီေကာင္က ေတာ္ေတာ္ၾကာတဲ႔အထိ
မထြက္ဘုူး ။ ဆရာက အမီနာ့ အေမကို ဘုရားစာရြတ္ခိုင္းတယ္ ။ဆရာကိုယ္တိုင္လည္း ဘုရားစာထပ္ရြတ္တယ္ ။ ခဏၾကာေတာ့  အမီနာ ေအာ္ျပန္ေရာ ။ ရႈိင္သြာန္နတ္ဆိုးထြက္လာျပီလို႔ေျပာတယ္ ။
မီးဖိုထဲကို တျဖည္းျဖည္းနဲ႔ ဆင္းသြားျပီဆိုျပီး ဆရာက အမီနာ့ ဆံပင္ေတြကို ကပ္ေၾကးနဲ႔ျဖတ္ ၊ မီးဖိုထဲကို လွမ္းပစ္လိုက္တယ္ ။
ဆံပင္ေတြနဲ႔အတူ ရႈိင္သြာန္နတ္ဆိုးေတြပါ မီးေလာင္ကုန္တယ္ ။ အမီနာ ျငိမ္သြားျပီ အသံမထြက္ေတာ့ဘူး မေအာ္နိူင္ေတာ့ ဘူး ထိုင္ေနရင္းကေန ေမ့လဲက်သြားတယ္ ။ ဆရာကေတာ့ အမီနာ့ ကိုေသခ်ာၾကည့္ျပီး . . .
" စိတ္မပူပါနဲ႔ေတာ့ . . . အမီနာ ေနေကာင္းသြားပါျပီ . . စိတ္ေအးခ်မ္းစြာ အိပ္ပါေစ . . . "

" ဝုန္း . . ဒုန္း . . ဒုန္း . . . အမေလး )))))))
လုပ္ၾကပါဥိိီး လာၾကပါဦ္း … "
အခ်ိန္က . . မနက္ ၂ နာရီ . . . ။ ေအာ္သံေတြနဲ႔အတူ အိမ္အျပင္မွာ ေခြးအူသံေတြကိုပါ ၾကားေနရတယ္ ။ ဆူဆူညံညံ အသံေတြၾကားေနရတာ အမီနာတို႔အခန္းဘက္ကလို႔ ထင္မိတယ္ ။ ေသခ်ာေအာင္ နားစြင့္မိတယ္ . . ဟုတ္တယ္ ဒါ . .အမီနာ႔အေမ
ေအာ္သံ . . . ။ 
အမီနာ လက္နွစ္ဖက္ကို ဘာမွမျမင္ရတဲ႔ အရာတစ္ခုက ဆြဲထားတယ္ အိမ္တံခါးေပါက္ထိ ဆြဲခ်သြားတဲ႔ျမင္ကြင္းက တကယ့္ကို ေသြးပ်က္စရာ . . .။ အမီနာ့ အေမ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ အသံကုန္ေအာ္ျပီး အမီနာ့ကို ျပန္ဆြဲတယ္ ။ ဒါေပမယ့္ မဆြဲနိုင္ဘူးအမီနာ႔ခႏၶာကိုယ္က တံခါးေပါက္ကိုပဲ ဦးတည္ေနတယ္ ။ အမီနာအေဖနဲ႔ ေမာင္ေလး ေရာက္လာျပီး ဝိုင္းဆြဲေတာ့မွ အမီနာ သတိျပန္ဝင္လာေတာ့တယ္ ။ တိတ္ဆိတ္တဲ႔ညမွာ ေခြးအူသံေတြနဲ႔အတူ ေအာ္ငိုေနတဲ႔ အမီနာ့အသံကို အတိုင္းသား ၾကားေနရတယ္ ။ 

ေရာက္လာျပန္ျပီေပါ့ ရိႈင္္သြာန္မေကာင္းဆိုးဝါးေတြ ။ ဆရာနဲကုထားတာမွ မၾကာေသးဘူး အခုတစ္ခါ ထပ္ေရာက္လာျပန္ျပီ
တဲ႔ ။ ေသာၾကာေန႔တိုင္း မနက္ ၂ နာရီဆို အမီနာေအာ္သံ . .ၾကားရျပီ ။ ဒိီတစ္ခါ အမီနာေျခေထာက္ကို လာဆြဲတာမဟုတ္ဘုူး
