အဆိုတော်မလေး အာရီယာနာ ဂရန်ဒီဟာ ဒီတစ်ပတ်အစောပိုင်းက သူ့ပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှု ခံရတာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်မှာ ပရဟိတဖျော်ဖြေပွဲတစ်ခု ပြုလုပ်မှာဖြစ်ကြောင်း သောကြာနေ့က ကြေညာ ပါတယ်။
နာမည်ကျော်အဆိုတော်မလေးဟာ တွစ်တာမှာ သောကြာနေ့က ရှည်လျားတဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့ပြီး မန်ချက်စတာမှာ ပွဲထပ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
“ကျွန်မရဲ့စိတ်နှလုံး၊ ကျွန်မရဲ့ဆုတောင်းနဲ့ အနက်ရှိုင်းဆုံးကိုယ်ချင်းစာစိတ်တွေက မန်ချက်စတာတိုက်ခိုက်မှုမှာ သေဆုံးသူတွေနဲ့ သူတို့ရဲ့ချစ်ခင်သူတွေနဲ့ တထပ်တည်းရှိပါတယ်”လို့ သူက ထုတ်ပြန်ချက်အဖွင့်မှာaရးထားပါ တယ်။

“ကျွန်မတို့ လုပ်နိုင်တာက ဒီဖြစ်ရပ်ကြောင့် ကျွန်မတို့ အထိနာမလား၊ ဒါမှမဟုတ် ကျွန်မတို့ဘ၀တွေကို ဒီအထဲက ဆွဲထုတ်မလားလို့ ရွေးချယ်ဖို့ဖြစ်ပါတယ်” လို့ တွစ်တာမှာ ဆက်ရေးထားပါတယ်။ “ကျွန်မ ပရိသတ်တွေနဲ့ ရှင်တို့အားလုံးကို ပြီးခဲ့တဲ့တစ်ပတ်လုံး အမြဲမပြတ်သတိရနေပါတယ်။ ဒီဖြစ်ရပ်ကို ရှင်တို့ကိုင်တွယ်ဖြေရှင်းပုံဟာ စိတ်အားတက်ကြွစရာ ကောင်းပြီး ရှင်တို့အတွက် ကျွန်မ သိပ်ဂုဏ်ယူပါတယ်”
ဂရန်ဒီ(၂၃ နှစ်)က သူ့ပွဲပြန်ကျင်းပမယ့်ရက်ကို အတိအကျမပြောခဲ့ပါဘူး။
ဂရန်ဒီ(၂၃ နှစ်)က သူ့ပွဲပြန်ကျင်းပမယ့်ရက်ကို အတိအကျမပြောခဲ့ပါဘူး။
တနလာင်္နေ့ညက မန်ချက်စတာအားကစားကွင်းမှာ သူ့ပွဲပြီးပြီးချင်း ဗုံးပေါက်ကွဲတဲ့အတွက် လူ ၂၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။
Author – စုပြည့်စုံ
ref: UPI, May 27th
ref: UPI, May 27th