ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းမြန်မာလုပ်သားတွေအတွက် သင်္ကြန်ပွဲတော်ကာလ နားရက်အထူးအခွင့်အရေးအဖြစ် ထိုင်းနိုင်ငံအစိုးရက ၂၅ ရက်အထိ တိုးမြှင့်ကာ နေရပ်ပြန်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ယခုနှစ်သင်္ကြန်ပွဲတော်ကာလ ဧပြီ ၅ ရက်မှ ၃၁ ရက်အထိ နားရက်အဖြစ် ၂၅ ရက် ခွင့်ပေးပြီး အဆိုပါကာလအတွင်း နေရပ်ပြန်မယ့် ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူတာတွေ မပြုလုပ်ဖို့ သဘောတူ ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောထားကြောင်း 7Day Daily သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
‘ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း ၁၄.၃.၂၀၁၇ တွင် ထုတ်ပြန်ခဲ့သည့် ၀န်ကြီးများရုံးမှ ထုတ်ပြန်ကြေညာချက်အရ ပတ်စ်ပို့နှင့် ပန်းရောင်ကတ်ကိုင် ဆောင်ထားသော မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ရိုးရာ အတာသင်္ကြန်ပွဲတော် ဆ င်နွှဲရန် ပြန်လည်ဝင်ရောက်ရာတွင် အဆင်ပြေချောမွေ့စေရန် ၅ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗီဇာဆိုင်ရာ အထွေထွေကုန် ကျစရိတ်များကို ကင်းလွတ်ခွင့်ပြုသည်။ မည်သို့ သော အခွန်အခများကိုမဆို ပေးဆောင်ရန်မလိုပါ’ လို့ ထိုင်းအစိုးရ က မဲဆောက်မြို့နဲ့ မြ၀တီမြို့သို့ ဆက်သွယ်ထားတဲ့ တံတားမှာ ဆိုင်းဘုတ်တပ်ဆင်ကာ အသိပေးထားတာ ဖြစ်ပါတယ်။
‘‘ကက်ဘိနက်အစည်းအဝေးမှာ ပြန်လည်ခွင့်ပြုလိုက်တာ။ ၂၅ ရက် နေရပ်ပြန်ဖို့ တိုးပေးလိုက်တာ။ ဒီနှစ်က အထူးအ ခွ င့်အရေးအနေနဲ့ ပေးလိုက်တာလို့ပြောပါတယ်။ အရင်နှစ်တွေကသင်္ကြန်ရုံးပိတ်ရက် ငါးရက်ပဲ ပိတ်တာလေ။ အဲဒီရက်မှာ မြန်မာလုပ်သားတွေ ပြန်လို့ရတယ်ပေါ့။
ကိုယ့်မှာရှိတဲ့ အထောက်အထားတစ်ခုပြရင်ရပါတယ်။ ပြန်မယ်ဆိုရင်လည်း ဖမ်းဆီးအရေးယူတာတွေ မလုပ်ဘူးလို့ပြော ထားပါတယ်’’ လို့ ဦးမိုးအောင်ခိုင်က ပြောထားကြောင်းလည်း သိရပါတယ်။
ထိုင်းအစိုးရဟာ မတ်လ ပထမပတ်က သတင်းထုတ်ပြန်ရာမှာ မြန်မာလုပ်သားတွေ သင်္ကြန် ပြန်ဖို့ ခွင့်ရက်ကို ဧပြီ ၁၀ ရက်မှ ၃၀ ရက်အထိ စုစုပေါင်း ၂၀ ရက်သာ ပြန်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
နေရပ်ပြန်မယ့် မြန်မာလုပ်သားတွေဟာ နယ်စပ်ဂိတ်ပေါက်ကသာ ဖြတ်သန်းရမှာဖြစ်ပြီး ပြန်လည်ဝင်ရောက်လာပါက အဆိုပါဂိတ်မှသာ ၀င်ရောက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photos & Source: 7Day Daily
Credit to Duwun
Credit to Duwun