လက္ကို လာဆြဲတာ ။ အိမ္တံခါးေပါက္ရွိတဲ႔ဘက္ကို ဆြဲတာမ်ား လန့္စရာ . . ။ အိမ္သားေတြက အိမ္ထဲေရာက္ေအာင္ ျပန္ဆြဲရ
တယ္ ။ အိမ္ထဲမေရာက္ပဲ တံခါးေပါက္ထိေရာက္သြားရင္ အမိီနာကို ျပန္ေခါ ္လို႔မရေတာ့ဘူး ။ အျပင္ေရာက္တာနဲ႔ ဝိဉာဥ္ပါသြား ျပီ ၊ နိုင္ေအာင္ဆြဲမွ ရတယ္ မနိုင္ရင္ ေသျပီ ။ သနားဖို႔ေကာင္းတဲ႔အမီနာ ေသာၾကာေန႔ေရာက္မွာကိုေတာင္ ေၾကာက္ေနရွာတယ္ ။
ခရိီးသြားရာက ျပန္ေရာက္လာတဲ႔ ဆရာ . .အမီနာ့ အိမ္ကိုခ်က္ျခင္းဆိုသလို ေရာက္ခ်လာပါတယ္ ။ ေနာက္တစ္ခါ ထပ္ျဖစ္တယ္ဆိုေတာ့ စိတ္ပူမိလို႔နဲ႔တူပါတယ္ ။ ဒီတစ္ခါေတာ့ ဆရာက အမီနာကိုေျခေထာက္ဆင္းခိုင္းထားတယ္ ။ အမီနာေဘးပတ္ပတ္လည္မွာဖေယာင္းတိုင္ေတြ ထြန္းထားတယ္ ။ ဆရာက အမီနာေရွ့မွာထိုင္ျပီး ဘုရားစာဖတ္တယ္ ။ ရိႈင္သြာန္ကိုေခါ ္တယ္ . . . ။ အမီနာဆံပင္ေတြေထာင္လာတယ္ ။ အသံ ၂ သံျဖစ္လာတယ္ ။ မ်က္လံုးၾကီးက နီရဲျပီးျပဴးထြက္လာတာမ်ား ေၾကာက္ဖို႔ေကာင္းလိုက္တာ .။ 
ရိႈင္သြာန္ေတြေရာက္လာျပီ ။ ဆရာက ေလသံမာမာနဲ႔  " ဘယ္ကလဲ - ဘယ္သူလဲ " ေမးေတာ့ နာမည္ေျပာတယ္။
သူ က ရထားၾကိတ္ျပီးေသတဲ႔သူပါတဲ႔ . . သူမ်ားခိုင္းလို႔ ေရာက္လာတာလို႔ေျပာတယ္ ။ ဆရာက ထြက္လို႔ေျပာလည္း မထြက္ဘူး မထြက္ဘူးလို႔ဘဲ ေအာ္ေနတယ္ ။ ပညာကုန္သံုးျပီး ထြက္ခိုင္းတယ္ မရဘူး ။ ဆရာက ညာလက္နဲ႔ ဘယ္ညာပါးနွစ္ဖက္စလံုးကို ရိုက္တယ္ ။ အခ်က္ေပါင္းမ်ားစြာရိုက္ပစ္တယ္ ဒါလည္း မထြက္ဘူး ။ ထုတ္ရတာ အေတာ္ခက္တဲ႔ ရိႈင္သြာန္ပါ ။ ေနာက္ဆံုး သူ႔အတြက္ အလွဴလုပ္ေပးမွ ထြက္မယ္္လို႔ေျပာလာတယ္ ။ ဆရာက လုပ္ေပးမယ္ ထြက္သြား ဆိုေတာ့မွ ရြိဳင္သြာန္ပူးကပ္ေနတဲ႔ အမိီနာ မူးလဲက်သြားတယ္ ။ 
ဆရာေျပာတဲ႔အတိုင္း တာေမြသခ်ိဳင္းကိုသြားျပီး အမိီနာ့ဆံပင္ကေနအဝတ္အစား ၊ ေျခသည္း လက္သည္း ၊ ေခါင္းစေျခအဆံုး အသံုးေဆာင္ပစၥည္းေတြကို ေျမျမဳပ္ရတယ္ ။ အမီနာကိုလာဆြဲတဲ႔ ရိႈင္သြာန္ရဲ႕ နာမည္နဲ႔ ဘုရားစာဖတ္ျပီး ဆုေတာင္းေပးရတယ္ ။ မရွိဆင္းရဲသားေတြကို ထမင္းေက်ြးေပးရတယ္ ။ အဲ႔လိုလုပ္ေပးလိုက္မွ ရိႈင္သြာန္ကျငိမ္သြားေတာ့တယ္ ။ အမီနာဆီ ထပ္ေရာက္မလာေတာ့ဘူး ။ 
