အမ်ိဳးသားစာၾကည့္တိုက္(ရန္ကုန္)ကို ျပည္သူမ်ား အလြယ္တကူသြားလာႏုိင္သည့္ၿမိဳ႕လယ္သို႔ ေျပာင္းေရႊ႕မည္
#Zawgyi
အမ်ိဳးသားစာၾကည့္ တိုက္ (ရန္ကုန္)ကုိ ျပည္သူမ်ား အလြယ္တကူ၀င္ထြက္သြားလာ ႏိုင္သည့္ ေနရာသို႔ ေျပာင္းေရႊ႕ ေပးရန္္ ညိႇႏိႈင္းအစည္းအေ၀းကုိ ဇူလိုင္ ၂၈ ရက္တြင္ ႏုိင္ငံေတာ္ သမၼတအိမ္ေတာ္၌ ျပဳလုပ္ခဲ့ ေၾကာင္း သတင္းရရွိသည္။
လက္ရွိအမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္)တည္ရွိရာ ကမၻာေအးဘုရားလမ္းမႀကီးမွ ရန္ကုန္ၿမိဳ႕လယ္ေကာင္ ပန္းဘဲတန္းၿမိဳ႕နယ္၊ ကုန္သည္လမ္းရွိအေဆာက္အအံု၊ အမွတ္ (၆၀၄/ ၆၀၈) သို႔ ေျပာင္းေရႊ႕မည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတ႐ံုးက သတင္းထုတ္ျပန္သည္။
‘‘ၿမိဳ႕ထဲက သြားရလာရလြယ္ မယ္။ လူအမ်ားစုက သြားတဲ့ေန ရာျဖစ္တယ္။ အဲဒီနားမွာ ႐ံုးေတြ လည္းရွိတယ္။ အကယ္၍ဒီေနရာ ေတြမွာ ေစာင့္ဆုိင္းေနရမယ့္အ စား စာၾကည့္တုိက္ကို လာၿပီးေလ့ လာလို႔ရမယ္။ ၿမိဳ႕ထဲျဖစ္ေတာ့ စာၾကည့္တုိက္လာခ်င္တဲ့သူေတြ အတြက္ ထင္သာျမင္သာလည္းရွိ တယ္။ ေရာက္ဖုိ႔လည္း လြယ္ကူ တယ္။ အေဆာက္အအံု အေနနဲ႔ ေရွးေဟာင္းအေဆာက္အအံုျဖစ္ တဲ့အတြက္ သူ႔ရဲ႕ တန္ဖိုးကလည္း ရွိတယ္’’ဟု အမ်ိဳးသားစာၾကည့္ တိုက္ (ရန္ကုန္)မွ ၫႊန္ၾကားေရး မွဴး ေဒၚျမျမဦးက ေျပာသည္။
ယင္းကဲ့သုိ႔ အမ်ိဳးသားစာ ၾကည့္တိုက္(ရန္ကုန္)ကုိ ေျပာင္း ေရႊ႕ဖြင့္လွစ္ႏုိင္ေရး ႏုိင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္ထံ ရန္ကုန္ တကၠသုိလ္ ဗဟိုစာၾကည့္တိုက္မွဴး ဆရာဦးေသာ္ေကာင္းက ၿပီးခဲ့ သည့္ ေမလ ၁၂ ရက္တြင္ စာတစ္ ေစာင္ေရးသားေပးပုိ႔ခဲ့သည္။
အမ်ိဳးသား စာၾကည့္တုိက္ (ရန္ကုန္)တြင္ စာအုပ္စာတမ္း ေပါင္း ၁၇၂,၅၅၆၊ စာနယ္ဇင္း စုစုေပါင္း ၄၃၅,၅၈၀ ေက်ာ္၊ ေပ ပုရပိုက္ ၁၂,၃၂၃၊ လက္ေရးစာ ၃၄၅၊ ရွားပါးစာစု ၂၅,၄၆၈ ႏွင့္ အျခားစာစုမ်ားကို စုေဆာင္းထား ရွိၿပီး ျပည္သူမ်ားကုိ စာေပ၊ ယဥ္ ေက်းမႈ၊ သမိုင္းစသည့္ ပညာရပ္ ဆုိင္ရာ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားအတြက္ ၀န္ေဆာင္မႈ လုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ ထားသည္။
အမ်ိဳးသားစာၾကည့္တိုက္ကုိ ရန္ကုန္ၿမိဳ႕ႏွင့္ ေနျပည္ေတာ္တို႔ တြင္ ဖြင့္လွစ္ထားၿပီး အမ်ိဳးသား စာၾကည့္တုိက္ခဲြ (ရန္ကုန္)ကို ျပည္လမ္းရိွ အမ်ိဳးသားျပတုိက္၌ ၂၀၁၅ ဇန္န၀ါရီ ၂၀ ရက္ကစတင္ဖြင့္လွစ္ခဲ့သည္။
‘‘ဒီအေဆာက္အအံုကုိ အ မ်ိဳးသားစာၾကည့္တုိက္အတြက္ ေနရာသစ္တစ္ခုအေနနဲ႔ အသံုး ျပဳျခင္းဟာ ရန္ကုန္ၿမိဳ႕လယ္ကုိ ျပဳျပင္ဆန္းသစ္ျခင္းမွာ ႀကီးမားတဲ့ေျခလွမ္းတစ္ခုျဖစ္ပါတယ္။ ဒါ့ အျပင္ ၿမိဳ႕ေနလူထုနဲ႔ စီးပြားေရး လုပ္ငန္းမ်ားအတြက္ အက်ိဳးေက်းဇူးမ်ားေစမွာလည္းျဖစ္ပါတယ္။ ဒါဟာ သင္ၾကားျခင္းနဲ႔ တီထြင္ ဖန္တီးျခင္းတို႔ရဲ႕ ဗဟုိအျဖစ္ ရန္ ကုန္ၿမိဳ႕လယ္ကို ေဖာ္ေဆာင္ရာ မွာ အဓိကအပုိင္းတစ္ခုျဖစ္ေနပါ လိမ့္မယ္’’ဟု ရန္ကုန္ၿမိဳ႕ျပအေမြ အႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ ေရးအဖြဲ႕ဥကၠ႒ ေဒါက္တာသန္႔ ျမင့္ဦးကလည္း ေျပာသည္။
