Update News
recent

ရန်ကုန်မှာ ရေပြတ်တောက်မယ့် ၆ရက်တာအတွင်း ရေကူညီမယ့် ပရဟိတအဖွဲ့များ


ရန်ကုန်။ ဖေဖော်ဝါရီ ၂၈ – ရန်ကုန်မြို့မှာ ရေပေးဝေမှု ၆ ရက်ကြာပြတ်တောက်မယ့်မြို့နယ်တွေမှာ ပရဟိတအဖွဲ့တွေကနေ ရေအကူအညီပေးသွားမယ်လို့သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုမှ ၀ါးဒလယ်ကွန်ကရစ်ရေတံလျောက်အထွက်မြောင်းကြံ့ခိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းကို ပြုလုပ်မှာဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာ မတ်လ၁ရက်နေ့ မတ်လ၆ရက်နေ့အထိ ရေပြတ်တောက်မယ်လို့ကြေညာထားပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်( အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သာကေတ၊ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ဗဟန်း၊ဒဂုံ၊အလုံ၊စမ်းချောင်း၊ ကြည့်မြင်တိုင်တို့မှာ ရေပြတ်တောက်မူနဲ့ရေအားလျော့နည်းမှုများဖြစ်သွားမယ်လို့သိရပါတယ်။
” ကျွန်တော်တို့ ရှင်သန်ရေးကူညီမှုအသင်းကနေပြီးတော့ ရေပြတ်တောက်သွားမယ့် မြို့နယ်တိုင်းကို ရေပံ့ပိုးမှုတွေကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ရေဂါလံအများဆုံးဆန့်တဲ့ကားတွေရော၊ တစ်ချို့ကားဝင်လို့မရတဲ့နေရာတွေကို ကားသေးသေးလေးတွေနဲ့ဝင်လို့အောင် လက်လှမ်းမမှီတဲ့ နေရာတွေကို ရေပိုက်တွေတပ်ဆင်ပြီးတော့ကူညီပေးသွားမှာဖြစ်ပါတယ်”လို့ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းနဲ့ရန်ကုန်တိုင်းပရဟိတလူမှုကူညီရေးအသင်းဥက္ကဌ ဦးထွန်းထွန်းကပြောပါတယ်။

ရှင်သန်ရေးပရဟိတလူမှုကူညီရေးအသင်းက ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ရေပြတ်တောက်မယ့်နေရာတိုင်းကို ရှိသမျှရေကားအားလုံးနဲ့ ခြောက်ရက်တာအားလုံးကို လိုအပ်တဲ့မြို့နယ်တိုင်းမှာ ကူညီပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှင်သန်ရေးပရဟိတလူမူကူညီရေးအသင်းကိုဆက်သွယ်မယ်ဆိုရင် ဦးထွန်းထွန်းဦး- ဖုန်း ၀၉ ၇၇၇ ၈၈၈ ၄၆၆ ၊၀၉-၅၀ ၁၆၆ ၁၆ ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။
ဒဂုံမြို့နယ်မှာရှိတဲ့ ရွှေသန်လျင်ပရဟိတကူညီမှုအသင်းက ပရဟိတလူငယ်ပေါင်းသုံးဆယ်နဲ့ ရေပြတ်တောက်မဲ့နေရာတိုင်းကို ကူညီလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
” ရေပြတ်တောက်မယ့်မြို့နယ်၊နေရာတိုင်းကို ခြောက်လီတာဆံ့တဲ့ ရေဘူးတွေနဲ့ နေရာတိုင်းကို လိုက်ထရိုက်ကားနဲ့လိုအပ်လျှင်လိုသလိုမြို့နယ်တိုင်းကို ကူပေးသွားမှာဖြစ်ပြီး ကူညီပေးနိုင်ဖို့အတွက် လက်ရှိမှာတော့ဒဂုံဆိပ်ကမ်း၊တောင်ဒဂုံမှာရှိတဲ့ပရဟိတအဖွဲ့အစည်းအားလုံးနဲ့ပူးပေါင်းပြီးတော့ကူညီပေးသွားမှာဖြစ်ပါတယ်”ရွှေသန်လျင်ပရဟိတလူမှုကူညီရေးအသင်းဥက္ကဌဦးအောင်နိုင်ဝင်းကပြောပါတယ်။
ရွှေသန်လျင်ပရဟိတလူမူကူညီရေးအသင်းကို ဆက်သွယ်မယ်ဆိုရင် ဦးအောင်နိုင်ဝင်း-ဖုန်း-၀၉ ၄၃၀ ၆၅၅၄၃ ၊ ၀၉-၇၃၀ ၉၈၈၇၃ ၊ ၀၉ -၂၅၁၀ ၁၃၁၅၁ ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင် ရန်ကင်းမြို့သစ္စာလမ်းမှာရှိတဲ့ မိုးစေတနာပရဟိတလူမူကူညီရေးအသင်းကနေလည်း ရေအကူအညီပေးသွားမယ်လို့သိရပါတယ်။
” မိုးစေတနာပရဟိတလူမှုကူညီရေးအသင်းကနေပြီးတော့ ရေပြတ်တောက်မဲ့မြို့နယ်တွေကို ရေဂါလန်သုံးထောင်ငါးရာ ဆန့်တဲ့ ကားတွေ၊ တစ်ချို့လမ်းတွေဝင်လို့မရတဲ့နေရာတွေကို ရေဂါလန်ငါးရာ ဆန့်တဲ့ ကားတွေ ရေသွယ်လို့ရအောင် ပိုက်တွေနဲ့ကူညီပေးသွားမှာဖြစ်ပါတယ်”လို့ မိုးစေတနာပရဟိတလူမှုကူညီရေးအသင်းဥက္ကဌ ဒေါ်ခင်မြအေးကပြောပါတယ်။
ရန်ကင်းမြို့နယ်မှာရှိတဲ့ မိုးစေတနာပရဟိတကူညီမှုအသင်းက ပရဟိတလူငယ်ပေါင်း ခြောက်ဆယ်ကျော်နဲ့ရေပြတ်တောက်မယ့်မြို့နယ်တိုင်းကို ကူညီပေးသွားမယ်လို့လည်းသိရပါတယ်။ မိုးစေတနာ ပရဟိတအသင်းကိုဆက်သွယ်မယ်ဆိုရင် ဒေါ်ခင်မြအေး ဖုန်း- ၀၉ ၅၄၀ ၃၅၂၉ ကိုဆက်သွယ်နိုင်တယ်လို့သိရပါတယ်။
#Credit Kumudra
aung  yein chan

aung yein chan

Powered by Blogger.