ရိႈင္သြာန္ကပ္တယ္ဆိုတာ ကံနိမ့္တဲ႔သူ ၊ ဘာသာေရးလုပ္မထားတဲ႔သူ ၊ အမ်ိဳးသမီးသံုး ပစၶည္းေတြကို လက္လြတ္စပယ္ပစ္တတ္ တဲ႔သူေတြကို ပိုျပီးကပ္တတ္ပါတယ္ ။ ကပ္တယ္ဆိုတ္ိုင္းလည္း ေအာက္လမ္းဆရာေတြက ပညာနဲ႔ခိုင္းမွပါ ။ လူတိုင္းကိုေတာ့ ကပ္လို႔မရပါဘူး ။ ဘယ္ဘာသာဝင္ဘဲျဖစ္ျဖစ္ပါ သူ႔ဘာသာနဲ႔သူကေတာ့ ေန႔စဥ္ ဘာသာေရးကုသိုလ္ေကာင္းမႈကေတာ့
လုပ္သင့္ပါတယ္ ။ ကံျမင့္ေနရင္ပဲျဖစ္ျဖစ္ ၊ ဘုရားရဲ႕ေမတၲာအရိပ္ ေအာက္မွာ ေရာက္ေနရင္ပဲျဖစ္ျဖစ္ မေကာင္းဆိုးဝါးဆိုတာ
အလြယ္တကူေတာ့ မကပ္နိုင္ပါဘူး ။ 
အမီနာဆိုတဲ႔ ေကာင္မာေလးရဲ႕ သနားစရာအျဖစ္အပ်က္ေတြကို အေၾကာင္းတိုက္ဆိုင္စြာ သတိရမိပါတယ္ ။ ေခ်ာေမာလွပတဲ႔ အမီနာ ၊ သနားဖို႔ေကာင္းတဲ႔ အမီနာေလးကို ရိႈင္င္သြာန္ထုတ္ေပးတဲ႔ ဆရာက သနားေမတၲာစိတ္နဲ႔ လက္ထပ္ယူလိုက္ပါတယ္ ။
အခုမ်ားေတာ့ အမီနာဆိုတဲ႔ ေကာင္မာေလး ဘယ္ေရာက္ေနလည္းမသိေတာ့ပါဘူး . . . .။ 
အမီနာ ကံေကာင္းပါေစ . . . .!

ဖိုးသူေတာ္ (www.phothutaw.com)
Credit:   ေနျခည္ - တားေရာ့

#Unicode Version
 ဒီနေ့ . . ကျူရှင်မှာ လူသစ်တစ်ယောက်တိုးတယ် ။
မျက်လုံးပြူးပြူး ၊ အသားဖြူဖြူနဲ့ " အမီနာ " ဆိုတဲ့ ချစ်စရာ ကောင်မာလေးတစ်ယောက်ကို တွေ့ရတယ် ။ ကျွန်မတို့ အတန်းမှာ သူမက ဘာသာခြားတစ်ယောက်ပါ ။ အတန်းစတက်တဲ့နေ့မှာပဲသူမ မျက်နှာက မရွှင်မပြနဲ့ တစ်ခုခုကိုကြောက်နေသလိုမျိုး ၊ တချိန်လုံး မျက်လွှာချပြီး ခေါင်းငုံ့ထားတတ်တယ် ။ ခေါင်းမော့ထားရင်လည်း မျက်နှာကိုသေချာမမြင်ရဘူး ၊ သူမရဲ့လက်နှစ်ဖက်ကိုခုံပေါ ်မှာထောင်ထားပြီး မျက်နှာကိုလက်နဲ့ကွယ်ထားတတ်တယ် ။  ဆရာမက လက်ကိုအောက်ချထားဆိုမှ ချတယ် ။ ဒါတောင် ခဏလေး ပြီးရင် လက်ကိုပြန်ထောင်တာဘဲ ။ သူမ ဆံပင်တွေကအရမ်းလှတယ် ။ ထူပြီးတော့ မည်းနက်နေတာပဲ ၊ တင်ပါးအထိရှည်တယ်။ခပ်ပွပွဖြစ်နေတဲ့ ဆံပင်ရှည်တွေကို အမြဲလိုလို စည်းထားတတ်တယ်။


