Update News
recent

ခရမ်းပြာမြန်မာညစ်ညမ်းဇာတ်ကားဖန်တီးသူများကို Viberဌာနေကိုယ်စားလှယ်များနှင့် ပူးပေါင်းဖော်ထုတ်မည်ဟုဆို


ခရမ်းပြာအမည် ဖြင့် မြန်မာညစ်ညမ်းဗီဒီယိုကား ဖန်တီးသူများကို Viber ဌာနေကိုယ်စားလှယ်များနှင့် ပူးပေါင်း ဖော်ထုတ်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
‘‘မြန်မာနိုင်ငံမှာလည်း ကျွန် တော်တို့ Viber ကိုယ်စားလှယ် တွေရှိပါတယ်။ ကျွန်တော်တို့နဲ့ လည်းအခါအားလျော်စွာ လိုအပ် ရင် လိုအပ်သလို ဆက်သွယ်တာ တွေရှိပါတယ်။ ဖော်ထုတ်သွားဖို့ လုပ်နေပါတယ်။ အခုအချိန်ထိတော့ စုံစမ်းစစ်ဆေးဆဲပေါ့’’ဟု ၎င်းက ပြောသည်။
ဧပြီ ၂၈ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရသစ် တစ်နှစ် ပြည့်ဆောင်ရွက်ချက်များသတင်း စာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ထို့အပြင် ယင်းကိစ္စကို CIDအား အထူးတာဝန်ပေးထားကာ ယင်းဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်သည် သူနာပြုဝတ်စုံကို ၀တ်ဆင်ထား၍ သူနာပြုကောင်စီက သက်ဆိုင်ရာနယ်မြေ၌ အမှုဖွင့်ထားသည်ဟု ဦးဇော်ဌေးက ပြောသည်။
သက်ဆိုင်ရာနယ်မြေရဲစ ခန်းဟုသာ ပြောဆိုပြီး နေရာကိုမူ အတိအကျပြောဆိုခြင်းမရှိပေ။ ယင်းညစ်ညမ်းဗီဒီယိုကားကို Art of Myanmar Production ဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်စာမျက်နှာက ဇန်န၀ါရီ ၂၄ ရက်တွင် ဖြန့်ချိခဲ့ပြီး ကျပ်တစ်သောင်းဖြင့် ဇာတ်ကားအပြည့်အစုံကို Viber မှတစ်ဆင့်ရောင်းချနေသည်။‘‘ဒီမိုကရေစီမှာ လွတ်လပ် စွာပြောပိုင်ခွင့်ရှိတယ်။ ဆိုပိုင်ခွင့် ရှိတယ်ဆိုသော်ငြားလည်း ဒီလို ဟာတွေထွက်လာတဲ့အချိန်မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖြောင့်ဖြောင့် ကြီးဆန့်ကျင်နေတယ်ပေါ့။ ဆန့် ကျင်နေတော့ ဥပဒေအရ ငြိစွန်း တဲ့ အချက်အလက်တွေအများ ကြီးရှိပါတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။
#Credit 7Days
aung  yein chan

aung yein chan

Powered by Blogger.