Update News
recent

ကလေးသူငယ်ဆိုင်ရာ မှုခင်း များအတွက် အခမဲ့ ရှေ့နေလိုက်ပေးမည့် စီမံချက် မန္တလေး တွင် စတင်မည်


#Zawgyi
မန္တလေး တိုင်းအတွင်း ရှိ ကလေးသူငယ်ဆိုင်ရာ မှုခင်း များတွင် တရားဥပဒေစိုးမိုးမှုရှိစေ ရန် ကလေးငယ်များဘက်က အခမဲ့ ရှေ့နေ လိုက်ပေးမည့် စီမံချက်ကို လာမည့်မတ်လကုန်၌ စတင် ဆောင်ရွက်မည်ဟု ကလေးသူ ငယ်အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်သည့် အရပ်ဘက်အ ဖွဲ့အစည်း ဒုတိယရေသောက်မြစ် အဖွဲ့မှ သတင်းရရှိသည်။
‘‘ကလေးသူငယ်ကို အခြေခံ ပြီး တရားဥပဒေစိုးမိုးမှုရှိစေဖို့အ တွက် ဆောင်ရွက်သွားမှာပါ။ က လေးသူငယ်နဲ့ ပတ်သက်ပြီး အမှု ရင်ဆိုင်နေရပြီဆိုရင် ဘယ်လို အမှုမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘက်က အခမဲ့ရှေ့နေလိုက်ပေး မှာ ဖြစ်ပါတယ်’’ဟု ဒုတိယရေသောက်မြစ်အဖွဲ့တည်ထောင် သူ ဦးအောင်သူရက ပြောသည်။
အဆိုပါစီမံချက်ကို မန္တလေးတိုင်းရှိ ရှေ့နေအသင်းအဖွဲ့များ ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး ကလေးသူငယ်နှင့် ပတ်သက် သည့် အမှုရင်ဆိုင်ခြင်းများကို အခမဲ့ရှေ့နေလိုက်ပေးမည့်အပြင် တရားရေးမဏ္ဍိုင်နှင့် ပတ်သက်၍ဖြစ်ပွားနေသည့် အခြေအနေများ ကို စစ်တမ်းကောက်ယူကာ ရရှိ လာသည့်အချက်များကို တိုင်း အစိုးရအဖွဲ့သို့ တွေ့ဆုံဆွေးနွေး တင်ပြမည် ဖြစ်သည်။
‘‘ကလေးသူငယ်နဲ့ ပတ်သက်ပြီး ရှေ့နေလိုက်ပေးတာကိုတော့ မတ်လကုန်လောက်စသွားမယ်။ တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူတာကိုတော့ တစ်နှစ်လောက်အချိန်ယူပြီးတော့ အချက်အလက်တွေ စုဆောင်း သွားမှာ ဖြစ်ပါတယ်’’ဟု ဦးအောင်သူရက ပြောသည်။
လက်ရှိတွင် ကလေးသူငယ် များနှင့် ပတ်သက်၍ မန္တလေးတိုင်းအတွင်း အများဆုံးတွေ့ရသည့် အမှုများမှာ ခိုးမှုနှင့် သက်ငယ်မုဒိမ်းမှုများဖြစ်ကြောင်း ဒုတိယရေသောက်မြစ်အဖွဲ့က ပြောသည်။
ဒုတိယရေသောက်မြစ်အဖွဲ့ သည် ၂၀၁၆ ဒီဇင်ဘာက မန္တလေး မြို့တွင် ကလေးလုပ်သားများ၏ ဘ၀မှန်ကို လေ့လာဆန်းစစ်ခြင်း ဆွေးနွေးပွဲပြုလုပ်ကာ ကလေး လုပ်သားများနှင့် ပတ်သက်သော သုတေသနစစ်တမ်းတစ်ခုကို တိုင်းအစိုးရအဖွဲ့နှင့် ကလေးသူ ငယ်ဆိုင်ရာအရပ်ဘက်အဖွဲ့အ စည်းများသို့ တင်ပြခဲ့ပြီး သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်သည့် စစ်တမ်းကောက်ယူရန် စီစဉ် လျက်ရှိသည်။
Credit: 7Day
aung  yein chan

aung yein chan

Powered by Blogger.