Update News
recent

MRTV ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဟက်ကာများ၏ နှောင့်ယှက်မှုကြုံခဲ့ရ


 မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၏ MRTV ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဟက်ကာအဖွဲ့အ စည်းတစ်ခုက ဧပြီ ၂၉ ရက်နေ့ လယ်ကနှောင့်ယှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
MRTV ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဟက်ကာများသမဂ္ဂဥက္ကဋ္ဌဆိုသူက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသား ချက်တစ်ရပ်ကို ပို့စ်တင်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးက သ တင်းထုတ်ပြန်သည်။ MRTVဖေ့စ်ဘွတ်ခ်စာမျက်နှာကို မွန်းလွဲ ၂ နာရီခွဲခန့်က စတင်၍ဟက်ကာများ၏ နှောင့်ယှက်မှုကို ကြုံခဲ့ရပြီး အထက်ပါ ပို့စ်ကို ညနေ ၃နာရီကျော်တွင် ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
အဆိုပါဟက်ကာများကို ဖော်ထုတ်နိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားကြောင်း နိုင်ငံပိုင်သတင်း ဌာနက ကြေညာခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၏ MRTV ဖေ့စ်ဘွတ်ခ်ကို Like ပြုလုပ်ထားသူအရေအတွက် ခြောက်သန်းကျော်ရှိသည်။
#Credit 7days
aung  yein chan

aung yein chan

Powered by Blogger.