ပြီးတော့ မျက်လုံး . . သူမရဲ့ မျက်လုံးတွေက တစ်နေရာကိုကြည့်နေရင် အဲ့ဒီနေရာမှာဘဲ အချိန်အတော်ကြာထိ ရပ်နေတတ်
တယ် ။ စူးစိုက်ပြီးကြည့်နေတာလား ဒါမှမဟုတ် တွေးနေတာများ လား ။ သူမပုံစံလေးကို စိတ်ဝင်စားလို့ ကျွန်မဆို ခဏခဏ လှမ်းကြည့်မိတယ် ။ သူမက ကျွန်မကြည့်တာနဲ့ မျက်နှာကိုလက်နဲ့ ကွယ်ပစ်လိုက်ရော ။ တခါတလေတော့ သူမက ကျွန်မကို ခိုးကြည့်တတ်တယ် ။ ကြည့်ပြီဆိုရင်လည်း မျက်တောင် မခတ် စိုက်ကြည့်တတ်တယ် ဘယ်လိုကြီးမှန်းမသိဘူး ။ အဲ့ဒီလိုကြည့်နေတာကိုတွေ့ရင်လေ ကြက်သီးက ဖျန်းခနဲကို ထမိတယ် ။ သူမက နေမကောင်းလို့ဆိုပြီး တစ်ပတ်မှာ နှစ်ရက်ပဲ တက်ရတဲ့ ကျူရှင်ကို လေးရက်လောက်ပျက်ချင် ပျက်နေတတ် သေးတယ်။ ဘာကြောင့်ရယ်မသိ ကျူရှင်မှာ သူမက အထူးအခွင့် အရေး ရသူလိုပဲ ။
* * *
ကျွန်မနေတဲ့ တိုက်ရဲ့ ဘေးခန်းကို လူသစ်တွေပြောင်းလာ တယ် ။ ဖေဖေကတော့ ဘာသာခြားတွေမို့ သိပ့်သဘောမကျချင် ဘူး ။ တိုက်ခန်းဆိုတော့လည်း မမြင်ချင် တံခါးပိတ်နေရုံပေါ့ ။ ဘာသာခြားတွေမို့ အမြင် မကြည်ရတဲ့အထဲ ဘေးခန်းက လူသစ် တွေက ညနေဆို ဘာတွေအော်မှန်းမသိဘူး ။ ရန်ဖြစ်သံ လိုလို ၊ငိုသံလိုလိုနဲ့ ခဏခဏကြားရတယ် ။
အံ့သြဖို့ကောင်းလိုက်တာ ဘေးအခန်းကို ပြောင်းလာတဲ့မိသားစုထဲမှာ အမီနာ ဆိုတဲ့ကောင်မာလေး ပါလာတယ် ။ ညနေ
ညနေဆို အော်သံတွေကြားနေရတာ အမီနာ ကြောင့်တဲ့ ။ သူမအော်နေတာလို့ ပြောကြတယ် ။ သူမကို " ရှိုင်သွာန်" ဆိုတဲ့
နတ်ဆိုးတွေက လာ လာခေါ ်ကြတယ်တဲ့ ။ ရှိုင်သွာန်ဆိုတာ ကုလားလို အခေါ ်ပါ မကောင်းဆိုးဝါးလို့အဓိပါ္ပယ်ရတယ် ။
တချို့ မကျေနပ်လို့ရှိရင် အောက်လမ်းဆရာတွေနဲ့ပေါင်းပြီး ရှိုင်သွာန်နတ်ဆိုး တွေကို ခိုင်းကြတာတွေရှိတယ် ။ ကျွန်မ ကြား
