#Zawgyi
တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီ ကို ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံခဲ့သူ ၾကည္လင္းကို စစ္ေဆးထားခ်က္ ဆိုကာ လူမႈ ကြန္ရက္ မီဒီယာေတြမွာ ပ်ံ့ႏွံ႕ေနတဲ့ ရဲစစ္ခ်က္ စာ႐ြက္ေတြမွာ ပါဝင္တဲ့ အေၾကာင္းအရာေတြက မွန္ကန္ေၾကာင္း အမည္မေဖာ္လိုသူ ရဲအရာရွိ တဦးက ဧရာဝတီကို ေျပာျပပါတယ္။
ရဲတပ္ဖြဲ႕ အေနနဲ႕ တရားခံ စစ္ခ်က္ေတြကို တဖြဲ႕ထံမွ တဖြဲ႕ကို Viber နဲ႕ သတင္းပို႔ရင္း Hack ခံရတာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီလ်ိဳ႕ဝွက္စာ႐ြက္ေတြ အြန္ုလိုင္းေပၚကို ဘယ္လို ေရာက္ရွိသြားလဲဆိုတာကိုေတာ့ စစ္ေဆးေနၾကတယ္လို႔ အတြင္း သတင္းမ်ားအရ သိရပါတယ္။
အြန္လိုင္းမွာ ပ်ံ့ႏွံ႕ေနတဲ့ စစ္ခ်က္ အရ ထိုင္းနယ္စပ္ မွာ ေနထိုင္သူ ျမင့္ေဆြ ဆိုသူက ဦးကိုနီ ရဲ႕ ဓာတ္ပုံကို ေထာက္ျပၿပီး သတ္ေပးမည္ ဆိုပါက ကား ၁ စီး ေပးမည္ဟုဆိုကာ ေျပာဆိုခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခင္က ဘုရားခိုးမႈျဖင့္ ေထာင္က်ဖဴးေၾကာင္း၊ လုပ္ႀကံရာမွာ အသုံးျပဳခဲ့တဲ့ ေသနတ္ ၂ လက္ကိုလည္း ျမင့္ေဆြဆိုသူက ေပးခဲ့ျခင္ျဖစ္ေၾကာင္း တရားခံ စစ္ခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
စစ္ခ်က္ စာ႐ြက္ေတြဟာ စာမ်က္ႏွာ ၁၊ ၂၊ ၃ နဲ႕ ၆ သာ ပါရွိၿပီး အဓိက အခ်က္အလက္ေတြလို႔ ယူဆနိုင္တဲ့ ၄၊ ၅ စာမ်က္ႏွာေတြကေတာ့ လူမႈ ကြန္ရက္ စာမ်က္ႏွာေတြထက္မွာ ေဖာ္ျပျခင္း မရွိပါ။
ဒီစာ႐ြက္ေတြ ဘယ္သူ႕ဆီက စတင္ ပ်ံ့ႏွံ႕လာတယ္ဆိုတာေတာ့ ယခုခ်ိန္ထိ မသိရွိရေသးပါဘူး။
ေလဆိပ္ရဲတပ္ဖြဲ႕ကလည္း ၾကည္လင္းကို ျဖစ္ျဖစ္ခ်င္း ဇန္နဝါရီ ၂၉ ရက္ ညကပဲ ရဲတပ္ဖြဲ႕က ၿမိဳ႕နယ္႐ုံးကို ေခၚေဆာင္သြား ၿပီး ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ လက္ေအာက္မွာ ရွိတဲ့ ဌာနေပါင္းစုံ ပူးေပါင္း စစ္ေဆးေနတယ္လို႔ သိရပါတယ္။
________________________________________________________________________
#Unicode
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ ကြည်လင်းကို စစ်ဆေးထားချက် ဆိုကာ လူမှု ကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ရဲစစ်ချက် စာရွက်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေက မှန်ကန်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တဦးက ဧရာဝတီကို ပြောပြပါတယ်။
ရဲတပ်ဖွဲ့ အနေနဲ့ တရားခံ စစ်ချက်တွေကို တဖွဲ့ထံမှ တဖွဲ့ကို Viber နဲ့ သတင်းပို့ရင်း Hack ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလျို့ဝှက်စာရွက်တွေ အွန်ုလိုင်းပေါ်ကို ဘယ်လို ရောက်ရှိသွားလဲဆိုတာကိုတော့ စစ်ဆေးနေကြတယ်လို့ အတွင်း သတင်းများအရ သိရပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ စစ်ချက် အရ ထိုင်းနယ်စပ် မှာ နေထိုင်သူ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ထောက်ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က ဘုရားခိုးမှုဖြင့် ထောင်ကျဖူးကြောင်း၊ လုပ်ကြံရာမှာ အသုံးပြုခဲ့တဲ့ သေနတ် ၂ လက်ကိုလည်း မြင့်ဆွေဆိုသူက ပေးခဲ့ခြင်ဖြစ်ကြောင်း တရားခံ စစ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စစ်ချက် စာရွက်တွေဟာ စာမျက်နှာ ၁၊ ၂၊ ၃ နဲ့ ၆ သာ ပါရှိပြီး အဓိက အချက်အလက်တွေလို့ ယူဆနိုင်တဲ့ ၄၊ ၅ စာမျက်နှာတွေကတော့ လူမှု ကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြခြင်း မရှိပါ။
ဒီစာရွက်တွေ ဘယ်သူ့ဆီက စတင် ပျံ့နှံ့လာတယ်ဆိုတာတော့ ယခုချိန်ထိ မသိရှိရသေးပါဘူး။
လေဆိပ်ရဲတပ်ဖွဲ့ကလည်း ကြည်လင်းကို ဖြစ်ဖြစ်ချင်း ဇန်နဝါရီ ၂၉ ရက် ညကပဲ ရဲတပ်ဖွဲ့က မြို့နယ်ရုံးကို ခေါ်ဆောင်သွား ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်မှာ ရှိတဲ့ ဌာနပေါင်းစုံ ပူးပေါင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
#Credit Irrawaddy