အလှပြင်ဆိုင်တွင် ယာဉ်မောင်းအဖြစ်ခေါ်ထားသူအ
မျိုးသားက အလှဖန်တီးရှင်ထံမှ ငွေကျပ်သိန်း ၃၀ အလစ်သုတ် ထွ က်ပြေးမှုတခု မန္တလေး၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အလှဖန်တီးရှင် ဂန္ထဝင် (ခ) ကိုအောင်ထွန်းကျော်သည် မိမိ၏အလုပ်အတွက် ဒရိုင်ဘာလိုအပ်သဖြင့် အွန်လိုင်း မှတဆင့် မိတ်ဆွေဖြစ်လာသူ ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်နေ ကြည်ခိုင် (မှတ်ပုံတင်မရှိ) အား လွန်ခဲ့သော ရက် ၂၀ ခန့်က ခေါ်ယူခန့်ထားခဲ့ကြောင်း၊ မတ် ၂၁ ရက်နေ့တွင် ဂန္ထ၀င်၏ညီဖြစ်သူ မန္တလေးတွင် ဈေးဆိုင်ဖွင့်ထားသူမှ ရွှေထည်ပြု လုပ်ရန် ငွေကျပ် သိန်း ၃၀ အား ၎င်းအား လာရောက်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် ရွှေထည်ပစ္စည်းအပ်နှံရန် ၀ိန့်စိန်ရွှေ ဆိုင်သို့ မသွားခင် မိမိ၏တပည့်ဖွင့်လှစ်ထားသော မဟာမြတ်မုနိဘုရားကြီးအနီးရှိ အလှပြင်ဆိုင်တခုသို့ ၀င်ရောက်စဉ် ကြ ည်ခိုင်မှ ကျပ်သိန်း ၃၀ ပါ ငွေထုပ်အား ယူဆောင်ထွက်ပြေားသွားခဲ့ကြောင်း ကာယကံရှင်က ပြောကြားသည်။
“သူ့ကို ကားမောင်းပေးဖို့ ခေါ်ထားခဲ့တာပါ။ သူ့မှာ မှတ်ပုံတင်မရှိဘူးဆိုလို့ သူ့အဖေနဲ့ ဖုန်းပေးပြောတုန်းကတောင် မှတ်ပုံ တင်လုပ်ပေးဖို့ကိစ္စတွေ ဘာတွေတောင် ပြောဖြစ်သေးတယ်။ ရက် ၂၀ လောက်ပဲရှိပါသေးတယ်။ ကျွန်တော် အလှပြင် သွားရင် ခြင်းတောင်းတွေဘာတွေလည်း ဆွဲပေးတယ်။ လူက ခပ်အေးအေးပါ”ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် ကြည်ခိုင်၏မိဘများနေထိုင်ရာ ပခုက္ကူမြို့သို့ သွားရောက်ရှာဖွေရာတွင်လည်း ကြည်ခိုင် ပြန်ရောက်မလာ ဟူ၍ မိသားစုဝင်များက ပြောကြောင်း၊ ထို့ကြောင့် ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) နယ်မြေရဲစခန်းကို သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ရဲစခန်းမှ (ပ)၁၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စိုင်းထူးခန့်
News Watch
News Watch