Update News
recent

တူႏွစ္ကိုယ္ၿမဲ ေရႊလက္တြဲဖို႕



#Zawgyi
မင္းသြင္ေက်ာ္(ပဲခူး)
တစ္ေန႔တြင္ ကၽြန္ေတာ္၏ေဗဒင္ေဟာခန္းသို႔ ကၽြန္ေတာ္ႏွင့္ အလြန္မတန္မွရင္းႏွီးေသာ ကုိ၀င္းမင္း သန္းႏွင့္ မစုိးစုိးတို႔ ဇနီးေမာင္ႏွံ ေရာက္လာၾကပါ သည္။ ကၽြန္ေတာ္က -
““ဒီလင္မယားႏွစ္ေယာက္ ေပ်ာက္ခ်က္သား ေကာင္းလွခ်ည္လား ..၊ ခုမွပဲ ေတြ႕ရေတာ့တယ္”” ဟုေျပာလုိက္လွ်င္ ကုိ၀င္းမင္းသန္းက -
““လူကပဲေပ်ာက္တာပါဆရာရယ္ ...၊ စိတ္ ကေတာ့ မေပ်ာက္ပါဘူး ...၊ လာမယ္လာမယ္လုပ္ ရင္း မလာျဖစ္တာ ...””ဟု ျပန္၍ေျပာေလသည္။ ထုိအခါ မစုိးစုိးက -
““လာမယ္ ..လာမယ္လို႔ စိတ္ကူးတာက ကၽြန္မ ဆရာေရ ...၊ သူ႕ေၾကာင့္မလာျဖစ္တာ”” ဟု ေျပာလွ်င္ ကုိ၀င္းမင္းသန္းက -
““ေအာင္မယ္ ...မဟုတ္ဘူးဆရာ ...၊ ကၽြန္ေတာ္က ဆရာ့ဆီသြားမယ္ဆုိရင္ သူက ဘာ ကိစ္ၥရွိေသးလို႔ ေန႔ေရႊ႕၊ ညေရႊ႕လုပ္လို႔ မလာျဖစ္တာ သူ႕ေၾကာင့္ ...””ဟု ျပန္၍ ေျပာေလသည္။ ထုိသို႔ ျဖင့္ ထုိလင္မယားသည္ သူ႕ေၾကာင့္င့ါေၾကာင့္ႏွင့္ အျပန္အလွန္ေျပာၾကရင္း ကၽြန္ေတာ္၏ေရွ႕မွာပင္ စကား ထမ်ားၾကေလေတာ့သည္။ ထုိသို႔စကားမ်ား ရင္း ကုိ၀င္းမင္းသန္းက -
““အဲဒါပဲဆရာေရ ...၊ ဆရာ့ဆီကုိ မလာ ျဖစ္တဲ့အေၾကာင္းကေတာ့ အဲဒါပဲ ...၊ အခုဆရာ ေတြ႕တဲ့အတုိင္းပဲ ကၽြန္ေတာ္တို႔လင္မယားႏွစ္ေယာက္ ဟာေလ ေတာ္ေတာ္လည္း ခ်စ္ၾကပါတယ္ ...၊ ဒါေပမဲ့ မ်က္ႏွာခ်င္းဆုိင္လို႔ကုိမရဘူးဆရာရယ္၊ ေန႔တုိင္းလိုလို ဘာမဟုတ္တာေလးေတြနဲ႔ ရန္သတ္ ေနၾကလို႔ အိမ္နီးခ်င္းေတြကေတာင္ ဖုိက္တာလင္ မယားလို႔ နာမည္ေပးထားၾကတယ္ ...၊ ၿပီးေတာ့ လူႀကီးေတြကလည္း ဗုဒ္ၶဟူးနဲ႔ တနဂၤေႏြမုိ႔လို႔ မတည့္ တာလို႔ ေျပာေနၾကတယ္ ...၊
မတည့္ဘူးဆုိရင္လည္း အခုမွေတာ့ မတည့္ လို႔မရေတာ့ဘူးေလဆရာရဲ႕ ...။ ကေလးလည္း ႏွစ္ေယာက္ရွိေနၿပီ ...၊ ဘေၾကာင့္မတည့္တည့္ တည့္ေစတဲ့နည္းေလး မရွိဘူးလား ...””ဟု ေမး ေသာေၾကာင့္ ကၽြန္ေတာ္လည္း ထုိလင္မယား၏ အျဖစ္ကုိၾကည့္၍ တခစ္ခစ္ရယ္ရင္း -
““အိမ္ေထာင္ဦးစီးက ဗုဒ္ၶဟူးသားဆုိေတာ့က တူႏွစ္ကုိယ္ၿမဲေစဖို႔ ခင္ဗ်ားတို႔အိမ္ရဲ႕ ေတာင္ဘက္ အရပ္တစ္ေနရာမွာ ဆီးပင္တစ္ပင္သာ စိုက္ထား လုိက္ေပေတာ့ဗ်ဳိ႕ ...””ဟု ေျပာျပလုိက္ရပါေတာ့ သည္။
က်န္ေသာဇနီးေမာင္ႏွံမ်ားလည္း အိမ္ေထာင္ ဦးစီး၏ေန႔သားအလုိက္ တူႏွစ္ကုိယ္ၿမဲေစေသာ သစ္ ပင္စုိက္နည္းကေလးကုိ ေဖာ္ျပလုိက္ရပါသည္။
မင္းသြင္ေက်ာ္(ပဲခူး)