ဖူးတာကတော့ အောက်လမ်းတိုက်ရင် သရဲ တစ္ဆေတွေနဲ့ တိုက်တာဘဲသိတယ် ။ အခုကျတော့ သရဲမဟုတ်ဘူး ရှိုင်သွာန်နတ်ဆိုးလို့ပြောပါတယ် ။ အင်္ဂလိပ်တွေမှာဆိုရင် စေတန်နတ်ဆိုး လိုမျိုးပေါ့ ။ နာမည်မတူပေမယ့် သဘောတရား တူပါတယ် ။
* * *
အမီနာ တို့မိသားစုမှာ အဖေက သင်္ဘောသား ၊ မောင်လေးတစ်ယောက်ရှိတယ် ။ အမေက ငွေတိုးချေးတယ် ၊ နှုတ်ကြမ်းတယ်
စကားပြောရင် ဆဲဆိုပြီးမှ ပြောတတ်တယ် ။ အမီနာ တို့ဘာသာမှာ ငွေတိုးချေးစားတဲ့ အလုပ်ကို လုပ်လို့မရဘူး ။ အပြစ်ဖြစ်တယ်တဲ့ ။အမီနာ့ အမေကို မကျေနပ်လို့ အမီနာက်ို ရှိုင်သွာန်နတ်ဆိုးနဲ့ အတိုက်လုပ်တယ်လို့ ပြောကြတယ် ။ ညနေဆို အမီနာဆီကို ရှိုင်သွာန်နတ်ဆိုးတွေ ရောက်လာပြီ ။ နတ်ဆိုးတွေရောက်လာရင်အမီနာ နေလို့မရတော့ဘူး ။ အော်တာ အော်တာများကြောက်စရာရှိုင်သွာန်နတ်ဆိုးတွေက အမီနာ ခြေထောက်ကို လာဆွဲကြတယ် ။အမီနာ့ ခြေထောက်နှစ်ဖက်စလုံး ဘာမှရှိမနေဘဲနဲ့ တံခါးပေါက်ကိုတရွတ်တိုက်ကြီးပါသွားတတ်တာ မသိရင် ရှပ်ရှင်တွေထဲကလို  သရဲက ဆွဲသွားသလိုမျိုးပေါ့ ။ အမီနာ့ ကို ပါမသွားအောင် ဝိုင်းဆွဲ ထားရတယ် ။ ရှိုင်သွာန်နတ်ဆိုးတွေက ခြေထောက်ကိုပဲ ဆွဲတာ နောက်ဖေးဘက်ကို ဆွဲသွားတာများ မြင်ရတာနဲ့ ကြောက်စရာပါ။ညနေဘက်ဆို အမီနာ့ အော်သံကိုကြားရရင် ရင်ထဲ စိတ်မကောင်းဖြစ်လို့ ဆုတောင်းပေးရုံအပြင် ဘာမှကူညီပေးလို့ မရဘူး ။
* * *
အမီနာ တို့အိမ်ကို ဆရာတစ်ယောက် ရောက်လာတယ် ။ အဲ့ဒီဆရာက ရှိုင်သွာန်နတ်ဆိုးတွေက်ို ဖယ်ရှားပေးတဲ့ဆရာလို့ပြောတယ် ။မလေးရှားမှာတောင် သွားပြီး ကုပေးတာမို့ နာမည်ကြီးတဲ့ဆရာတစ်ဦးပေါ့ ။ အမီနာ ကိုနှောက်ယှက်နေတဲ့ ရှိုင်သွာန်နတ်ဆိုးတွေကို ကုဖို့ အဲ့ဒီဆရာကို အိမ်ပင့်ထားတယ်လို့ပြောတာနဲ့ ကျွန်မတို့ တိုက်က လူတချို့ အမီနာ့ အိမ်ကို ကြိုရောက်နေကြပါတယ် ။ အမီနာ့ အမေကလည်း လာခဲ့ပါလို့ ခေါ်တာနဲ့ သွားဖြစ်ကြတယ် ။
ဆရာက ခပ်ငယ်ငယ်ပဲရှိသေးတယ် ။ အသက်သိပ့်မကြီးသေး ဘူး အလွန်ဆုံးရှိမှ သုံးဆယ်ကျော်လေးပဲရှိဦးမယ် ။ ဆရာက
