‘‘ကြားဖြတ်ရွေးကောက်ပွဲ မှာတော့ ပါဝင်ဖို့မရှိပါဘူး။ ကျွန် တော်က ကားအက်ဆီးဒင့်ဖြစ် ထားတော့ ခါးနာတာရယ်၊ သင်္ကြန် အတွက် အလုပ်တွေရှုပ်နေတာ ရယ်ကြောင့် အဲဒီဘက်ကို မလှည့် နိုင်တော့ဘူး။ ခါးထိသွားတာက အခု
နည်းနည်းတော့ သက်သာ လာပါပြီ’’ဟု ဗေလုဝက ပြော ကြားသည်။ ယခုနှစ် သင်္ကြန်အတွက် သရုပ်ဆောင်ဗေလုဝဦးဆောင်၍ ‘မြန်မာပြည်နိဒါန်း’အမည်ဖြင့် သံချပ်ပြိုင်ပွဲကိုလည်း စီစဉ်နေပြီး ကိုယ်တိုင်ပါဝင်ဖျော်ဖြေမည်ဖြစ်
ကြောင်း သိရသည်။
‘‘သင်္ကြန်ကိုတော့ သံချပ် ပြိုင်မယ်။ ကိုယ်တိုင်ခေါင်းဆောင် အဖြစ်ပါမယ်။ သံချပ်အကြောင်း အရာကတော့ တစ်တိုင်းပြည်လုံး အကြောင်းအရာပါပဲ။ ဦးဗေရဲ့ အပြင်ကမိတ်ဆွေအဖွဲ့သားတွေ နဲ့ပေါ့’’ဟု ဗေလုဝက ပြောသည်။
၂၀၁၇ အတွင်း ၎င်းပါဝင် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများ ရုံတင်ရန်ရှိ၍ လာမည့် နှစ် အကယ်ဒမီအတွက်လည်း ရင်ခုန်မှုရှိနေကြောင်း ၎င်းက ပြော ကြားသည်။
‘‘ဒီနှစ်အကယ်ဒမီကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီပေါ့။ ဒါပေမဲ့ အောင်မြင်စွာ ပြီးဆုံးတာ နဲ့အတူ အောင်မြင်စွာ အမှိုက်တွေ လည်း အများကြီးကျန်ခဲ့တယ်။ ဒီ နှစ်မှာ တချို့ဆုတွေကျန်ခဲ့တာက သူတို့ ဆုံးဖြတ်တာပေါ့လေ။
ပေး ရလောက်တဲ့ အရည်အသွေးမရှိ လို့လည်းနေမယ်။ သူတို့မူပေါ့။ လာမယ့်နှစ်ကတော့ ပြောလို့မရ ဘူး။ ကိုယ်ပါဝင်ထားတဲ့ ရုပ်ရှင် တွေလည်းရှိတော့ ရင်ခုန်မှုရှိပါ တယ်။ အဓိကကတော့ အကယ် ဒမီမှန်းတယ်၊ မမှန်းဘူးဆိုတာ ထက် ကိုယ့်ကားလေးက သန့်ဖို့ပဲ လိုပါတယ်။ အကယ်ဒမီကြောင့် ရိုက်တာလည်းမဟုတ်ပါဘူး’’ဟု ဗေလုဝက ပြောသည်။

သရုပ်ဆောင်ဗေလုဝသည် ဖေဖော်ဝါရီ ၁၂ ရက်က စာပေ ဟောပြောပွဲကျင်းပမည့် ဖားကန့် မြို့နယ် ဝှေခါကျေးရွာသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဝင်နှစ်ဦးနှင့်အတူ သွားရောက်စဉ် မြစ်ကြီးနား-ဖားကန့်သွားလမ်း ကာမိုင်းမြို့ သွန်ဘုန်းခနှင့် လက် ဝါးကျေးရွာကြားတွင် ယာဉ်တိမ်း မှောက်ရာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
#Credit 7Days