Update News
recent

မန်ယူ - ဆောက်သမ်တန် ဗိုလ်လုပွဲမှာ သင်သတိမထားမိလိုက်တဲ့ ဖြစ်ရပ် (၅) ခု

သတိထားမိလိုက်သူနည်းတဲ့ ထူးခြားဖြစ်ရပ်တွေရှိပါတယ်။


ဆောက်သမ်တန်ကို အီဘရာဟီမိုဗစ်ခ်ျရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူကာ မန်ယူအသင်းက နည်းပြမော်ရင်ဟိုလက်ထက် ပထမဆုံးဖလားကိုတော့ ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လိဂ်ဖလား ဗိုလ်လုပွဲစဉ်မှာ မန်ယူအသင်းအတွက်တော့ အီဘရာဟီမိုဗစ်ခ်ျက သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ အတွင်းဆောက်သမ်တန်အသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့လို့ မန်ယူအခက်တွေ့ခဲ့တယ်ဆိုတာတော့ နည်းပြမော်ရင်ဟိုလည်း ဝန်ခံခဲ့ပါတယ်။ မန်ယူ ၃-၂ ဆောက်သမ်တန်ပွဲစဉ်အတွင်း သင်သတိမထားမိလိုက်တဲ့ အချက် (၅) ချက်ရှိပါတယ်။
၁။ လူမကျွံတဲ့ လူကျွံဂိုး
play

ပွဲချိန် ၁၁  မိနစ်မှာ ဆောက်သမ်တန်အသင်းက တိုက်စစ်မှူး ဂက်ဘီယာတီ ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတယ်ဆိုပြီး စည်းကြပ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။ ညာခြမ်းကပေး ဘောလုံးပေးပို့လိုက်ချိန်မှာ ဂက်ဘီယာတီက ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ ဘောလုံးပေးလိုက်တဲ့အချိန်မှာလူကျွံနေတာက ဂက်ဘီယာတီမဟုတ်ပဲ အခြားကစားသမားသာ ဖြစ်ပါတယ်။ စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဒီဂိုးသာ ရခဲ့မယ်ဆိုရင် အဖြေဟာတစ်မျိုးပြောင်းသွားနိုင်ပါတယ်။
၂။ နိုင်ငံတော်သီချင်းကို ဂရုမစိုက်တဲ့ ဘိုင်လီ
play

ဗိုလ်လုပွဲတို့ရဲ့ ထုံးစံအတိုင်း ပွဲမကစားခင်မှာ နိုင်ငံတော်သီချင်းကို အခမ်းအနားနဲ့ သီဆိုခဲ့ကြပါတယ်။ အိုင်ဗရီကို့စ်ကစားသမား ဘိုင်လီဟာ နိုင်ငံတော်သီချင်းဆိုနေစဉ် အချိန်အတွင်းမှာသတိဆွဲ ငြိမ်သက်နေရမှာ ဖြစ်ပေမယ့် သွေပူးလေ့ကျင့်ခန်း လုပ်နေခဲ့တာ တွေ့ရပါတယ်။
၃။ ဆုတံဆိပ်များပိုင်ရှင် ဇလေတန်
play

ဇလေတန်အတွက် ဒီဖလားဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ၃၂ ခုမြောက်ဆုတံဆိပ်ဖြစ်ပါတယ်။ ၂၈ ကိုက်အကွာက ဖရီးကစ်ဟာ ဒီရာသီ အီဘရာဟီမိုဗစ်ခ်ျ မန်ယူအသင်းအတွက် သွင်းယူပေးခဲ့တဲ့ ၂၄ ဂိုးမြောက် ဂိုးဖြစ်ပါတယ်။ ဇလေတန်ဟာ ဆုတံဆိပ်တွေ သိမ်းဆည်းဖို့ မွေးဖွားလာသူလို့ ဆိုရမှာဖြစ်ပါတယ်။
၎။ အဆိုတော် ခရေ့ခ်ျဒေးဗစ်
play

ဗြိတိန်နာမည်ကျော်အဆိုပါ ခရေ့ခ်ျဒေးဗစ်က အဆိုပါပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာပါ။ ကွင်းထဲမှာ ဒေးဗစ်က ဆောက်သမ်တန်အသင်း အင်္ကျီဝတ်ပြီးအားပေးနေတဲ့ ဓာတ်ပုံကို တွစ်တာပေါ် တင်လိုက်တဲ့အခါတော့မှပဲ ဒီဖြစ်ရပ်ကိုသတိထားမိကြတာပါ။ ဆောက်သမ်တန်အသင်းအတွက် ဒေးဗစ်အားပေးနေခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဝမ်းနည်းစရာဇာတ်လမ်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
၅။ ဒေးဗစ်ဘက်ခမ်း
play

ဒီလိဂ်ဖလား ဗိုလ်လုပွဲစဉ်ကို မန်ယူအသင်းကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းလည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ သူတစ်ယောက်တည်းမဟုတ်ပဲ သားသုံးဦးဖြစ်တဲ့ ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုဇ်တို့နဲ့ လာရောက်ကြည့်ရှုအားပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဘက်က တစ်ချိန်လုံးအားပေးနေခဲ့ပြီး အီဘရာဟီမိုဗစ်ခ်ျဂိုးသွင်းပြီးသွားတော့ သားအဖလေးယောက် အောင်ပွဲခံ လက်ခုပ်တီးခဲ့ကြပါတယ်။
#Credit Duwun
aung  yein chan

aung yein chan

Powered by Blogger.