အဖြူရောင်အကျီၤ နဲ့ ပုဆိုးအကွက်ကိုဝတ်ထားတယ် ။ လက်မှာအစိမ်းနုရောင်ပုတီးနဲ့ ကြိမ်လုံးလို တုတ်ကို ကိုင်ထားတယ် ။ ခေါင်းမှာ လခြမ်းဦးထုပ်အဖြူရောင်လေးနဲ့ ဆရာ့မျက်လုံးက စူးရှပြီး အရောင်လဲ့တယ် ။ မျက်နှာက ကြည်လင်တယ် ။ အသံ သြဇာ နဲ့ပြည့်စုံတယ် . . . ။
ဆရာက အမီနာ ကို သူ့အရှေ့မှာထိုင်ခိုင်းထားတယ် ။ အမီနာအရှေ့မှာ မီးဖိုတစ်ခုကို ချထားတယ် ။ ဆရာက အရင်ဆုံး ကုလား
လို ဘုရားစာရွတ်တယ် ။ ရှိုင်သွာန်တွေကို ခေါ ်လိုက်တယ် ။ ရိုင်သွာန်တွေ ရောက်လာပြီ ။ အမီနာ အော်ပါပြီ ။ ခေါင်းကြီးကဘယ်ညာရမ်းနေပြီ ။ မျက်လုံးကြီးက နီရဲနေတယ် ။ ဆံပင်ရှည်တွေက ငှက်သိုက်လို ဖွာလန်ကျဲလာတယ် ။ ဆရာက အမီနာ ကိုစကားတွေ ပြောနေတယ် ကုလားလိုပြောနေလို့ ဘာတွေပြောနေမှန်းမသိဘူး ။ ရှိုင်သွာန်က သုံးကောင် လို့ပြောတယ် ။ ရှိုင်သွာန်တွေကို ဆံပင်ထဲက ထွက်ခိုင်းနေတယ် ။ တုတ်နဲ့ ခြောက်ပြီး ထွက်ခိုင်းနေတာပါ ။ ဆရာက ရှိုင်သွာန်နတ်ဆိုးကို မီးဖိုထဲ ခုန်ချ ခုန်ချနဲ့ ခိုင်းနေတာ ။ အမီနာ့ ပုံစံကြီးက တကယ့်ကြောက်စရာ ။ဘာတွေအော်နေမှန်း လည်းမသိဘူး . . ။
ရှိုင်သွာန်နတ်ဆိုး နှစ်ကောင်တော့ မီးဖိုထဲ ဆင်းသွားပြီလို့ ဆရာကပြောတယ် ။ ပေကပ်ပြီး ဆံပင်ထဲတွယ်ကပ်နေတဲ့ တစ်
ကောင် ရှိနေသေးတယ်တဲ့ ။ ဒီကောင်က တော်တော်ကြာတဲ့အထိ
မထွက်ဘုူး ။ ဆရာက အမီနာ့ အမေကို ဘုရားစာရွတ်ခိုင်းတယ် ။ဆရာကိုယ်တိုင်လည်း ဘုရားစာထပ်ရွတ်တယ် ။ ခဏကြာတော့  အမီနာ အော်ပြန်ရော ။ ရှိုင်သွာန်နတ်ဆိုးထွက်လာပြီလို့ပြောတယ် ။
မီးဖိုထဲကို တဖြည်းဖြည်းနဲ့ ဆင်းသွားပြီဆိုပြီး ဆရာက အမီနာ့ ဆံပင်တွေကို ကပ်ကြေးနဲ့ဖြတ် ၊ မီးဖိုထဲကို လှမ်းပစ်လိုက်တယ် ။
ဆံပင်တွေနဲ့အတူ ရှိုင်သွာန်နတ်ဆိုးတွေပါ မီးလောင်ကုန်တယ် ။ အမီနာ ငြိမ်သွားပြီ အသံမထွက်တော့ဘူး မအော်နိူင်တော့ ဘူး ထိုင်နေရင်းကနေ မေ့လဲကျသွားတယ် ။ ဆရာကတော့ အမီနာ့ ကိုသေချာကြည့်ပြီး . . .
