မေ ၂၂ ရက်တွင် သိပ္ပံပညာရှင်များက လူသားတို့၏ အသိဥာဏ်နှင့် သက်ဆိုင်သော မျိုးဗီဇပေါင်း ၅၂ ခုကို တွေ့ရှိကြောင်းနှင့် ယင်းတို့ထဲမှ ၄၀ ခုသည် ယင်းကဲ့သို့ ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းတွေ့ရှိချက်များသည် အသိဥာဏ်နှင့် အော့တစ်ဇင်တို့အကြား အံ့သြဖွယ် ဆက်နွှယ်ချက်ကိုလည်း ဖော်ထုတ်ခဲ့ပြီး တစ်နေ့နေ့တွင် အော့တစ်ဇင်၏ မူလရင်းမြစ်ကို တွေ ယင်းအသစ်တွေ့ရှိသည့် မျိုးဗီဇများကို ပေါင်းစည်းလိုက်ပါက သောင်းနှင့်ချီသော လူများအကြား စမ်းသပ်စစ်ဆေးခဲ့သည့် IQ စမ်းသပ်ချက် ရလဒ်များရှိ ကွာခြားချက် ရာခိုင်နှုန်း ၂၀ နှင့် ပတ်သက်နေသည်ဟု သုတေသနပြုသူများက Nature Genetics ဂျာနယ်တွင် ဖော်ပြခဲ့သည်။
“ပထမဆုံးအကြိမ်အဖြစ် IQ အပေါ် သက်ရောက်တဲ့ လုံလောက်တဲ့ မျိုးဗီဇပမာဏကို ကျွန်တော်တို့ စုံစမ်းထောက်လှမ်းနိုင်ခဲ့ပါတယ်” ဟု အမ်စတာဒမ်မြို့ အာရုံကြောဗီဇနှင့် အသိဥာဏ် သုတေသနဌာနမှ သုတေသနမှူးနှင့် ယခုလေ့လာချက်ကို အဓိကရေးဆွဲခဲ့သူ ဒန်နယ်လီ ပို့စ်ဟူမာက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ တွေ့ရှိချက်က အသိဥာဏ်နဲ့ပတ်သက်တဲ့ ဇီဝဗေဒဆိုင်ရာ အခြေခံကို သိမြင်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။
အသစ်ရှာဖွေတွေ့ရှိသော ဗီဇမူကွဲအများစုသည် ဦးနှောက်၌ ဆဲလ်ဖွံ့ဖြိုးမှုကို ထိန်းညှိခြင်း (အထူးသဖြင့် အာရုံကြောများ ကွဲပြားစွာ ဖြစ်တည်လာခြင်းနှင့် Synapse များဟုခေါ်သည့် အာရုံကြောဆိုင်ရာ အချက်အလက် တံခါးဝများ ဖွဲ့စည်းခြင်း) ၌ ပါဝင်ပတ်သက်လျက် IQ မြင့်တက်လာခြင်းနှင့် သက်ဆိုင်နေသည်။
သိပ္ပံပညာရှင်ပေါင်း ၃၀ ပါဝင်သည့် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့သည် IQ စမ်းသပ်ချက်များကို အခြေခံသည့် မျိုးဗီဇဆိုင်ရာ အချက်အလက်များနှင့် အသိဥာဏ်ဆိုင်ရာ အကဲဖြတ်ချက်များအား အသေးစိတ် ဖော်ပြထားသော အစောပိုင်းလေ့လာချက် ၁၃ ခုကို စိစစ်သုံးသပ်ထားခြင်းဖြစ်သည်။ ယင်းတို့သည် အားလုံးက ဥရောပအနွယ်များဖြစ်သော လူပေါင်း ၇၈,၀၀၀ ၏ အချက်အလက်များကို စုစည်းထားခြင်းဖြစ်သည်။့ ရှိရန် အထောက်အကူပြုနိုင်သည်ဟု ဆိုသည်။
#Credit Elevens