Update News
recent

အခွန်ဆောင်ရမယ်ဆိုတဲ့ ဂယက်ကြောင့် အွန်လိုင်းမှာဈေးရောင်းချသူ နည်းလာနိုင်


 အခွန်ဆောင်ရမယ်ဆိုတဲ့ ဂယက်ကြောင့် အွန်လိုင်းမှာဈေးရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းသမားတွေ ဈေးရောင်းချတာ နည်းပါးလာနိုင်ပါတယ်။ အဲဒီသတင်းကိုတော့ ကြားတယ်၊ ဟုတ်မဟုတ်ကတော့မသိ သေးဘူး၊ ဟုတ်တယ်ဆိုရင်တော့ အွန်လိုင်းရှော့ပင်းလုပ်တဲ့သူတွေ နည်းသွားမယ်၊ ပြီးတော့ အခွန်ဆောင်တယ်ဆိုရင်လဲဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆောင်ရတာလေ၊ အပြင်မှာ လုပ်ငန်းလုပ်နေတဲ့သူ တွေတောင် အခွန်ရှောင် တာတွေရှိတာကို အွန်လိုင်းပေါ်မှာ ရောင်း တာတွေကိုရော ကြပ်ကြပ်မတ်မတ် လုပ်နိုင်ပါ့မလား၊ အဲဒါက  တစ်ခုရှိတယ်၊ ဘက်ပေါင်းစုံကနေတော့ စဉ်းစားသင့်ပါတယ် အွန် လိုင်းမှာ အခွန်ကောက်ဖို့ကိစ္စကိုလို့ facebook advertiser ကို အောင်ဟိန်းက ပြောပါတယ်။
အွန်လိုင်းမှာ အခွန်ဆောင်ရမယ်ဆိုရင်လည်း ဆောင်မယ့်သူ တွေရှိသလိုမဆောင်တဲ့သူတွေလည်း ရှိလာနိုင်ပါတယ်။ အွန်လိုင်းရှော့ပင်းဆိုတာကို ပုံသေဘယ်လောက်ရပါမယ်ဆိုတာ သတ်မှတ်လို့မရဘူး၊ ဘာလို့ဆိုတော့ ရောင်းရတာတွေလဲရှိသလို မရောင်းရတဲ့နေ့တွေလဲရှိတယ်၊ အဲဒီလိုဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ကို ဆောင်ခိုင်းတယ်ဆိုရင်တော့ ပုံသေသတ်မှတ်ပြီး ဆောင်ခိုင်းလို့ တော့ မရဘူးလို့ အွန်လိုင်းမှာဈေးရောင်းချသူ မကေကေက ပြောပါတယ်။
အွန်လိုင်းမှာ ဈေးရောင်းချတဲ့အခါမှာ ဆိုင်ခန်းခတွေမပေးရတာတွေ၊ ဝယ်ယူသူတွေဆီကနေငွေ ကြိုတင်တောင်းပြီးဝယ်ယူလို့ရ တာကြောင့် အိတ်ထဲကနေ မစိုက်ရဘဲ စီးပွားရှောလို့ရတာမို့ အွန်လိုင်းရှော့ ပင်းလုပ်သူတွေများပြားလာတာဖြစ်ပါတယ်။ သည်လိုမျိုး အခွန် တကယ်ကောက်မယ်ဆိုရင်လည်း ကောက်ခံမယ့်သူတွေက အမှန်တကယ် ကြပ်ကြပ်မတ်မတ်ကောက်နိုင်မှ အဆင်ပြေနိုင်မှာ ဖြစ်တယ်။ လက်ရှိအချိန်မှာတော့ တချို့ပေ့ခ်ျတွေဆိုရင်ဖျက်သွား တာတွေပါ ရှိလာတယ်လို့ သိရပါတယ်။
#Credit Kumudra
aung  yein chan

aung yein chan

Powered by Blogger.