Update News
recent

ငွေလဲကောင်တာများ လက်ဝယ်တွင် ဒေါ်လာ တစ်သောင်းထက် ပိုမထားရန် ဗဟိုဘဏ်က ညွှန်ကြား


#Zawgyi
ဘဏ်မဟုတ်သော  နိုင် ငံခြားငွေဝယ်ယူရောင်းချခွင့်လိုင် စင်ရယူထားသော ငွေလဲကောင် တာများအနေဖြင့် အများဆုံးအ မေရိကန်ဒေါ်လာတစ်သောင်းခန့် သာ လက်ဝယ်ထားရှိရန် ဇန်န၀ါရီ ၁၉ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားခဲ့သည်။
ဘဏ်မဟုတ်သော ငွေလဲ ကောင်တာလုပ်ငန်း လုပ်ကိုင် သည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လက်ဝယ်ထားရှိနိုင် သည့် နိုင်ငံခြားငွေပမာဏကို အ မေရိကန်ဒေါ်လာတစ်သောင်း(သို့ မဟုတ်) ယင်းပမာဏနှင့် ညီမျှသည့်အခြားသောနိုင်ငံများမှ ငွေပမာဏကိုသာ ထားရှိရမည်ဟု ဗဟို ဘဏ်က သတ်မှတ်သည်။
ထိုသို့ ငွေပမာဏကန့်သတ် သတ်မှတ်ရခြင်းသည် ဒေါ်လာ ဈေးမြင့်တက်လာမှုကိုထိန်းညှိနိုင် ရန်နှင့် ပြည်တွင်း၌ ဒေါ်လာအသုံး လျှော့ချနိုင်ရန်ဖြစ်နိုင်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
‘‘ဗဟိုဘဏ်က လက်ဝယ် ထားရမယ့် ငွေပမာဏ  လျော့ လိုက်တာ။ ငွေလဲကောင်တာတွေ အနေနဲ့ အခက်အခဲအများကြီးမရှိ နိုင်ပါဘူး။ လက်ရှိငွေလဲကောင် တာတွေက လက်လီဈေးကွက်ကို သာ ဒေါ်လာ အရောင်းအ၀ယ်အများဆုံး လုပ်နေတာပါ’’ ဟု Farmer Auto ငွေလဲကောင်တာ ပိုင်ရှင်ဒေါက်တာစိုးထွန်းကပြော ကြားသည်။
ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ လက်ဝယ် ထားရှိမှု ကန့်သတ်ရခြင်းသည် ပြည်တွင်း ဘဏ်များ၌ ဒေါ်လာ နည်းနေသည့်  အခြေအနေမျိုး လည်းဖြစ်နိုင်ကြောင်းစီးပွားရေး လုပ်ငန်းရှင်အချို့က ခန့်မှန်းပြော ကြားသည်။
ဗဟိုဘဏ်၏ ကြေညာချက် တွင် ဘဏ်မဟုတ်သောနိုင်ငံခြား ငွေဝယ်ယူရောင်းချလဲလှယ်ပေး သည့် လုပ်ငန်းလုပ်ကိုင်သူများ သည် နေ့စဉ်အရောင်းအ၀ယ်ပြု လုပ်ပြီးနောက် အများဆုံး လက် ၀ယ်ထားရှိနိုင်သည့် နိုင်ငံခြားငွေ လက်ကျန်ပမာဏထက်ပိုနေပါ က နောက်တစ်ရက်ဘဏ်ဖွင့်ချိန် တွင် ငွေလဲလှယ်လိုင်စင်ရ လုပ် ငန်းအမည်ဖြင့်ဖွင့်လှစ်ထားသော ဘဏ်စာရင်းသို့  ထည့်သွင်းရ မည်ဟု ထုတ်ပြန်စာ၌ ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာပမာဏ များစွာရောင်းဝယ်ခြင်းသည် ငွေ လဲကောင်တာများထက် ပုဂ္ဂလိကဘဏ်များတွင် ငွေစာရင်း လွှဲ ပြောင်းခြင်းဖြင့်သာ အရောင်းအ ၀ယ်ပြုလုပ်ခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆို သည်။
ပြည်တွင်း၌ ဒေါ်လာအသုံး လျှော့ချရန် ၂၀၁၆ ဒီဇင်ဘာအတွင်းကလည်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မိမိလက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက်နေသော ကုန်ပစ္စည်းများ  ၀ယ်ယူရောင်းချခြင်း၊ ၀န်ဆောင်မှုဆောင်ရွက်ရန် ပေးချေခြင်းနှင့် ဈေးနှုန်း ဖော်ပြခြင်းကိစ္စများကို နိုင်ငံခြားသုံးငွေဖြင့်  သတ်မှတ်ခြင်း၊ သုံးစွဲခြင်းများမပြုလုပ်ရန် ဗဟိုဘဏ်က စာထုတ်ထားသည်။
#Credit 7Days
aung  yein chan

aung yein chan

Powered by Blogger.