အပျိုကြီး ရဲ့ လျို့ဝှက်ခလုတ်
ပဲ အရမ်းများတဲ့ အပျိုကြီး တစ်ယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင် အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့
အသက် ၅၀ ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူမရှိတော့ဘူး
ဒါနဲ့ နောက်ဆုံး ရှားရှားပါးပါး ၁၆ နှစ်သား ကောင်လေး ချစ်သူ တစ်ယောက်ရလိုက်တယ် ။။
**-**
တိုတိုပြောရရင်
ကောင်လေး ရဲ့ချိန်ဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို
အပျိုကြီး တစ်ယောက် ရောက်လာပါတော့တယ် ။
ဒါနဲ့ကန်ဘောင် မြက်ခင်းပေါ် စကားစပြော
တစ်ယောက်နဲ့တစ်ယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့—–
ထီးလေးကွယ်ရင်း ကောင်လေးက
အပျိုကြီး ကို အနမ်း တွေပေးပြီး အရမ်းဖက်ထားတော့တယ်
*******
ပြသနာ က အဲ့မှာ စပြီ
အပျိုကြီး တစ်ယောက် ရည်းစားမထားခဲ့ဖူးဘူးတော့
ရှက်သွေးတွေဖျာ နေတော့တယ် ။
အဆိုဆုံးက ညက အပျိုကြီး တစ်ယောက် TV ကြည့်ရင်း ပဲကြီးလှော် စားခဲ့တယ် ။
မနက်လာခါနီးတော့ ကြက်ဥပြုတ် လေးလည်းစားခဲ့မိတော့ အပျိုကြီး ခမျာ ဗိုက်က ရစ်ပြီး လေလည်ချင်တော့တာပဲ ။
ကောင်လေးကလည်း အပျိုကြီး ကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး ။
ဒါနဲ့ အပျိုကြီး တစ်ယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါကျလာတော့တယ်
ကောင်လေးကလည်း တင်းကြပ်စွာဖက်ထားတော့
အပျိုကြီး တစ်ယောက် အံကြိတ်နှုတ်ပိတ်ယုံဖြင့်မကပဲ
အခြေအနေမဟန်တော့မှန်း သိတော့
သူရဲ့ခြေမလေး ပါ အားအကုန် ကွေးထားတော့တယ်
ဒါကို ကောင်လေး က အလိုက်မသိပဲ
ကွေးထားတဲ့ အပျိုကြီး ရဲ့ခြေမလေး ကို မြင်တော့
“ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေး တွေကို
ဘာလို့ ကွေးထားတာလဲပြောတော့”
အပျိုကြီး ခမျာ အံကြိတ် ချွေးသီချွေးပေါက်ကျရုံမကပဲ
မျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်
(ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ )
ဒါနဲ့ကောင်လေးကို မပြောမဆိုနှင့်
ကွေးထားတဲ့ အပျိုကြီး ရဲ့ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်
“ဗူးးးးးးးးးးးးးးးးးး”
ပွတ်
(သွားပီ လေလည်သံက အကျယ်ကြီးနှင့် အရှည်ကြီး
အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်)
အပျိုကြီး ခမျာ အရှက်ဗြမ်းဗြမ်းကွဲပြီ
ခေါင်းလည်းမဖော်ဝံ့တော့ပါ
ဒါနဲ့ ကောင်လေး ခမျာဘာလုပ်လို့ လုပ်ရမှန်းမသိ
အပျိုကြီး မရှက်အောင်လို့ ဤသို့ပြောမိပြောရာ စကားတစ်ခွန်း ပြောထွက်လိုက်တော့သည်
“စောရီး ချစ်မရီးရယ် မရှက်ပါနဲ့
ဒီခလုတ်က
အီးခလုတ် မှန်းမသိလို့ပါ မှားနှိပ်မိတာ
နောက်မနှိပ်တော့ဘူးနော် ” ဟူ၍ ပြောချတော့သည်
စိတ်ညစ်စရာတွေခဏတာမေ့ပြီး ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ
#Credit lwinpyin