ဗြိတိန်အစိုးရသည် ယခု သီတင်းပတ် အစောပိုင်းက ဖြစ်ပွားခဲ့သော မန်ချက်စတာ အသေခံဗုံးခွဲမှုကြောင့် တိုးမြှင့်ခဲ့ရသည့် အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို မေ ၂၇ ရက်က ပြန်လည်လျှော့ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ဗြိတိန်ရဲတပ်ဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်ညက အသေခံဗုံးခွဲသူ ဆယ်မန်အဘတ်ဒီအား စီစီတီဗီက ရိုက်ကူးထားမှုများကို ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဗြိတိန်ရဲတပ်ဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်ညက အသေခံဗုံးခွဲသူ ဆယ်မန်အဘတ်ဒီအား စီစီတီဗီက ရိုက်ကူးထားမှုများကို ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို သေရေးရှင်ရေး အခြေအနေမှ ပြင်းထန်သော အခြေအနေသို့ လျှော့ချလိုက်သည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ကြေညာခဲ့ခြင်း ဖြစ်သည်။ မေ ၂၂ ရက်က ပေါ့ဂီတဖျော်ဖြေပွဲ တစ်ခုတွင် လူငယ်ပရိသတ်များအား ပစ်မှတ်ထား လုပ်ဆောင်ခဲ့သည့် ဗုံးခွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးထားနိုင်ခဲ့ပြီဟုလည်း မေက ပြောကြားခဲ့သည်။
#Credit Elevens