Apple ရဲ့ iPads ပရိတ်သတ်များအတွက် မကြာခင်မှာ iPads သစ်များ ဈေးကွက်ထဲရောက်လာတာကို တွေ့ ရတော့မှာပါ။ ထူးခြားမှုတစ်ခုအနေနဲ့ အရောင်အသစ်နဲ့ ထွက်လာမယ့် iPhone 7 နဲ့  128GB ရှိတဲ့ iPhone SE တို့ ကိုလည်း မတ်လ ၂၉ ရက်နေ့  အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မှာ ကျင်းပမယ့်ပွဲမှာ တွေ့ ရဖို့ ရှိနေပါတယ်။Apple ဟာ ယခုနှစ် ပထမ သုံးလပတ်အတွင်း iPad စီးရီးများထဲမှ ၁၂.၉ လက်မ ၊ ၁၀.၅ လက်မ ၊ ၉.၇ လက်မ နဲ့ ၇.၉ လက်မ အရွယ် iPad လေးမျိုးလေးစား ထုတ်ဖော်ပြသသွားဖို့ ရှိတယ်လို့ Macotakara ဂျပန်သတင်းဌာနက ဆိုပါတယ်။ ၁၂.၉ လက်မ နဲ့ ၉.၇ လက်မမော်ဒယ်တွေကတော့ လက်ရှိ iPad Pro စီးရီးထဲမှာ ထုတ်နေတဲ့ ထုတ်ကုန်တွေ ဖြစ်ပြီး ၁၀.၅ လက်မမော်ဒယ်ကတော့ မော်ဒယ်သစ်ဖြစ်ပြီး ၇.၉ လက်မမော်ဒယ် iPad ကတော့ အရင် iPad Mini အစား အသစ်ထပ်ရောက်လာတဲ့ မော်ဒယ်တစ်ခု ဖြစ်ပါတယ်။
၁၀.၅ မော်ဒယ် iPad မှာ Apple Pencil ပါ သုံးလို့ ရဖွယ် ရှိပါတယ်။ အနီးအဝေး zooming ဆွဲကြည့်တာမျိုးမှာ အဆင့်မြင့်မြန်ဆန်တဲ့ ရုပ်ထွက်နည်းပညာသုံးသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပိုပြီး သဘာဝကျကျ ကြည့်လို့ ရအောင် အလင်းအမှောင်ကို လိုသလို ချိန်ညှိပေးသွားမယ့် True Tone display နဲ့ Live photos များနဲ့ 4K ဗွီဒီယိုရိုက်ကူးမှုများအတွက်လည်း 12MP iSight ကျောဘက်ကင်မရာ ၊ 5MP ရှိတဲ့ Retina Flash ပါရှေ့  ဘက် FaceTime HD ကင်မရာလည်း ပါရှိမယ်လို့ ခန် မှန်းထားပါတယ်။
ထွက်လာမယ့် iPad မျက်နှာပြင် ၉.၇ မော်ဒယ်မှာ smart connector ကို ဖြုတ်သွားမယ်လို့ ကြားနေရပါတယ်။ တကယ်လို့ သာ smart connector ကို ဖြုတ်သွားရင် ပညာရေးကဏ္ဍမှာ သုံးဖို့ အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး။ တစ်ဆင့်ခံ third party ဘလူးတုသုံးတာထက် ကီးဘုတ်သုံးလို့ ရတာက ပိုပြီးအသုံးဝင်သလို အဆင်လည်း ပြေမှာပါ။ ဈေးနှုန်းအနေနဲ့ ၆၇၉ ဒေါ်လာကနေ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့့်အထိရှိမယ်လို့ ခန့် မှန်းထားကြပါတယ်။ ဒီမော်ဒယ်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို အပြည့်အစုံသိရဖို့ လာမယ့် မတ်လပွဲအထိ စောင့်ဆိုင်းသွားရမှာ ဖြစ်ပါတယ်။မျက်နှာပြင်အသေးစား ၉.၇ လက်မနဲ့ ထွက်လာမယ့် iPad မှာ A9 processor တစ်ခုပါရှိလာမှာ ဖြစ်ပြီး တစ်ခြားမျက်နှာပြင်အရွယ် နှစ်မျိုးကတော့ A10X chips ကို သုံးသွားမယ်လို့ သိရပါတယ်။ Apple ရဲ့ ဘဏ္ဍာရေးရှင်းတမ်းအရ နောက်ဆုံးသုံးလပတ်ထဲမှာ iPad ရောင်းအားကျဆင်းနေခဲ့တာ ဖြစ်ပြီး အလုံးရေ ၁၃.၁ သန်းနဲ့ ၁၉% အထိ ရောင်းအားကျသွားပါတယ်။ ရောင်းရငွေ ဒေါ်လာ ၅.၅ ဘီလျံရှိပြီး အမြတ်ငွေ ၂၂% ကျဆင်းသွားတာပါ။
၇.၉ လက်မမော်ဒယ် iPad Pro မှာတော့ စပီကာလေးလုံးပါရှိလာမှာ ဖြစ်ပြီး နောက်ဘက်ကင်မရာအဖြစ် 12MP သုံးထားပြီး Smart Connectore နဲ့ True Tone display ကို သုံးထားပါတယ်။ iPad Pro အားလုံးမှာ နားကြပ်ပေါက်ကိုယ်စီ ပါရှိမှာ ဖြစ်ပါတယ်။ iPad Pro မှာ viruses မဝင်နိုင်အောင် လုံခြုံမှုရှိပြီး ဝိုင်ဖိုင်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာသလို သုံးရတာလည်း ပိုမိုမြန်ဆန်မှုရှိမယ်လို့ သိရပါတယ်။ တစ်ခြားသတင်းတစ်ရပ်အရ Apple ဟာ သိုလှောင်အားအမြင့်စား ဖြစ်တဲ့ 128GB ရှိတဲ့ iPhone SE ဗားရှင်းသစ်ကို ထုတ်သွားဖို့ ရှိသလို အနီရောင်ဗားရှင်းသစ် iPhone 7နဲ့ 7 Plus တို့ ကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ နောက်ထပ် မိတ်ဆက်သွားမယ့် Apple ထုတ်ကုန်တစ်မျိုးကတော့ Apple Watch တံဆိပ်သစ်ကိုပါ ပြသသွားမှာ ဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဒီပွဲမှာ Samsung ကလည်း သူ့ ရဲ့ Galaxy S8 စမတ်ဖုန်းကို မိတ်ဆက်တင်ပြသွားမှာ ဖြစ်လို့ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေမှာ ဖြစ်ပါတယ်။
#Credit Duwun