_________________________________________________________________________
#Unicode
အမျိုးသားစာကြည့် တိုက် (ရန်ကုန်)ကို ပြည်သူများ အလွယ်တကူဝင်ထွက်သွားလာ နိုင်သည့် နေရာသို့ ပြောင်းရွှေ့ ပေးရန်် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၈ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။
လက်ရှိအမျိုးသားစာကြည့်တိုက် (ရန်ကုန်)တည်ရှိရာ ကမ္ဘာအေးဘုရားလမ်းမကြီးမှ ရန်ကုန်မြို့လယ်ကောင် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိအဆောက်အအုံ၊ အမှတ် (၆၀၄/ ၆၀၈) သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။
‘‘မြို့ထဲက သွားရလာရလွယ် မယ်။ လူအများစုက သွားတဲ့နေ ရာဖြစ်တယ်။ အဲဒီနားမှာ ရုံးတွေ လည်းရှိတယ်။ အကယ်၍ဒီနေရာ တွေမှာ စောင့်ဆိုင်းနေရမယ့်အ စား စာကြည့်တိုက်ကို လာပြီးလေ့ လာလို့ရမယ်။ မြို့ထဲဖြစ်တော့ စာကြည့်တိုက်လာချင်တဲ့သူတွေ အတွက် ထင်သာမြင်သာလည်းရှိ တယ်။ ရောက်ဖို့လည်း လွယ်ကူ တယ်။ အဆောက်အအုံ အနေနဲ့ ရှေးဟောင်းအဆောက်အအုံဖြစ် တဲ့အတွက် သူ့ရဲ့ တန်ဖိုးကလည်း ရှိတယ်’’ဟု အမျိုးသားစာကြည့် တိုက် (ရန်ကုန်)မှ ညွှန်ကြားရေး မှူး ဒေါ်မြမြဦးက ပြောသည်။
ယင်းကဲ့သို့ အမျိုးသားစာ ကြည့်တိုက်(ရန်ကုန်)ကို ပြောင်း ရွှေ့ဖွင့်လှစ်နိုင်ရေး နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ ရန်ကုန် တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းက ပြီးခဲ့ သည့် မေလ ၁၂ ရက်တွင် စာတစ် စောင်ရေးသားပေးပို့ခဲ့သည်။
အမျိုးသား စာကြည့်တိုက် (ရန်ကုန်)တွင် စာအုပ်စာတမ်း ပေါင်း ၁၇၂,၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅,၅၈၀ ကျော်၊ ပေ ပုရပိုက် ၁၂,၃၂၃၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅,၄၆၈ နှင့် အခြားစာစုများကို စုဆောင်းထား ရှိပြီး ပြည်သူများကို စာပေ၊ ယဉ် ကျေးမှု၊ သမိုင်းစသည့် ပညာရပ် ဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များအတွက် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းထုတ်ပြန် ထားသည်။
အမျိုးသားစာကြည့်တိုက်ကို ရန်ကုန်မြို့နှင့် နေပြည်တော်တို့ တွင် ဖွင့်လှစ်ထားပြီး အမျိုးသား စာကြည့်တိုက်ခွဲ (ရန်ကုန်)ကို ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ၂၀၁၅ ဇန်နဝါရီ ၂၀ ရက်ကစတင်ဖွင့်လှစ်ခဲ့သည်။
‘‘ဒီအဆောက်အအုံကို အ မျိုးသားစာကြည့်တိုက်အတွက် နေရာသစ်တစ်ခုအနေနဲ့ အသုံး ပြုခြင်းဟာ ရန်ကုန်မြို့လယ်ကို ပြုပြင်ဆန်းသစ်ခြင်းမှာ ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့ အပြင် မြို့နေလူထုနဲ့ စီးပွားရေး လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစေမှာလည်းဖြစ်ပါတယ်။ ဒါဟာ သင်ကြားခြင်းနဲ့ တီထွင် ဖန်တီးခြင်းတို့ရဲ့ ဗဟိုအဖြစ် ရန် ကုန်မြို့လယ်ကို ဖော်ဆောင်ရာ မှာ အဓိကအပိုင်းတစ်ခုဖြစ်နေပါ လိမ့်မယ်’’ဟု ရန်ကုန်မြို့ပြအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့် မြင့်ဦးကလည်း ပြောသည်။
#Credit 7Days