Update News
recent

ရှေးရိုးအယူအဆနှင့် မြေပိုင်ဆိုင်မှုပြဿနာကြောင့် ရက်လည်မှ ရဲတပ်ဖွဲ့လုံခြုံရေးဖြင့် မြေချရသည့်နာရေး


 ငွေဆောင်မြို့တွင် ရှေး ရိုးအယူအဆနှင့် မြေပိုင်ဆိုင်မှု ပြဿနာကြောင့် ရွာလမ်းနှင့် ခြံ ဝင်းကို ဖြတ်၍ သုသာန်သို့ ရုပ် အလောင်း သယ်ဆောင်ခွင့်မပြု သည့် နာရေးကို ခုနစ်ရက်အကြာမှ ရဲတပ်ဖွဲ့လုံခြုံရေးအစောင့်အရှောက်ဖြင့် မြေချခဲ့ရကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ အမှတ်(၂)ရပ်ကွက် တွင် အသက်(၆၇)နှစ်အရွယ် အ မျိုးသားတစ်ဦး မေလ ၂၀ ရက်က သေဆုံးခဲ့သည်။ ယင်းနာရေးအိမ် မှ သုသာန်သို့ အသွားလမ်းတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှု ကြောင့် ခြံခတ်ထားသဖြင့် အ ခြားလမ်းမှသွားရန် ရွာလမ်း (ဒေသအခေါ် အဆန်လမ်း)မှ ရုပ်အလောင်း သယ်ဆောင်ခွင့်မပြု ၍ ခုနစ်ရက်ကြာသည်အထိ အိမ်တွင် ထားရှိခဲ့ရသည်။ ခုနစ်ရက် မြောက်တွင်မှ ရဲတပ်ဖွဲ့က လုံခြုံရေးယူကာ ပိတ်ဆို့ထားသော လမ်းကိုဖြတ်၍ သုသာန်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း ငွေဆောင်မြို့မရဲစခန်းမှ သတင်းရရှိသည်။

ငွေဆောင်မြို့မ ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးလှိုင်က ‘‘နာရေးဖြစ် နေတာကို သုသာန်ကို ပို့နိုင်ဖို့ ညှိ နှိုင်းနေတာ ကြာပြီ။ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူး။ ဒီနေ့ (မေလ ၂၆ ရက်)ကျတော့ ခရိုင်ထွေအုပ် တို့၊ မြို့နယ်ထွေအုပ်တို့က အစိုးရ အဖွဲ့နဲ့ ညှိနှိုင်းပြီး အစည်းအဝေး ဆုံးဖြတ်တယ်။ နာရေးဖြစ်နေတာ ခုနစ်ရက်ကြာနေပြီ။ သုံးရက်ဖြစ် ရမယ့်နေရာမှာ ခုနစ်ရက်ဆိုတော့ လည်း ရွာကလည်း စကားပြော လာပြီ။ ဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့ တာ။ ဒီရုပ်အလောင်းကို သုသာန် ကို ပို့နိုင်ဖို့ အုတ်နံရံကို ကျော်ပြီး သွားရတာ။ တော်တော်လေး တော့ ခက်ခဲပါတယ်’’ဟု ပြော သည်။
နာရေးဖြစ်သည့် အိမ်သည် သုသာန်သို့ သွားရာလမ်းနှင့် ပေ ၂၀၀ ကျော်ဝေးပြီး မြေပိုင်ဆိုင်သူဆိုသူက အုတ်တံတိုင်းခတ် ထား၍ ပိတ်နေသလို တစ်ဖက်ရှိ ရွာလမ်းသည်လည်း ဒေသအခေါ် အဆန်လမ်းဖြစ်နေ၍ ရပ်ကွက်က ဖြတ်သန်းခွင့် မပြုခဲ့ခြင်းဖြစ် သည်။
ငွေဆောင်တွင် နာရေးဖြစ် ပွားပါက အဆန်လမ်းဟု သတ် မှတ်ထားသော လမ်းမှ ရုပ်အ လောင်း ဖြတ်သန်းခွင့်မပြုဘဲ အစုန်လမ်းဟု သတ်မှတ်ထားသော လမ်းမှသာ ဖြတ်သန်းခွင့်ပြုသည် မှာ ဓလေ့ဖြစ်ကြောင်း ဒေသခံလူ မှုကူညီရေးအသင်းဖြစ်သည့် မြတ် ဒါနလူမှုရေးအသင်းမှ သိရသည်။
မေလ ၂၆ ရက်တွင် ဒေသတွင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်ဌာန အပါအဝင် အုပ်ချုပ်ရေးတာဝန်ရှိသူများက ကြီးကြပ်ကာ ရဲတပ်ဖွဲ့က လုံခြုံရေး စောင့်ပေး၍ ရုပ်အလောင်းကို သုသာန်သို့ ပို့ဆောင်ခဲ့ရသည်။
‘‘မြေတွေက တန်ဖိုးရှိလာ တော့ ဖောက်ထားတဲ့လမ်းကို ပိတ်ထားတာပေါ့။ ညှိမရတော့ လမ်းကိုပိတ်ထားတဲ့ ခြံစည်းရိုး ပေါ်က ကျော်ခွပြီး ထုတ်လိုက်ရ တာ။ စည်ပင်လည်းပါတယ်။ အင်အားပြပြီး ထိန်းတဲ့သဘောပေါ့။ အသယ်မခံတာတွေ၊ အဖျက်မခံ တာတွေမှာ မလိုလားအပ်တာ တွေ မဖြစ်အောင် စောင့်ခဲ့တာ’’ဟု လုံခြုံရေးစောင့်ကြပ်ခဲ့သော ရဲအရာရှိတစ်ဦးက ပြောသည်။
နာရေးဖြစ်သော အိမ်သည် ၂၀၁၆ က အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့၍ ယခုဖြစ်စဉ်ကဲ့သို့ အခြေအ နေကြုံတွေ့ခဲ့သေးသည်။ ယင်းအ ချိန်က ရုပ်အလောင်းကို သုသာန် သို့ ခြောက်ရက်မြောက်မှ ပို့ဆောင် နိုင်ခဲ့သည်။
မြေယာပိုင်ဆိုင်မှုအငြင်းပွား နေသည့် လမ်းသည် ယခင်က လူ သွားလမ်းဖြစ်ပြီး ငွေဆောင်ကမ်း ခြေကြောင့် ခြံဈေးများ တက်လာ ချိန်၌ လူတစ်ဦးက ခြံစည်းရိုးခတ် ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ ခြံ စည်းရိုးခတ်သူကို စည်ပင်သာ ယာရေးဌာနက တရားစွဲဆိုထား ၍ တရားရုံးက စည်ပင်ဌာနကို အနိုင်ပေးထားကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သို့သော် ခြံစည်းရိုးခတ်သူက အ ထက်တရားရုံးသို့ အယူခံတက်၍ အမှုမှာ မပြီးပြတ်သေးဘဲ ခြံစည်းရိုးကို ဖြို၍မရသေးခြင်းဖြစ်သည်။ လမ်းပိတ်နေသည့် အဝန်းအဝိုင်း အတွင်း နေအိမ် ၂၀ ခန့်ရှိနေသေး ကာ နောက်ထပ်ပြဿနာဖြစ်ပွား မည်ကို ဒေသခံများက စိုးရိမ်မ ကင်းဖြစ်နေသည်။
#Credit 7daysdaily
aung  yein chan

aung yein chan

Powered by Blogger.