အာကာသထဲမှာက ကမ္ဘာကြီးလို ဆွဲငင်အားမရှိပါဘူး။ လေဟာနယ်တစ်ခု ဖြစ်တာမို့လို့ အရာအားလုံးက လေထဲမှာ မျောလွင့်နေမှာပါ။ အခု လေ့လာရမယ့် အကြောင်းကတော့ အာကာသထဲမှာ ယာဉ်မှူးတွေ လက်ဆေးပုံ လက်ဆေးနည်း ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေရဲ့ ဘဝ နေထိုင်မှုက ကိုယ်တွေလို ကမ္ဘာပေါ်က လူမှုဘဝပုံစံနဲ့ မတူပါဘူး။ သူတို့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပုံတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ကနေဒီယန် အာကာသယာဉ်မှူး ခရစ် ဟတ်ဖီးလ် (Chris Hadfield) ကတော့ အာကာသယာဉ်တွင်း လက်ဆေးပုံလက်ဆေးနည်းကို အောက်မှာ သေချာ ရှင်းပြထားတာပါ။
အရင်ဦးဆုံး "No Rinse Body Bath Pouch Assy" လို့ ခေါ်တဲ့ အထူးပြုပြင်စီမံထားတဲ့ ရေလိုလို ဆပ်ပြာလိုလို အရည်ထုတ်ကလေးကို ယူလိုက်ပါမယ်။
လက်ပေါ်ကို မိမိ လိုသလောက် ညှစ်ထည့်လိုက်မယ်။
အရည်လုံးလေးအဖြစ် ထွက်လာပြိး သေချာ လက်နှစ်ဖက်နဲ့ လိုက်မဖမ်းထားရင် လေထဲလွင့်သွားမှာပါ။
ပြီးရင် ရေမလိုတဲ့ဆပ်ပြာနဲ့ လက်ဆေးသလိုသာ ဆေးလိုက်ရုံပါပဲ။ အောက်မှာတော့ အာကာသယာဉ်မှူး ခရစ် ဟတ်ဖီးလ် (Chris Hadfield) ရဲ့ ဗီဒီိယိုဖိုင်မှာ ကြည့်လို့လည်း ရပါတယ်။