________________________________________________________________________
#Unicode
မင်းသွင်ကျော်(ပဲခူး)
တစ်နေ့တွင် ကျွန်တော်၏ဗေဒင်ဟောခန်းသို့ ကျွန်တော်နှင့် အလွန်မတန်မှရင်းနှီးသော ကို၀င်းမင်း သန်းနှင့် မစိုးစိုးတို့ ဇနီးမောင်နှံ ရောက်လာကြပါ သည်။ ကျွန်တော်က -
““ဒီလင်မယားနှစ်ယောက် ပျောက်ချက်သား ကောင်းလှချည်လား ..၊ ခုမှပဲ တွေ့ရတော့တယ်”” ဟုပြောလိုက်လျှင် ကို၀င်းမင်းသန်းက -
““လူကပဲပျောက်တာပါဆရာရယ် ...၊ စိတ် ကတော့ မပျောက်ပါဘူး ...၊ လာမယ်လာမယ်လုပ် ရင်း မလာဖြစ်တာ ...””ဟု ပြန်၍ပြောလေသည်။ ထိုအခါ မစိုးစိုးက -
““လာမယ် ..လာမယ်လို့ စိတ်ကူးတာက ကျွန်မ ဆရာရေ ...၊ သူ့ကြောင့်မလာဖြစ်တာ”” ဟု ပြောလျှင် ကို၀င်းမင်းသန်းက -
““အောင်မယ် ...မဟုတ်ဘူးဆရာ ...၊ ကျွန်တော်က ဆရာ့ဆီသွားမယ်ဆိုရင် သူက ဘာ ကိစ်္စရှိသေးလို့ နေ့ရွှေ့၊ ညရွှေ့လုပ်လို့ မလာဖြစ်တာ သူ့ကြောင့် ...””ဟု ပြန်၍ ပြောလေသည်။ ထိုသို့ ဖြင့် ထိုလင်မယားသည် သူ့ကြောင့်င့ါကြောင့်နှင့် အပြန်အလှန်ပြောကြရင်း ကျွန်တော်၏ရှေ့မှာပင် စကား ထများကြလေတော့သည်။ ထိုသို့စကားများ ရင်း ကို၀င်းမင်းသန်းက -
““အဲဒါပဲဆရာရေ ...၊ ဆရာ့ဆီကို မလာ ဖြစ်တဲ့အကြောင်းကတော့ အဲဒါပဲ ...၊ အခုဆရာ တွေ့တဲ့အတိုင်းပဲ ကျွန်တော်တို့လင်မယားနှစ်ယောက် ဟာလေ တော်တော်လည်း ချစ်ကြပါတယ် ...၊ ဒါပေမဲ့ မျက်နှာချင်းဆိုင်လို့ကိုမရဘူးဆရာရယ်၊ နေ့တိုင်းလိုလို ဘာမဟုတ်တာလေးတွေနဲ့ ရန်သတ် နေကြလို့ အိမ်နီးချင်းတွေကတောင် ဖိုက်တာလင် မယားလို့ နာမည်ပေးထားကြတယ် ...၊ ပြီးတော့ လူကြီးတွေကလည်း ဗုဒ်္ဓဟူးနဲ့ တနင်္ဂနွေမို့လို့ မတည့် တာလို့ ပြောနေကြတယ် ...၊
မတည့်ဘူးဆိုရင်လည်း အခုမှတော့ မတည့် လို့မရတော့ဘူးလေဆရာရဲ့ ...။ ကလေးလည်း နှစ်ယောက်ရှိနေပြီ ...၊ ဘကြောင့်မတည့်တည့် တည့်စေတဲ့နည်းလေး မရှိဘူးလား ...””ဟု မေး သောကြောင့် ကျွန်တော်လည်း ထိုလင်မယား၏ အဖြစ်ကိုကြည့်၍ တခစ်ခစ်ရယ်ရင်း -
““အိမ်ထောင်ဦးစီးက ဗုဒ်္ဓဟူးသားဆိုတော့က တူနှစ်ကိုယ်မြဲစေဖို့ ခင်ဗျားတို့အိမ်ရဲ့ တောင်ဘက် အရပ်တစ်နေရာမှာ ဆီးပင်တစ်ပင်သာ စိုက်ထား လိုက်ပေတော့ဗျို့ ...””ဟု ပြောပြလိုက်ရပါတော့ သည်။
ကျန်သောဇနီးမောင်နှံများလည်း အိမ်ထောင် ဦးစီး၏နေ့သားအလိုက် တူနှစ်ကိုယ်မြဲစေသော သစ် ပင်စိုက်နည်းကလေးကို ဖော်ပြလိုက်ရပါသည်။
မင်းသွင်ကျော်(ပဲခူး)
aung  yein chan

aung yein chan

Powered by Blogger.