" စိတ်မပူပါနဲ့တော့ . . . အမီနာ နေကောင်းသွားပါပြီ . . စိတ်အေးချမ်းစွာ အိပ်ပါစေ . . . "

" ဝုန်း . . ဒုန်း . . ဒုန်း . . . အမလေး )))))))
လုပ်ကြပါဦး လာကြပါဦ်း … "
အချိန်က . . မနက် ၂ နာရီ . . . ။ အော်သံတွေနဲ့အတူ အိမ်အပြင်မှာ ခွေးအူသံတွေကိုပါ ကြားနေရတယ် ။ ဆူဆူညံညံ အသံတွေကြားနေရတာ အမီနာတို့အခန်းဘက်ကလို့ ထင်မိတယ် ။ သေချာအောင် နားစွင့်မိတယ် . . ဟုတ်တယ် ဒါ . .အမီနာ့အမေ
အော်သံ . . . ။
အမီနာ လက်နှစ်ဖက်ကို ဘာမှမမြင်ရတဲ့ အရာတစ်ခုက ဆွဲထားတယ် အိမ်တံခါးပေါက်ထိ ဆွဲချသွားတဲ့မြင်ကွင်းက တကယ့်ကို သွေးပျက်စရာ . . .။ အမီနာ့ အမေ ကြောက်ကြောက်လန့်လန့်နဲ့ အသံကုန်အော်ပြီး အမီနာ့ကို ပြန်ဆွဲတယ် ။ ဒါပေမယ့် မဆွဲနိုင်ဘူးအမီနာ့ခန္ဓာကိုယ်က တံခါးပေါက်ကိုပဲ ဦးတည်နေတယ် ။ အမီနာအဖေနဲ့ မောင်လေး ရောက်လာပြီး ဝိုင်းဆွဲတော့မှ အမီနာ သတိပြန်ဝင်လာတော့တယ် ။ တိတ်ဆိတ်တဲ့ညမှာ ခွေးအူသံတွေနဲ့အတူ အော်ငိုနေတဲ့ အမီနာ့အသံကို အတိုင်းသား ကြားနေရတယ် ။

ရောက်လာပြန်ပြီပေါ့ ရှိုင်သွာန်မကောင်းဆိုးဝါးတွေ ။ ဆရာနဲကုထားတာမှ မကြာသေးဘူး အခုတစ်ခါ ထပ်ရောက်လာပြန်ပြီ
တဲ့ ။ သောကြာနေ့တိုင်း မနက် ၂ နာရီဆို အမီနာအော်သံ . .ကြားရပြီ ။ ဒီတစ်ခါ အမီနာခြေထောက်ကို လာဆွဲတာမဟုတ်ဘုူး
လက်ကို လာဆွဲတာ ။ အိမ်တံခါးပေါက်ရှိတဲ့ဘက်ကို ဆွဲတာများ လန့်စရာ . . ။ အိမ်သားတွေက အိမ်ထဲရောက်အောင် ပြန်ဆွဲရ
တယ် ။ အိမ်ထဲမရောက်ပဲ တံခါးပေါက်ထိရောက်သွားရင် အမီနာကို ပြန်ခေါ ်လို့မရတော့ဘူး ။ အပြင်ရောက်တာနဲ့ ဝိဉာဉ်ပါသွား ပြီ ၊ နိုင်အောင်ဆွဲမှ ရတယ် မနိုင်ရင် သေပြီ ။ သနားဖို့ကောင်းတဲ့အမီနာ သောကြာနေ့ရောက်မှာကိုတောင် ကြောက်နေရှာတယ် ။
ခရီးသွားရာက ပြန်ရောက်လာတဲ့ ဆရာ . .အမီနာ့ အိမ်ကိုချက်ခြင်းဆိုသလို ရောက်ချလာပါတယ် ။ နောက်တစ်ခါ ထပ်ဖြစ်တယ်ဆိုတော့ စိတ်ပူမိလို့နဲ့တူပါတယ် ။ ဒီတစ်ခါတော့ ဆရာက အမီနာကိုခြေထောက်ဆင်းခိုင်းထားတယ် ။ အမီနာဘေးပတ်ပတ်လည်မှာဖယောင်းတိုင်တွေ ထွန်းထားတယ် ။ ဆရာက အမီနာရှေ့မှာထိုင်ပြီး ဘုရားစာဖတ်တယ် ။ ရှိုင်သွာန်ကိုခေါ ်တယ် . . . ။ အမီနာဆံပင်တွေထောင်လာတယ် ။ အသံ ၂ သံဖြစ်လာတယ် ။ မျက်လုံးကြီးက နီရဲပြီးပြူးထွက်လာတာများ ကြောက်ဖို့ကောင်းလိုက်တာ .။
