#Zawgyi
______________________________________________________________________
#Unicode
မင်းဟန်ငွေ(အယူတော်မင်္ဂလာ)
ဤလောကတွင် လူအများစုတို့သည် လက်္ခဏာပညာရပ်ကို စိတ်ဝင် စားလေ့ရှိကြပါသည်။ လက်္ခဏာပညာကို ၀ါသနာမပါသူများပင်လျှင် လက်္ခဏာ အကြောင်းတစ်ခုခုကို ကြားလိုက်ပါက မိမိ၏လက်ဝါး ကိုဖြန့်၍ ကြည့်လေ့ရှိကြပါလိမ့်မည်။ နီးစပ်ရာတစ် ဦးဦး၏လက်ကိုလည်း ဆွဲယူ ကြည့်ရှုပေးတတ်ကြပါလိမ့်မည်။ ကျွန်တော်မှတ်သားထားသော လက်္ခဏာ ဗဟုသုတများတွင် -
သောကြာဂြိုဟ်ခုံပေါ်၌ တြိဂံအမှတ်အသားကလေးပါရှိနေသော်
မိမိ၏ချစ်သူက ဘာပဲလုပ်လုပ် အပြုံးမပျက်၊ သဘောတကျ ကျဖြင့် ရှိတတ်သော လူစားမျိုးဖြစ်ပါသည်။ ချစ်သူ ဘာကို ပဲလုပ်လုပ် အပြစ်မမြင်ဘဲ အကောင်းမြင်တတ်သူဖြစ်ပါသည်။ အချစ်အတွက်ဆိုလျှင် ဘာကိုပဲလုပ်ရလုပ်ရဆိုသော လူစားမျိုး ဖြစ်တတ်ပါသည်။ ချစ်သူ၏မျက်နှာ တစ်ချက်ကလေး အညိုး မခံလေ့ရှိသူများ ဖြစ်တတ်ပါသည်။
မင်းဟန်ငွေ(အယူတော်မင်္ဂလာ)