Update News
recent

အရပ် 3 ပေ 6 လက်မသာရှိတဲ့ ဂျပန်နိုင်ငံက နာမည်ကျော် အပြာမင်းသား


အာရှတိုက်မှာ အပြာဇာတ်ကားအများဆုံးထုတ်လုပ်ရေး လုပ်ငန်းများတည်ရှိရာ ဂျပန်နိုင်ငံမှာ အပြာဇာတ်ကား သရုပ် ဆောင်တွေဟာ ၀င်ငွေခိုင်မာကြပြီး၊ လူနေမှုအဆင့်အတန်းလည်း မြင့်မားကြတယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံမှာ အမျိုးသားသရုပ်ဆောင်ထက် အမျိုးသမီးသရုပ်ဆောင်က အစမတန်ပိုများနေလို့ မကြာသေးခင်ကမှ တက်သစ်စ အမျိုးသားသရုပ်ဆောင်တွေ ခေါ်နေရတဲ့အထိပါဘဲ။
ဒါ့အပြင် အမျိုးသားတစ်ယောက်ရဲ့ သရုပ်ဆောင်ကြေးဟာ အမျိုးသမီးသရုပ်ဆောင်ထက် အဆမတန်များပြားနေတယ်လို့ ဆိုပါတယ်။ အခု အပြာဇာတ်ကားတွေထဲမှာ နေရာရပြီး နာမည်ကျော်ဘ၀ကို ရောက်နေတဲ့ Kohey Nishi ကတော့ အရပ် 3 ပေ 6 လက်မသာရှိပြီး၊ အတူသရုပ်ဆောင်တဲ့ အမျိုးသမီးတွေရဲ့ သားအရွယ်သာ ရှိပါတယ်။
Kohey Nishi ဟာ ယခင်က ကွန်ပျူတာပရိုဂရမ်မာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူ ဖြစ်ပြီး၊ အခုဆိုရင် အပြာဇာတ်ကားတွေကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးထုတ်လုပ်နေသလို၊ ကိုယ်တိုင်လည်း ၀ါရင့်သရုပ် ဆောင်ကြီး ဖြစ်နေပါပြီ။
Nishi ကို အပြာဇာတ်ကား လောကထဲ စွဲခေါ်လာခဲ့သူကတော့ လက်ရှိအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲ အသက် 58 နှစ်အရွယ် မင်းသားကြီး Ganari Takahashi ဖြစ်ပါတယ်။ Nishi က ” အရွယ်ရောက်ပြီး ကလေးနဲ့တူတဲ့ အပြာသ ရုပ်ဆောင်ဆိုလို့ ကျနော်ကလွဲပြီး နောက်ထပ် မရှိနိုင်တော့ပါဘူး” လို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။
Nishi ဟာ မွေးဖွားစဉ်က သာမန်သာ ဖြစ်ခဲ့ပေမယ့် မူလတန်းကျောင်းသား အရွယ်လောက်မှာ ကြီးထွားမှုရပ်တန့်တဲ့ရောဂါ
Mucopolysaccharidosis ကို ခံစားခဲ့ရပါတယ်။ သူဟာ အဲဒီရောဂါကြောင့် အချိန်အကြာကြီး ရပ်တန့်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် ဇာတ်ကားတိုင်းလိုလိုမှာ သူဟာ အိပ်လျှက်သာ သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
READ အဆိပ်အတောက်ပါသည့် ဆန်အရက် သောက်မိပြီး လူ ၁၀ ဦးသေဆုံး
Nishi က ဒီလောကထဲကို ၀င်လာစဉ် သူရဲ့အခက်အခဲကိုလည်း ပြန်ပြောခဲ့ပါသေးတယ်။ သူက “ပြောရရင် ကျနော့်ရဲ့အ ခြေအနေက ဘာမှလှုပ်ရှားနိုင်ခြင်း မရှိပါဘူး … နောက် လူတွေဒီလောက် အများကြီးရှိတဲ့ ရိုက်ကွင်းထဲမှာ အလွယ်တကူ ထောင်မက်ဖို့ဆိုတာ အတော်ခက်ပါတယ် .. “လို့ ပြောခဲ့ပါတယ်။
Nishi ဟာ လက်ရှိအချိန်မှာ အသက် 24 နှစ်သာ ရှိသေးပြီး၊ ဒီလုပ်ငန်းကို ပင်ကိုယ်ကတည်းက ၀ါသနာပါလို့ ၀င်ရောက်ခဲ့ တာဖြစ်ကြောင်း၊ ငွေရေးကြေးရေးအဓိက မဟုတ်ကြောင်း၊ သူရဲ့ သရုပ်ဆောင်မှုတွေဟာ လူမှုအဖွဲ့အစည်းတစ်ခုအ တွင်းမှာ ကောင်းမွန်တဲ့သက်ရောက်မှုတစ်ခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
source : thesun.co.uk
Credit: လင်းဇော်ကို (Shwemom
aung  yein chan

aung yein chan

Powered by Blogger.