ရှိုင်သွာန်တွေရောက်လာပြီ ။ ဆရာက လေသံမာမာနဲ့  " ဘယ်ကလဲ - ဘယ်သူလဲ " မေးတော့ နာမည်ပြောတယ်။
သူ က ရထားကြိတ်ပြီးသေတဲ့သူပါတဲ့ . . သူများခိုင်းလို့ ရောက်လာတာလို့ပြောတယ် ။ ဆရာက ထွက်လို့ပြောလည်း မထွက်ဘူး မထွက်ဘူးလို့ဘဲ အော်နေတယ် ။ ပညာကုန်သုံးပြီး ထွက်ခိုင်းတယ် မရဘူး ။ ဆရာက ညာလက်နဲ့ ဘယ်ညာပါးနှစ်ဖက်စလုံးကို ရိုက်တယ် ။ အချက်ပေါင်းများစွာရိုက်ပစ်တယ် ဒါလည်း မထွက်ဘူး ။ ထုတ်ရတာ အတော်ခက်တဲ့ ရှိုင်သွာန်ပါ ။ နောက်ဆုံး သူ့အတွက် အလှူလုပ်ပေးမှ ထွက်မယ်လို့ပြောလာတယ် ။ ဆရာက လုပ်ပေးမယ် ထွက်သွား ဆိုတော့မှ ရွိုင်သွာန်ပူးကပ်နေတဲ့ အမီနာ မူးလဲကျသွားတယ် ။
ဆရာပြောတဲ့အတိုင်း တာမွေသချိုင်းကိုသွားပြီး အမီနာ့ဆံပင်ကနေအဝတ်အစား ၊ ခြေသည်း လက်သည်း ၊ ခေါင်းစခြေအဆုံး အသုံးဆောင်ပစ္စည်းတွေကို မြေမြုပ်ရတယ် ။ အမီနာကိုလာဆွဲတဲ့ ရှိုင်သွာန်ရဲ့ နာမည်နဲ့ ဘုရားစာဖတ်ပြီး ဆုတောင်းပေးရတယ် ။ မရှိဆင်းရဲသားတွေကို ထမင်းကျွေးပေးရတယ် ။ အဲ့လိုလုပ်ပေးလိုက်မှ ရှိုင်သွာန်ကငြိမ်သွားတော့တယ် ။ အမီနာဆီ ထပ်ရောက်မလာတော့ဘူး ။
ရှိုင်သွာန်ကပ်တယ်ဆိုတာ ကံနိမ့်တဲ့သူ ၊ ဘာသာရေးလုပ်မထားတဲ့သူ ၊ အမျိုးသမီးသုံး ပစ္ဓည်းတွေကို လက်လွတ်စပယ်ပစ်တတ် တဲ့သူတွေကို ပိုပြီးကပ်တတ်ပါတယ် ။ ကပ်တယ်ဆိုတိုင်းလည်း အောက်လမ်းဆရာတွေက ပညာနဲ့ခိုင်းမှပါ ။ လူတိုင်းကိုတော့ ကပ်လို့မရပါဘူး ။ ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ်ပါ သူ့ဘာသာနဲ့သူကတော့ နေ့စဉ် ဘာသာရေးကုသိုလ်ကောင်းမှုကတော့
လုပ်သင့်ပါတယ် ။ ကံမြင့်နေရင်ပဲဖြစ်ဖြစ် ၊ ဘုရားရဲ့မေတ္တာအရိပ် အောက်မှာ ရောက်နေရင်ပဲဖြစ်ဖြစ် မကောင်းဆိုးဝါးဆိုတာ
အလွယ်တကူတော့ မကပ်နိုင်ပါဘူး ။
အမီနာဆိုတဲ့ ကောင်မာလေးရဲ့ သနားစရာအဖြစ်အပျက်တွေကို အကြောင်းတိုက်ဆိုင်စွာ သတိရမိပါတယ် ။ ချောမောလှပတဲ့ အမီနာ ၊ သနားဖို့ကောင်းတဲ့ အမီနာလေးကို ရှိုင်င်သွာန်ထုတ်ပေးတဲ့ ဆရာက သနားမေတ္တာစိတ်နဲ့ လက်ထပ်ယူလိုက်ပါတယ် ။
အခုများတော့ အမီနာဆိုတဲ့ ကောင်မာလေး ဘယ်ရောက်နေလည်းမသိတော့ပါဘူး . . . .။
အမီနာ ကံကောင်းပါစေ . . . .!


ဖိုးသူတော် (www.phothutaw.com)
Credit:   နေခြည် - တားရော့
aung  yein chan

aung yein chan

Powered by Blogger.